တစ်ခုခုကို လိုချင်မိလာတဲ့ နူးညံ့မှုတွေဟာ စိတ်ကို လာရောက် တွန်းတိုက်
ဆုပ်ကိုင်ထားမိသမျှ အလင်းရောင်အနွေးဓါတ်ကလေးကလွဲလို့
ဘ၀နဲ့ ရှင်သန်မှုတစ်ခုလုံးကို အရိုးသားဆုံး ရင်းနှီးပစ်လိုက်ချင်တယ်
သူရဲကောင်းဆန်တဲ့ ဆန္ဒ.. ။
မမြင်ရတဲ့ စိတ်ဟာ အရောင်ရောင် အမှားမှား နူးညံ့ပြီးး
မမြင်ရတဲ့ စိတ်တွေကပဲ အသိမ်မွေ့ဆုံး အထိတ်တလန့်ဖြစ်လို့..
ခန္ဒာကိုယ်ထဲမှာ သွေးကြောမျှင်မျှင်ကလေးတွေကအစ
သတိတရဖြစ်နေတဲ့ စိတ်တွေနဲ့ စီးဆင်းနေတယ်။
မြစ်တွေကို ဆန်တက်ပစ်လိုက်သလို
ချစ်ခြင်းမေတ္တာ နဲ့ ရိုးသားမှုကို ကိုယ် ရင်ဖွင့်ခံ ပစ်လိုက်ရမလား
သတိတရဖြစ်နေတဲ့ စိတ်ဟာ အဆိပ်အတောက်ပဲ
ခပ်မြန်မြန် မျိုချပစ်လိုက်မှ ဖြစ်တော့မယ်
မနက်ဖြန်ဆိုရင် ကိုယ်သေဆုံးသွားမယ်ဆိုတာ မသေချာတော့
မနက်ဖြန်အတွက် နူးညံ့နွေးထွေးမှုတွေ ကိုယ်လိုချင်နေမိတယ်
မနက်ဖြန်ဆိုရင် ကိုယ်သေဆုံးသွားမယ်ဆိုတာ မသေချာတော့
ဘာကိုမှန်းမသိတဲ့ ဆုပ်ကိုင်ထားချက်တွေကိုပဲ
ဖြေလျော့ ဆုံးရှုံးလိုက်ရမှာ အထိတ်တလန့်ဖြစ်
ကိုယ်အကြောက်ဆုံး အရာတွေကို ပြန်ထမ်းထားလိုက်တယ်
သူရဲကောင်းဆန်တဲ့ ဆန္ဒပေါ့
ချစ်ခြင်းမေတ္တာ၊နဲ့ ကိုယ် တန်ဖိုးထားတဲ့အရာတွေ ရှေ့မှာဆို
ကိုယ်နဲ့ သိမ်ငယ်နေတဲ့စိတ်ဟာ
အလိုအလျောက် ဦးခေါင်းတွေ စိုက်စိုက် ကျ သွားး
အရိုးသားဆုံးအရာတွေကပဲ မရိုးမသားဖြစ်နေမလား
ကိုယ်မသိတော့ဘူး
လွင့်မျောလိုက်သမျှဟာ
Space ဘားကလေးတစ်ခု ခြားသွားတယ်။
သတိတရ စိတ်ကလွဲရင် ဘ၀မှာ သေချာတဲ့ အရာတွေ
ဘာတစ်ခု မှ မရှိတော့ဘူး
တစ်ချို့အရာတွေဟာ လက်ကြားက စီးကရက်တိုကလေးကို
တောက်ထုတ်လိုက်သလောက် မလွယ်ကူ
ကမ္ဘာတစ်ခုလုံးကို ရွေ့လျားပစ်လိုက်ရတာထက် ပိုခက်ခဲနေတယ်
တန်ဖိုးထားသမျှ တွေးမိလိုက်တိုင်း
စိတ်တွေဟာ ပိုပို လေးလံ ပြိုကျ
လိုအပ်သလို ရွေ့လျား ထားပေးဖို့.. နာကျင်ခြင်းနဲ့ ပျော်ရွှင်မှုကို
မင်းလက်ထဲမှာ ခလုတ် ကလေးတစ်ခုလို ထည့်ပေးထားချင်တယ်
မနက်ဖြန်ဆိုရင် ကိုယ်သေဆုံးသွားမယ်ဆိုတာ မသေချာတော့
ဘ၀နဲ့ရှင်သန်မှုတစ်ခုလုံးကို အရိုးသားဆုံး ရင်းနှီးပစ်လိုက်ချင်တယ်
သူရဲကောင်းဆန်တဲ့ ဆန္ဒ..
မှူးသစ်
16/7/2013 PM 11; 25
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment