ဘ၀ဟာ စွန်းထင်းခံထားရတဲ့ အစွန်းအထင်းကလေးတွေလိုပေါ့
ဒီလိုနဲ့ပဲ နွေရာသီတွေထဲကို အလွယ်တစ်ကူ ပြုတ်ကျလာခဲ့တယ်
ရာသီဥတု လေးပါးစလုံးမှာ ကိုယ်စိတ်နှလုံးအရည်အသွေးတွေအားလုံးဟာ နောက်ကောက်ကျနေ
တစ်ယောက်ယောက်ကနေပြီး ဒီစက်ဝိုင်းတွေကို ဒီထက် ပိုမြန်အောင် လှည့်ပေးနေရင်ကောင်းမယ်
ခပ်တိုးတိုးလိုက်ဆိုမိနေတဲ့ ခတ်ပေါ်တေးသံတွေအလိုက် နာကျင်သမျှ ဘာတွေများ အစီစဉ်တကျရှိမလဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ပိတ်ထားတဲ့ သော့အိမ်ဟာ ဒီလိုနဲ့ပဲ သက်တမ်းတွေကို ကျော်လွန် ခဲ့လေပြီ
အရေပြားပေါ်ကနေ စာရွက်ပေါ် ကူးပြောင်းလာသော မှတ်တမ်းမှတ်ရာများ
မမေ့နိုင်တာတွေလည်း မေ့ခဲ့ဖူးပါပြီ တစ်ယောက်ယောက်က ဒီငယ်ဘ၀တွေ ပြန်ပေးလည်း
ကိုယ်ဆယ်ယူစရာ ကိုယ့် အိပ်မက်ဟာ ဘောင်ကျဉ်းကျဉ်းကလေးထက် ပိုမရှိတော့ဘူး
** လူရယ်ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီ စိတ်မှာ
ပြန်လည်လျှော်ဖွတ်မရတော့ဘူး
ဘ၀က ညစ်ပတ်တယ် **
အချိန်တွေဟာ သီချင်းတွေနားထောင်တယ် ကဗျာတွေရေးတယ် နီတိတွေကိုဆန့်ကျင့်တယ်
အမှတ်အသားတွေကို စွန့်ခွါတယ်. လမ်းဘေး ကဖေးဆိုင်ကလေးတွေကို ရွေးခြယ်ဖြစ်တယ်
ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....
အကျအရှုံးတွေနဲ့ နေသားတကျ.. လိုအပ်တာတွေထက် ပိုပြီးလိုအပ်နေလဲ မလိုအပ်သလို နေထိုင်
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမရတော့တဲ့ စိတ်ရောဂါဟာ
လူ့သက်တမ်းမှာ ကိုယ်ရေးဖြစ်တဲ့ သမိုင်းအစွန်းအထင်းကလေးတွေ့ပေါ့
မနက်ဖြန်တွေဟာ ဖြစ်သလိုပဲ ရောက်လာပါစေတော့လို့ ခဏခဏတွေးဖြစ်တဲ့ နေ့ဟောင်းနေ့ရက်များ
ဒီလိုနဲ့ပဲ အိပ်မပျော်ဖြစ်တဲ့ညတွေဟာ လူ့ဖြစ်တည်မှုတွေကို အဆုံးသတ်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေရတယ်
မြင်နိုင်တယ်ဆိုရုံအလင်းရောင်ကလေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရေးခြယ် ထားမိတယ်
အပိုင်းအစသက်သက်တွေလို တစ်စစီ ကိုယ်ဖြတ်တောက်ထားတဲ့ စိတ်ဟာ
ပြိုကျတော့မယ့် လေထုထဲမှာ လွင့်နေရသလို မျောနေတာကိုက သိပ်လေးလံနေပါလား
ကိုယ့်သက်တမ်းမှာ ကိုယ့်မှတ်တမ်းမှတ်ရာတွေကိုပဲ အရင်ဆုံး အဆုံးသတ်ထားချင်မိတယ်
ဒီလိုနဲ့ပဲ.ရွေ့လျားနေသမျှဟာ ရပ်တန့်နေရတာထက် ပိုရွေ့မလာနိုင်တော့ပါဘူး
အရေပြားပေါ်လောင်လာတဲ့ စာသားတွေဟာ မရေးဖြစ်တဲ့ ဒိုင်ယာယီစာအုပ်တွေကို ကျော်လွန်ဖို့ခက်နေတယ်
စွန့်ခွါရတာက ပိုပြီးအင်အားကုန်လွယ်သလား ကိုယ်ဟာ ဒီသမိုင်းဖြစ်စဉ်မှာ ဗလာစာရွက်ကြမ်းကြမ်းလေးတစ်ရွက်လိုပေါ့
အိပ်မက်တွေချရေးတာက ခက်ခဲတာတွေထက် ပိုပြီး ခက်ခဲ ခဲ့ပါတယ်
ကိုယ့်ကို ရွေးခြယ်လာခဲ့တဲ့ ကံတရားတွေကို ကိုယ်က ပြန်ရွေးခြယ်ကြည့်မိတဲ့အခါ
ပြုတ်ကျလာတဲ့ ရာသီဥတုလေးပါးစလုံးမှာ ထောင့်စွန်းတွေဟာ ပျောက်ဆုံးလို့နေတယ်...
ဒီလိုနဲ့ပဲ ဘ၀ကို စက္ကူလေတံခွန်လေးလို လွင့်လို့.....
ဒီဘ၀ဖြစ်စဉ်တစ်ခုလုံးမှာ အချိန်တွေဟာ ခက်ခဲတာတွေထက် ပိုပြီးခက်ခဲခဲ့ပါတယ်။
မှူးသစ်
** ထူးအိမ်သင် - "လူနဲ့ အင်္ကျီ"
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment