ထောင့်စွန်းကလေး တစ်ခု ရှိလေသည်။
ငြိမ်သက်နေခြင်းဟာ ၀မ်းနည်းခြင်းအထိမ်းအမှတ်ဟု သတ်မှတ်လျှင်
ဟုတ်ကဲ့ ကျွန်တော်နေ့ရက်တော်တော်များမှာ အသုံးပြုဖြစ်ခဲ့ပါသည်။
ထောင့်စွန်းကလေး တစ်ခုရှိလေသည်။ တိတ်ဆိတ်ခြင်းသည် ထောင့်စွန်းကလေးတစ်ခုဧ။် အမှတ်အသားဖြစ်သည်။
ကမ္ဘာမြေဧ။် လည်ပတ်မှုများနှင့် ကင်းလွတ်နေသော ထောင့်စွန်းကလေးတစ်ခုဖြစ်သည်။
တိတ်ဆိတ်ကြည့်သည် လွင့်မျောကြည့်သည် ကြယ်တွေကို မမြင်ရ၊ တိမ်တွေရွေ့လျားနေသည်ကို ငေးမောခွင့်မရှိ
တိမ်တွေနဲ့ တူသော အရာဟူ၍ စီးကရက်ငွေ့များသာရှိသော ထောင့်စွန်းကလေးတစ်ခု ဖြစ်သည်။
နွေးထွေးမှုဖြစ်ဖြစ် ဒါမှမဟုတ် အေးစက်မှုဖြစ်ဖြစ် ဖြတ်သန်းတိုက်ခိုက် ၀င်ရောက်လာရန်အတွက် ပြတင်းတံခါးပေါက်ကလေးပင်မရှိ။
ဟိုအရင်တုန်းက အိမ်ဆန်တဲ့အိမ်တွေကို လိုချင်မိသည်။ မျှော်စင်တွေကို သဘောတကျရှိခဲ့သည်။
အခုတော့..
ထောင့်စွန်းကလေးတစ်ခုရှိလေသည်။ တစ်ခုခုကို ဖေါက်ခွဲပစ်ဖို့လိုအပ်လာသည့်အခါ
ထောင့်စွန်းကလေး၌ ငြိမ်သက်နေဖြစ်သည်။ အမှတ်အသားများ ပျောက်ဆုံးကုန်ကြသည်။
တိတိကျကျ ဖေါ်ပြစရာဟူ၍ လက်ကြားက စီးကရက်တိုကလေးများသာ ရှိသည်။
ထောင့်စွန်းကလေး တစ်ခုရှိလေသည်။
ဆုပ်ကိုင်းထားသမျှသည် အမှန်တရားဟု ဆိုလျှင်
ဟုတ်ကဲ့ ကျွန်တော့်မှာ လက်ဖ၀ါးသက်သက်သာ ရှိပါသည်။
ဘ၀မှာ အလိုအပ်ဆုံးအရာတွေကို ဖြေလျော့ချပြီး ထောင့်စွန်းကလေးကို ဆုပ်ကိုင်ထားဖြစ်သည်။ တိမ်ဆန်သောအိမ်များ၊ လွင့်မျောနေသော ချစ်ခြင်းမေတ္တာတရား၊ ပြိုကျချင်လာသော ကိုယ်ချင်းစာတရား၊ လွတ်ထွက်သွားသော အသက်ရူသံ အားလုံးကို ဖြေလျော့ချပစ်ပြီး ထောင့်စွန်းကလေးကို ဆုပ်ကိုင်ထားချင်သည်။
လူငယ်တစ်ယောက်ရဲ့ ဘ၀အတွက် အမှန်တရား နဲ့ ရိုးသားမှု စံနူန်းသတ်မှတ်ချက်များက မွန်းကျပ်လွန်းလှသည်။
ထောင့်စွန်းကလေးတစ်ခုသို့ ရွေ့လျားလိုက်ခြင်းကသာ ကမ္ဘာမြေမှ လွတ်မြောက်ခြင်း ဖြစ်နိုင်မည်လားတော့မသိ။
ထောင့်စွန်းကလေးတစ်ခု ရှိလေသည်။
ပိုင်ဆိုင်သမျှသာ ဆုံးရှုံးရကြေးဆိုလျှင်
ဟုတ်ကဲ့ ကျွန်တော့်မှာ အိမ်မက်ဗလာများသာ ရှိပါသည်။
တိုက်စားခံလိုက်ရသော အိမ်မက်များသည် မှုန်မှုန်ဝါးဝါး နှင်းစက်များနှင့်တူသည်။ ဖြတ်သန်းစီးဆင်းမှုများ၌ ရွေ့လျားခံလိုက်ရသော မြေစိုင်မြေခဲများနှင့်တူသည်။
လွင့်မျောနေသမျှေ၀၀ါးမှုသက်သက် သသာဖြစ်ပြီး မရေရာလှ။
ထောင့်စွန်းကလေး၌ အိမ်မက်များစွာ ရှိနေနိုင်သည်။ အိမ်မက်မှာ ဗလာသက်သက်ဖြစ်သည်။
တစ်စုံတစ်ရာကနေ လွတ်ထွက်သွားရမယ်ဆိုသော
အသိက စိတ်ခန္ဒာ အရာအားလုံးကို ထောင့်စွန်းကလေးသို့ ညွတ်ကျသွားစေသည်။
အိပ်ပျက်ညများစွာ၌ ဗလာသက်သက် အိမ်မက်များသာ ရှိသည်။
ထောင့်စွန်းကလေး တစ်ခုရှိလေသည်တစ်ခုခုကို နားလည်ရမည်ဆိုလျှင် ကျွန်တော့် ဦးခေါင်းကို စိုက်ချ၍ တိတ်တဆိတ်သာ တောက် ခေါက် ပစ်လိုက်ပါမည်။
သော့ခတ်သိမ်ဆည်းထားသမျှသည် တန်ဖိုးကြီးသည့်အရာများဟုဆိုလျှင်
ကျွန်တော့်မှာ ဖွင့်ဟကြည့်စရာ သော့တံကလေးတစ်ချောင်းပင်မရှိပါ။
လွဲချော်သွားသမျှသည် ဘ၀ဧ။် ဖြစ်ရိုးဖြစ်စဉ် အသိအမှတ်ပြုမှုတစ်ခု ဟုသာ မှတ်ယူပါ။
တစ်စုံတစ်ရာကို သော့ခတ်ထားရမည်ဆိုပါက သော့တံများနှင့် ဆုပ်ကိုင်ထားမိသမျှ
မျှော်လင့်ချက်များအား လွှင့်ပစ်လိုက်ရမည်လားမသိ
ကမ္ဘာမြေနှင့် လူ့အဖွဲ့အစည်းသည် ကျွန်တော့်အတွက် အဆိပ်သက်သက် သာ ဖြစ်ခဲ့ကြောင်း..
