ဘာကို ရွေးချယ်ပြီး စားသုံးရမလဲဆိုတာ စဉ်းစားတယ်။
ခပ်များများမရှိတဲ့ ရွေးချယ်ခွင့်တွေမှာပဲ တွေဝေ
ကိုယ်ဘာတွေကို တိတ်တဆိတ် ငေးမောနေလို့ နေမိမှန်းမသိ
အမှောင်ရိပ်ကလေးနဲ့ စားပွဲမှာ စိတ် တွေဟာ
လွင့်မျော အေးစက်နေတယ် တစ်ခုခုတော့ မှာယူ စားသုံးလိုက်မှဖြစ်မယ်
ဘာကိုပဲ ရွးချယ် ရွေးချယ် အားလုံးဟာ အေးစက်နေတဲ့ တစ်ကိုယ်ရည် ညစာ
တစ်စုံတစ်ခုခု အမည်တပ်ခေါ်ယူထားတာကလွဲပြီး
ငြင်းမရတဲ့ အဓိပယ်ဖွင့်ဆိုမှုနဲ့ တစ်ကိုယ်ရည် ညစာ
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်တော်ဆန်ဆန် လွင့်လို့
စကားလုံးအတုယူ တပ်စင်ထားတဲ့ ညစာဟာ အတုရောင်ဆန် လွန်းနေတယ်
အဟာရ ဖြည့်ဖို့ကြိုးစားနေရင်းနဲ့ပဲ စိတ်တွေကို ဟာ ကျသွားစေတဲ့ ညစာ
မနက်ဖြန်လည်း ဒီလိုပဲ စားသုံးရဦးမှာလား
မနက်ဖြန်ပြီးရင်တော့ သဘက်ခါလာလိမ့်မယ်
သဘက်ခါ.....သဘက်ခါပြီးရင်လည်း
မနက်ဖြန်တွေက အများကြီး ညစာဟာ အတွေးတွေကို ဟိုရောက်ဒီရောက်
ဆူညံ့နေတဲ့ ဆိုင်ကလေးထဲမှာ တစ်ကိုယ်ရည် တိတ်ဆိတ်အေးစက်
အမှောင်ရိပ်ကလေး ရိပ်ထိုးကျနေတဲ့ စားပွဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆို့နင့်နေရတယ်
ရေးအေးအေးတစ်ခွက် မော့ သောက်ဖြစ်တယ်
ခါးသက်မှုတွေကို ရောနှောပစ်ဖို့ ကော်ဖီတစ်ခွက်တော့ မှာထားမှ ဖြစ်မယ်
တစ်ကိုယ်ရည် ည စာဟာ ရွေ့ပြောင်း အိမ်ခြေယာမဲ့တွေ လို ဟိုရွေ့ဒီရွေ့
တစ်ခါတစ်ခါ လမ်းသုံးဆယ် တစ်ခါတစ်ခါ ရန်ကင်း တစ်ခါတစ် ပန်းဆိုးတန်း
တစ်ခါတစ်တစ်ခါ ဒဂုံမြို့သစ် တစ်ခါတစ်ခါ ကော်ဖီနဲ့ပေါင်မုန့်
တစ်ကိုယ်ရည် ညစာဟာ ရွေ့ပြောင်း အိမ်ခြေယာမဲ့တွေလို့ ဟိုရွေ့ဒီရွေ့ပဲ
အိမ်ပြန်ချိန်ဟာ အိမ်ပြန်ချိန်ရယ်လို့. တိတိကျကျ.ပြောလို့မရနိုင်သလို
တစ်ကိုယ်ရည် ညစာတွေကလည်း ဘယ်တော့မှ ညစာ စစ်စစ် မဖြစ်နိုင်ပြန်ဘူး
အရာတော်တော်များဟာ စကားလုံးအတုယူ သတ်မှတ်ခေါ်ဆိုထားတာကလွဲပြီး
စစ်မှန်မှုတွေကနေ ကိုယ့်စိတ်နဲ့ ကိုယ်ဟာ တစ်စစီ အလွဲလွဲ အချော်ချော်ဖြစ်နေတယ်။
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်ရည်ထဲ ငေးမောနေတယ်
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်ရည်ထဲ တိတ်ဆိတ်နေတယ်
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်ရည်ထဲ ၀မ်းနည်းနေတယ်
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်ရည်ထဲ ဆို့နင့်နေတယ်
တစ်ကိုယ်ရည် ညစာဟာ တစ်ကိုယ်ရည်ထဲ လွမ်းမောလို့..
မှူးသစ်
17/9/2012
9;15 pm
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment