Monday, March 31, 2014

၂၀၁၅ အလွန်အခင်းအကျင်းအတွက် မမေ့မလျော့သင့်သော နိုင်ငံရေး ပြဿနာ


မင်းသူ


၂၀၁၅ မတိုင်မီအချိန်ကာလအတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မှု အတိုင်းအတာပေါ်မူတည်၍
နိုင်ငံရေး အပြောင်းအလဲ အရွေ့တစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ သို့
နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေး အင်အားစုများဧ။် လှုပ်ရှားဆောင်ရွက်မှုများ မှာလည်း
အရှိအဟုန်မြင့်လာသည်ဟုဆိုနိုင်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များနှင့် လူထုထောက်ခံမှုအခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်
၂၀၁၅ ရွေးကောက်ပွဲ၌အမတ်နေရာအများစု Landslide အနိုင်ရရှိနိုင်ချေရှိနေရာ ၂၀၁၅ အလွန်
မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မှု ပေါ်မှုတည်၍ ထင်မှတ်မထားနိုင်သော
အခြေအနေမျိုးစုံသို့ပင် ပြောင်းလဲသွားနိုင်မည့်အနေအထားများလည်းရှိလာနိုင်သည်။

ယခုအချိန်ပြုလုပ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်၊ ၂၀၁၅ သမ္မတနေရာနှင့် တိုင်းရင်းသားအရေးတွင် ပုံဖေါ်လာနိုင်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် ၂၀၁၅ သမ္မတ နေရာအတွက် ချဉ်းကပ်ကြည့်မည်ဆိုပါက အများကြီးရှိနိုင်မည်မဟုတ်ပါ၊ လွှတ်တော်အတွင်း နေရာအများစုရရှိနိုင်သည့် NLD ပါတီမှ တင်သွင်းလာမည့်
သမ္မတလောင်းသည်ပင် သမ္မတနေရာသို့ ရောက်ရှိနိုင်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ NLD မှ တင်သွင်းလာမည့်
သမ္မတလောင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပြင် တစ်ခြားလူဖြစ်နိုင်မည် မဟုတ်သောကြောင့် ၂၀၁၅ မတိုင်မီ အချိန်အတွင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ ရွေးခြယ်ရေးနှင့် အရည်အချင်းသတ်မှတ်ချက်များအား ပြင်ဆင်နိုင်ပါက သမ္မတနေရာသည် ဒေါ်အောင်ဆန်းစုကြည် အတွက်သာဖြစ်သည် ဆိုဖွယ်ရာရှိသည်။

သို့သော် အခြားတစ်ဖက် ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအား အချိန်မီ မပြင်ဆင်နိုင်ပါက
မည်ကဲ့သို့ အခင်းကျင်းဖြစ်လာနိုင်မည်လဲဟု ပြန်လည် စဉ်းဖွယ်ရာရှိနေသည်။ ဒါသည်ပင်မက
ရွေးကောက်ပွဲဧ။် တရားမျှတလွတ်လပ်မှု ဘယ်လောက်ရှိမရှိဆိုသည်မှာလည်း သုံးသပ်၍ ရနိုင်မည်မဟုတ်ပါ။
ထို့ထက်ပို၍ မမေ့လျော့ရမည့် အရာတစ်ခုမှာ USDP အနေဖြင့် အခိုင်အမာတည်ဆောက် နေရာယူထားနိုင်သော မဲဆန္ဒနယ်များမှာလည်း အနေအထားတစ်ခုအထိ ရှိနေနိုင်သည်ဟုလည်း သတိထားသင့်မည်ဖြစ်သည်။

အစိုးရသက်တမ်း ငါးနှစ်ပြည့်ရန် နီးကပ်လာသည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် အသစ်ပြန်လည်ရေးဆွဲရေး လုပ်ငန်းစဉ်များ အသက်ဝင်လှုပ်ရှားလာသည်။ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည်ရေးဆွဲရေး ဒီဘိတ်တစ်ခုလည်းပေါ်ပေါက်လာသည်ဟုဆိုရမည်ဖြစ်သည်။

2015 မတိုင်မီကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေး ဆောင်ရွက်ရာတွင်
NLD နှင့် နိုင်ငံရေးအင်အားစုများ၊ တပ်မတော်၊ တိုင်းရင်းသားများ၊ လက်ရှိအာဏာရ USDP ပါတီ တို့ကြား ဘုံသဘောတူညီမှုမရှိဘဲ
သဘောထားတင်းမာမှုများ၊ လွန်ဆွဲမှုများ၊ ထိပ်တိုက်တွေ့ဆုံမှုများ ကြီးမားလာပါက မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် စိုးရိမ်ဖွယ်ရာများရှိလာနိုင်သည်။ အဆိုပါ အဆင့်တစ်ကိုကျော်ဖြတ်နိုင်ပြီးပါက အဆင့်နှစ်အရ ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတစွာ ကျော်ဖြတ်သွားနိုင်ရန်လိုအပ်သည်။


NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ခြင်းမရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲအား ကျော်ဖြတ်အနိုင်ယူလာနိုင်မည်ဆိုပါက ချိန်ထိုးကြည့်စရာ အခြေအနေ (၄) ခုရှိနိုင်သည်။

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက လိုလားသော လူပုဂ္ဂိုလ် သမ္မတနေရာ နှင့် NLD ပါတီမှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့
(၂) ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီဧ။် သြဇာ ခံယူထားမည့် လူပုဂ္ဂိုလ် သမ္မတနေရာနှင့် NLD ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့
(၃) တိုင်းရင်းသားများနှင့် NLD USDP ပါတီတို့ ဘုံသဘောတူညီချက်ဖြင့် လိုလားသော လူပုဂ္ဂိုလ် သမ္မတနေရာနှင့် NLD USDP ပါတီတို့ ပူးပေါင်းဖွဲ့စည်းမည့် အစိုးရအဖွဲ့
(၄) NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းမှု များရရှိနိုင်သည့် အုပ်ချုပ်ရေးအတွေ့အကြုံရှိသော လူပုဂ္ဂိုလ် သမ္မတနေရာနှင့်  NLD USDP ပါတီတို့ ပူးပေါင်းဖွဲ့စည်းမည့် အစိုးရအဖွဲ့

 ပထမအချက် ကိုကြည့်မည်ဆိုလျှင်  ဖြစ်လာနိုင်သည့် သမ္မတမှာ အင်အားစုပေါင်းစုံမှ ဖြစ်နိုင်သည်။ ဒီမိုကရက်တစ် အင်အားစုများထဲမှဖြစ်နိုင်သလို USDP ပိုင်းကလည်းဖြစ်နိုင်သည်။ တိုင်းရင်းသားပိုင်းမှလည်းဖြစ်နိုင်သည်။ နိုင်ငံရေးအရ ထင်ရှားမှုမရှိသော ပညာတတ် ပညာရှင်အသိုင်းအ၀ိုင်းကလည်းဖြစ်နိုင်သည်။
ဒုတိယအချက်အရဆိုလျှင်မှု ယခင်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် USDP ပါတီမှ ဖြစ်လာနိုင်မည် လုံးဝရှိမည်မဟုတ်ပါ။

၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတနေရာအတွက် တင်သွင်းလာနိုင်ချေရှိသော စာရင်းကို သုံးသပ်ကြည့်မည်ဆိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တင်သွင်း လာမည့် သမ္မတလောင်း(စစ်တပ်အပေါ် သြဇာရှိသူသာဖြစ်နိုင်မည်။)
အများစု အနိုင်ရလာနိုင်ချေရှိသည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်က တင်သွင်းလာမည့် သမ္မတလောင်းတစ်ယောက်။
တိုင်းရင်းသားများအတွက် ခွဲတမ်းအဖြစ်သတ်မှတ်နိုင်သည့် အမျိုးသားလွှတ်တော်မှ တင်သွင်းလာမည့် သမ္မတလောင်းတစ်ယောက်။ ထိုသုံးဦးမှ ရွေးခြယ်ရမည်ဟု အကြမ်းဖျဉ်းနားလည်နိုင်သည်။

NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအား အများစုအနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ ဖွဲ့လာနိုင်မည်ဆိုပါက စိန်ခေါ်မှုပေါင်းများစွာအား မလွဲမသွေ ရင်ဆိုင်ရမည်သာဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အုပ်ချုပ်ရေး ယန္တရားဧ။် အမှုအကျင့် လုပ်နည်းကိုင်နည်းများ၊ အပြောင်းအလဲကို မလိုက်နိုင်သည့် အုပ်ချုပ်ရေးယန္တရားအတွင်းမှ လူပုဂ္ဂိုလ်များကို ကိုင်တွယ်ရာ၌ NLD အနေဖြင့် အခက်ခဲများစွာ ရှိလာနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ ပြောင်းလဲခန့်အပ်လိုက်ရုံဖြင့် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးအား ပြောင်းလဲပစ်နိုင်မည်တော့မဟုတ်ပါ။

တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှ ၀န်ကြီးဌာနများနှင့် ချိတ်ဆက် ဆက်ဆံရေးများကိုလည်း လွယ်ကူစွာတည်ဆောက်နိုင်မည်လားဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

