Friday, May 31, 2013

ဘယ်နေရာကပဲလောင်လောင် ကိုယ်ကတော့ ဒီထက်ပိုပြီး ရှို့ ကြည့်ဖို့ကြိုးစားရမှာပဲ





ကိုယ့်ကိုကိုယ် ဂရုမစိုက်တော့ဘူး သစ်ပင်တွေပဲ စိုက်ချင်တော့တယ်
အသက်ရှည်ရမှာ ကြောက်လာတယ်.၊ နှစ်ရှည်သစ်ပင်တွေ ထားခဲ့ဖြစ်မလား
ကမ္ဘာမြေက ကိုယ့်တန်ဖိုး ကို မသတ်မှတ်ပေးလိုက်တော့
ကိုယ်တန်းဖိုးထားထဲ့ အရာတွေ ကို ကိုယ်ဘယ်လိုဝယ်ယူရမလဲဆိုတာ မသိတော့ဘူး
ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ငေးကြည့်နေတဲ့ အရန်ခုံတန်းကလေး
အသက်မသေခင်မှာ မျှော်လင့်ချက်တွေကို အရင်မြှုပ်ထားကြည့်လိုက်ရင်ကောင်းမယ်

ညည အိပ်မပျော်ရင် ဘာတွေ လုပ်ရမလဲ၊
ကော်ဖီတွေဖျော်ရမလား စီးကရက်တွေ ဖွာနေရမလား
ဒါမှမဟုတ်ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်ကလေးထိုင်နေရမလား
တစ်စုံတစ်ရာကို ကြောက်ရွံ့ထိတ်လန့်နေရမလား
တစ်စုံတစ်ယောက်ကို သတိတရဖြစ်နေရမလား
အခန်းတံခါးကို ဆွဲပိတ်လိုက်ဖို့ အကြောင်းမရှိ၊
ဝင်လာသမျှ ရနံ့တွေဟာ ကိုယ်သိပ်ပြီး သဘောကျရှိတဲ့ အစိမ်းရောင်
ကမ္ဘာမြေက နားမလည်နိုင်တဲ့အထိကို ကိုယ်က အံ့သြစရာသတ္တ၀ါတစ်ကောင်ဖြစ်ချင်ဖြစ်မယ်
ကိုယ့်အတွက်တောင် ကိုယ်ဟာ အထူးဆန်းဆုံး လူသား
သစ်ပင်တွေကို ဘယ်မြေကြီးမှာ စိုက်ပျိုးခဲ့ရမလဲ
ရင်းတယ်ဆိုတာ ဘ၀တစ်ခုလုံးလည်း ပျက်သွားနိုင်သလို စိုးရိမ်စရာအခြေအနေ
အရင်ဘ၀တုန်းကကိုယ်ဟာ စက်ရုပ်တစ်ကောင် အခု ဖြစ်တည်မှုတွေ ဘောင်ဘင်အခတ်ခံရင်း
မိဘနှစ်ပါး ပိတ်ပေးလိုက်တဲ့ စည်းတွေထဲကနေ ကုန်းရုံးထလာတယ်
တရားမကြေးရှိတဲ့တစ်နေ့မှာ အာဒံ၊ဧ၀ တစ်ယောက်ယောက်ကိုစတင်ပြီး တရားဆွဲပစ်မိလိမ့်မယ်
စောက်သုံးမကျတဲ့ လူ့အဖွဲ့အစည်းဟာ ကျောက်ခေတ်နဲ့ .. အဆက်ဆက်တွေကို
ကျော် လွန် လာပြီး နောက် စောက်သုံးမကျတဲ့ နည်းပညာတွေနဲ့ အွန်လိုင်းပေါ်ရောက်တယ်
ဘယ်နေရာမှာလောင်လောင် ကိုယ်ကတော့ ဒီထက် ပိုရှို့ပစ်လိုက်ဖို့ ကြိုးစားရမှာပဲ
ကိုယ်အသက်ရူနေသလား ပျော်ရွှင်မှုဟာ အော့ဖ်လိုင်း အွန်လိုင်း ကွန်နက်ရှင်အတက်အကျ
ဘယ်သူမှ မယုံနိုင်ခင် ကိုယ်က တစ်စုံတစ်ရာကို ဖေါ်ထုတ်ဖို့ ကြိုးစားရင်း
ဘယ်သူမှ မသိခင် ကိုယ်ဟာ တစ်စုံတစ်ရာကို ကွယ်ဝှက်ဖို့ကြိုးစားနေပြန်တယ်။
ကိုယ့်အတွက်တော့ ကိုယ်ဟာ အံ့သြစရာအကောင်းဆုံး လူသား
ဘယ်လို ကျူးလွန်မှုတွေနဲ့များ လူ့အဖြစ်ကို ကိုယ်ရလာသလဲ
အဲ့ဒီ လူ့သမိုင်းစာအုပ်တွေ မရယ်ခင်မှာ ကိုယ်စုတ်ဖြဲမိတော့မယ်။
ဘယ်အရာကိုမှ အားမစိုက်ချင်တော့ဘူး ကျန်းမာရေး ၊ခေါင်းကိုက်ရောဂါ၊
စိတ်ကျဆင်းမှု ဆိုက်ကို၊ ခဏခဏ ပြုံးရယ်တတ်လာတဲ့ အကျင့်
အသက်အရွယ်တွေကြီးရင့်လာတာနဲ့အမျှ ပြုံးရယ်မှုတွေမှာ နာကျင်ခြင်းတွေ စွဲကပ်
ရောဂါတွေစွဲသလို ကိုယ်အသက်ရူနေသလား၊ ကမ္ဘာကြီးဟာ ဘယ်လိုလောင်စာတွေနဲ့ လည်နေလို့
ကိုယ့်ဘက်ကိုပဲ  ပိပိကျတာနေတာလဲ. အဝေးကြီး ကိုယ်တွန်းထုတ်လိုက်သမျှဟာ ကိုယ့်ပျော်ရွှင်မှု
ဘယ်နေရာကပဲလောင်လောင် ကိုယ်ကတော့ ဒီထက်ပိုပြီး ရှို့ကြည့်ဖို့ကြိုးစားရမှာပဲ
ကိုယ့်အတွက်တောင် ကိုယ်ဟာ အံသြစရာ သိပ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်လို့
နားလည်မှုကို ဘယ်ကမ္ဘာမြေကမှ မမျှော်လင့်တော့ဘူး

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...