ထောင့်စွန်းကလေးတစ်ခုမှာ တိတ်တဆိတ် ငြိမ်သက် တွေးတောရင်း
ထောင့်စွန်းကလေးတစ်ခု ရှိလေသည်။
ဝမ်းနည်းလွယ်တတ်ခြင်းက ဒဏ်ရာဒဏ်ချက်များဟု ဆိုလျှင်
ကျွန်တော်သောက်လက်စ ကော်ဖီတစ်ခွက်အား မေ့ဆေးဖြစ်စေချင်ပါသည်။
ထောင့်စွန်းကလေးမှာ ပျံကျဲလွယ်သော အရာဟူ၍ အများကြီးမရှိ၊ စကားလုံးနှင့် စီးကရက်တိုများကသာ အပျံကျဲဆုံးဖြစ်သည်။ ဒဏ်ရာဒဏ်ချက်များမှာ ကုသရန်မဟုတ်ဘဲ နာကျင်ရန်သက်သက်သာဖြစ်ကြောင်း ကျွန်တော် သိနားလည်ခဲ့သည်။
စကားလုံးများက သိုသိပ် သိမ်းဆည်းထားရန်အတွက်ဖြစ်ပြီး စီးကရက်များက လွင့်မျောရန်အတွက် ဖြစ်သည်။
တစ်နေရာရာကနေ လွတ်ထွက်ရမည်ဆိုလျှင် စိတ်ခန္ဒာကိုယ်တစ်ခုလုံး ထောင့်စွန်းကလေးသို့သာ ညွှတ်ကျသွားချင်သည်။ စိတ်ကျဆင်းမှုများသည် ရောဂါတစ်ခုမဟုတ်ကြောင်း တစ်ချိန်ချိန်ကြလျှင် ငြင်းချက်ထုတ်ချင်ပါသည်။ စိတ်ကျဆင်းမှုများမှာ လူငယ်တစ်ယောက်အတွက် စွဲမတ်တတ်သော ကော်ဖီတစ်ခွက်ဖြစ်သည်။ စိတ်ကျဆင်းမှုများသည် ငြိမ်သက်ခြင်းဧ။် အမှတ်တံဆိပ်သာ ဖြစ်သည်။
လူ့အဖွဲ့အစည်းနှင့် ကမ္ဘာမြေသည် ကျွန်တော့်အတွက်တော့ အဆိပ်သက်သက်သာဖြစ်သည်။ ငြိမ်သက်ခြင်း တွေဝေငေးမောခြင်း နွေးထွေးခြင်း အေးစက်ခြင်း တစ်ကိုယ်ရည်ပျော်ရွှင်မှု
ဒဏ်ရာဒဏ်ချက်များမှာ ကုသရန် မဟုတ် နာကျင်ရန်သက်သက်သာ ဖြစ်ကြောင်း ဖြတ်သန်းမှုများ အသိပေးခဲ့သည်။ ဘ၀မှာ ဘာကို လိုအပ်ဆုံးလဲဟု မေးလာလျှင်မှု ဖြေဆိုရန် စကားလုံးများပင်မရှိပါ။ စကားလုံးများကိုသော့ခတ်ပြီး သော့တံကလေးနှင့် မျှော်လင့်ချက်များအား လွင့်မျောပစ်ခဲ့သည်။
တစ်နေရာရာကနေ လွတ်ထွက်ခွင့်ရမည်ဆိုလျှင် ထောင့်စွန်းကလေး တစ်ခု ရှိလေသည်။
တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင် ထောင့်စွန်းကလေး တစ်ခုရှိလေသည်။
နာကျင်မွန်းကျပ်မှုများစွာ ခံစားရမည်ဆိုလျှင် ထောင့်စွန်းကလေး တစ်ခုရှိလေသည်။
ဒဏ်ရာဒဏ်ချက်များသည် ကုသရန်မဟုတ် ထောင့်စွန်းကလေး နှင့် နာကျင်မှု သက်သက်များသာ ဖြစ် သည်။
မှူးသစ်
No comments:
Post a Comment