စက္ကန့်ငယ်တွေကြားထဲမှာ စိတ် တစ်ခုရှိတယ်
အလင်းရောင်တွေရဲ့ ဖြစ်တည်မှုဟာ အမှောင်တစ်ခု ဖြစ်တယ်
ကောင်းကင်ရဲ မိုး ဟာ လိုတရ ပစ္စည်းတစ်ခု မဖြစ်နိုင်ရင်
တိမ်တွေဟာ ခုတ် ထစ် ခံ ထားရတဲ့ ရေ ပွက် အပိုင်းအစ
လက်ကိုင်အိမ်ထဲက ဓါးကို ဆွဲထုတ်လိုက်တယ်
ဘယ်သူကမှ ခန္ဒာကိုယ်မှာ ကျည်လွဲ ဆေးတွေ ထိုးသွင်းထားဖို့ အခွင့်အရေးမရှိ
့
ရပ်ကွက် ထဲက ဖျားနာဆေးစပ် ကျွမ်းကျင်တဲ့ ဆေးဆိုင်တစ်ဆိုင် ဟာ
အဆင့်မြင့်ဆေးရုံကြီးပေါ်က အသက်ကယ်ဆေး နဲ့ ညီမျှမှု ရှိမရှိ
စမ်းသပ် ကြည့်ဖို့ မလိုတဲ့ အရာ တွေက အစမ်းသပ်ခံ ဖြစ်ချင် ဖြစ်ချင် လိမ့်မယ်
ဘ၀ ပေါင်းဟာ ရှစ်သောင်းလေးထောင်ရှိတယ်/မရှိရင်လည်း ဖြစ်
အသွေးအသား အရောင်တွေကြေင့် လူ့အခွင့်အရေး ဆုံးရှုံးမှုကို
Google ကနေ ရိုက်ရှာပါ ၊
ခေါင်းစဉ်မတပ်ပဲ Facebook မှာ Note တင်ခွင့်မရှိခြင်းဟာ
ရွံ့ရှာစရာ အကောင်းဆုံး ချို့ယွင်း မှု ဖြစ်တယ်
လူ့အဖွဲ့အစည်းဟာ အရောင်တွေရဲ့ လွှမ်းမှိုးမှုကို မခံနိုင်ဘူး
ကျရှုံးတယ်..
နာကျင်မှုဟာ ၂၁ ရာစုအနုပညာကုန်ပစ္စည်း တစ်ခု
သတင်း နှင့် ဆက်သွယ်မှု ကွန်ယက်များဟာ မျက်ရည်ယို ဗုံးတစ်လုံးဖြစ်တယ်
နောက်ဆုံးပေါ် စိုးရိမ်စိတ် ကို မီးကွင်းတွေနဲ့ ပစ်ဖို့ ကြိုးစား ကြည့် ပါ
အလင်းရောင်တွေဟာ အလင်းရောင်လား.. နွေး ထွေး မှု လား .. လောက်မြှိုက်မှုလား..
မေးခွန်း ပေါင်း များ စွာဟာ အစီရင်ခံစာ တစ်စောင် ဖြစ်စေတယ်
အစီရင်ခံစာတွေဟာ တစ်စုံတစ်ရာကိုကာကွယ်နိုင်သလို တစ်စုံတစ်ရာကို ကယ်တင်နိုင်
ပြင်မရတော့တဲ့ အသက်ရူသံဟာ ဟိုတစ်စ ဒီတစ်စ
ဘယ်အခြမ်းက အသံတွေ စကြားရလဲ
အာဒံ၊ဧ၀ ကပဲ စစ ။လူသားဟာ မွေးဖွားလာကတည်းက
ဗြမ္မာကြီးတွေက ပဲ စစ။
အဆင့်မြင့် ချင်ပန်ဇီတွေရဲ့ ရွေ့လျားမှု များကပဲ စစ။
မေတ္တာတရားနဲ့ မညီမျှမှုကို အမွေရခဲ့တယ်။
မှူးသစ်
No comments:
Post a Comment