NLD ပါတီနှင့် အုပ်ချုပ်ရေးယန္တရား တို့ဧ။် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတို့မှာ အလွယ်တကူ အဆင်ပြေလာနိုင်မည်တော့မဟုတ်ပါ၊ စိုးရိမ်စရာကောင်းသော လွန်ဆွဲမှုများ ဖြစ်မလာရန် သတိထားရမည်ဖြစ်သည်။ ယခင်တပ်မတော်အစိုးရနှင့် သြဇာခံများစွာလည်း စိမ့်ဝင်နေပြီးဖြစ်သော ဗျူရိုကရေစီယန္တရားတစ်ခုဆိုသည်ကို မေ့ထား၍သင့်မည်မဟုတ်ပါ။

၂၀၁၅ အလွန် မြန်မာ့နိုင်ငံအား ဦးဆောင်မောင်းနှင်မည့် အစိုးရအဖွဲ့အကြီးအကဲ သမ္မတ အနေဖြင့် အုပ်ချုပ်ရေးအတွေ့အကြုံ အုပ်ချုပ်ရေး အရည်အချင်းများသာမက အရေးတကြီးရှိနေရန်လိုအပ်သော အရည်ချင်းများစွာလည်းရှိနေသည်။

(၁) နိုင်ငံရေး သြဇာ
(၂) အုပ်ချုပ်ရေး သြဇာ
(၃) လူထု ထောက်ခံမှုနှင့်အများပြည်သူကြိုက်နှစ်သက်မှု
(၄) တပ်မတော်အပေါ်ရှိရမည့် သြဇာ
(၅)နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာထောက်ခံမှု
(၆) ဒီမိုကရက်တစ် အင်အားစုများ အဖွဲ့အစည်းများဧ။်ထောက်ခံမှုနှင့်၊ ကောင်းမွန်သောဆက်ဆံရေးရှိမှု
(၇)တိုင်းရင်းသာများဧ။် ထောက်ခံမှုနှင့် ကောင်းမွန်ရေးဆက်ဆံရေးရှိမှု

ဖေါ်ပြပါ အချက်များဖြင့် ယှဉ်ထိုးကြည့်ရမည်ဟု ဆိုချင်သည်။

ယင်းအချက် (၇) ချက် စလုံးနီးပါးမှာ ဒေါ်အောင်ဆန်းစုကြည်၌ ရှိနေပြီးဖြစ်နေသည်ကို တွေ့နိုင်သည်။ အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအားပြင်ဆင်နိုင်ခြင်းမရှိဘဲ ၂၀၁၅ ရွေးကောက်ပွဲအားကျော်ဖြတ်လာပါက အုပ်ချုပ်ရေး အကြီးအကဲဖြစ်လာမည့် သမ္မတသည် မည်မျှပင် တော်နေသည်ပင်ဆိုကာမှု ဖေါ်ပြပါ အချက်(၇)ချက် မရှိသောသူဖြစ်ပါက မြန်မာနိုင်ငံအတွက် အဆင်ပြေနိုင်မည်မဟုတ်ပါ။ မိုးကျရွှေကိုယ်ပေါ်ပေါက်လာသောသမ္မတလောင်းသည် မြန်မာနိုင်ငံအနေဖြင့် ဖြစ်နိုင်မည်မဟုတ်ဟု ဆိုချင်သည်။

၂၀၁၅ အလွန်၌ ပေါ်ပေါက်လာမည့် လွှတ်တော် နှင့် အစိုးရဖွဲ့သည်၊ နှစ်ပေါင်းများစွာ ကွဲပြားကွဲလွဲခဲ့သော အင်အားစုများအား
ပေါင်းစုပေးနိုင်သော လွှတ်တော် အစိုးရ ဖြစ်မှ သာလျှင် မြန်မာ့နိုင်ငံရေးအတွက် ကောင်းမွန်သော အဖြေများဖြစ်လာနိုင်မည်ဖြစ်သည်။ တပ်မတော်၊ တိုင်းရင်းသား၊ နိုင်ငံရေးအင်အားစုများ၊ ကြား ဘုံသဘောတူညီချက်များ၊ ပေါင်းစုပေးနိုင်ခြင်းများ မရှိသော လွှတ်တော် နှင့် အစိုးရအဖွဲ့ ဖြစ်လာပါက ၂၀၁၅ အလွန်နိုင်ငံရေးအခင်းအကျင်းသည် အာဏာလွန်ဆွန်မှုများ၊ နိုင်ငံရေးအယူဝါဒ ထိပ်တိုက်တွေ့မှုများဖြင့် မပြီးဆုံးနိုင်သော နိုင်ငံရေးပြဿနာ သံသရာစက်ဝန်းသို့ ပြန်လည် ရောက်ရှိသွားနိုင်သည်ကို နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် မမေ့မလျော့သင်ဟု ဆိုချင်ပါသည်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...