ဘတ်စ်ကားတွေ တိုးစီးနေရသလို ဘ၀ကို တွယ်ကပ်လိုက်ပါ
ဘယ်ကိုမှ မရွေ့လျားတော့တဲ့ ခြေထောက်တွေနဲ့ ရင်ခုန်သံကို
ခက်ခက်ခဲခဲကြီး သယ်ဆောင် ထားရ
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အရိတ်သိမ်းခံလိုက်ရတဲ့
လူ့အခွင့်အရေးနဲ့အတူ ဟော့ဒီ နေရပ်တွေ ပြန်ရှည်မလာတော့ဘူး
လျှာဖျားမှာ တောက်ထုတ်မိလိုက်တဲ့ မေတ္တာတရားလို့ပဲ ဆိုကြပါစို့
ညီမလေး သတိရရင် ထုတ်ဖတ်ဖို့ စာတိုတစ်စောင်
*ချစ်ခြင်းမေတ္တာ၊ဥာဏ်ပညာ* ၊ လူ့အဖွဲ့အစည်းနဲ့ အသွေးအသားအရောင်များ
အလှူခံစာအိတ်၊ ပလက်ဖေါင်းမှာ ပျံကျံနေတဲ့ လူသုံးကုန် တက်ကြမ်းစာစောင်နဲ့ ယတြာများ
မျက်မမြင်လက်သည်းတွေလို တစ်စုံတစ်ရာကို ဖွင့်ဟကြည့်ဖို့ ဘယ်လောက် လွယ်ကူ ခက်ခဲမလဲ
လူမမိ တဲ့ မိုးရေတွေထဲမှာ ရွှဲရွှံ ဆိုလို့.
လက်ပတ်နာရီတွေ၊ လူသုံးကုန်တယ်လီဖုန်းတွေ လပ်တော့တွေ၊ တစ်ပတ်ရစ် အ၀တ်အထည်တွေ
စပို့ရှပ်တွေ၊ ကာလာစုံဂျင်ပင်တွေက အစ နုတ်ဘုတ်များ၊ တန်ဖိုးနည်းအိမ်ယာနဲ့ မီတာ အတက်အကျ
စည်ဘီယာထဲက အစ်လစ်ဝီစကီနှစ်ပတ်လို ဒီလိုပဲ ယုံကြည်မှုတွေနဲ့ အလဲအလှည်ပြုလုပ်
ခေတ်ပျက်ကြီးထဲမှာ တိတ်တိတ်ကလေး ၀ယ်ယူထားတဲ့ အနီရောင်မစစ်တဲ့ လွယ်အိတ်ကလေးကို
ခေါက်ရက်သားသိမ်းဆည်းမိတယ်၊ အရောင်တွေ ပျက်စီးကုန်ပြီ ပင်နီဝင်ကစွပ်တွေလို
အလွယ်တကူ ကောက်ယူဝတ်စင်၊ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် စွတ်လိုက်ကြမလား
အလိုမတူတဲ့ ရမက်တွေကို ကာရာအိုကေပေါ် စင်တင်လိုက်ရင်း လျှာဖျားကို တောက်ထုတ်လိုက်တယ်
မေတ္တာတရားများ၊ မိန့်ခွန်းများ၊ အစွန်းရောက်ဒေသနာ၊ မျိုးစောင့်ဥပဒေ
တည်ဆဲ ဘာသာတရားများ၊ အိမ်ရှင်ဧည့်သည်များ၊ အမှောင်လွန်သတင်း များ
အရှိုးရာတော်တော်များများဟာ
ငါးမျှာတံကိုင်းမှာ ဆွဲသုတ်လိုက်သလို ကိုယ့်အခြေအစုံနဲ့ ပိတ်ကန်ပစ်ချင်နေတဲ့ လူကျွံဘော တွေပေါ့
အပြောင်းအလဲဟာ လက်နှစ်ဖက်ပဲရှိတယ် ဘယ်ညာထက်ပိုပြီး ဘာမှ မရှိ
သတိရတိုင်း ထုတ်ဖတ်ပါ ခြေဖ၀ါးတွေ ထောက်ကြည့်မလို့ ဆိုမှ
တစ်လမ်းလုံးက ကျောက်ပါရာ အသမာတွေကြီးတွေပဲ၊
၂၅၀ တန် အပေါစား မျက်နာလိမ်းကရင်လို လက်သိမ်းထိုးရောင်းရုံ မွေးနေ့ပွဲများ
လက်ဖျောက်တီးသံများ၊ ခရာမှုတ်သံများ၊ အသံမထွက်ပဲ မျက်လုံးမှိတ်ပြပါ။
သတိရတိုင်း ထုတ်ဖတ်ဖို့ စာတိုတစ်စောင်
အပြောင်းအလဲဟာ လက်နှစ်ဖက်ပဲ ရှိတယ် ဘယ်ညာဆိုလည်း
ဘယ်ကို မှ မစီးတော့တဲ့ မြစ်တွေထဲမှာ ရှိနေလိမ့်မယ်။
မှူးသစ်
*ချစ်ခြင်းမေတ္တာ၊ဥာဏ်ပညာ* ထူးအိမ်သင်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment