Friday, May 31, 2013

ပျို့ တက်လာတဲ့အခါ လေချဉ်တစ်ချက် ထွေးထုတ်လိုက်တယ်။ အေ့ .... ခနဲ(ရွှေမိုးမြူ)


အေ့ .... ခနဲ။
ပျို့ တက်လာတဲ့အခါ လေချဉ်တစ်ချက် ထွေးထုတ်လိုက်တယ်
ပြန်တူးဖော်ကြည့်မိတော့ အနာတရတွေဟာ ဘယ်ရာသီနဲ့မှ မလွတ်ခဲ့ဘူး
မြားတစ်စင်းရဲ့ ထိုးဖောက်နစ်ဝင်မှုဆိုတာ သူကိုယ်တိုင်လှည့်ကြည့်စရာမလိုတဲ့ မြားပစ်သူရဲ့သမိုင်းမဟုတ်လား
ရိုင်းရိုင်းပြောကြည့်မယ် အတွေ့အထိမှမပါရင် သစ္စာဆိုတာ ထိန်းဖို့ခက်တတ်တဲ့သဘော
စကားလုံးတွေနဲ့ ရောချလိုက်မလို့လား ရှက်စရာကောင်းပါတယ် လိပ်ပြာတစ်ကောင်စီတော့ လူတိုင်းပိုင်ဆိုင်နေသေးတယ်

အဆိပ်တွေ ထွေးလိုက်တိုင်း တံတွေးဖြစ်ဖြစ်သွားလို့ သူ့ကိုယ်သူပေါက်သတ်ပစ်လိုက်တဲ့ ပခြုပ်ထဲက မြွေတစ်ကောင်အကြောင်း ဘယ်သူမှအရေးတယူ မပြောကြပါဘူး
မရည်ရွယ်ပါဘူးဆို ဘယ်အဖြစ်မှ အပျက်ဆိုတာကို ခံစားကြရလိမ့်မလဲ
တိုက်ဆိုင်မှုဆိုတာ တစ်ခါတစ်လေပဲ အရသာခံလို့ကောင်းတာမျိုး
လွဲပါများတော့လဲ ဘယ်ရပ်တည်မှုကိုမှ ဘာသာမပြန်မိတော့တာ ကြာပြီ
နာကျင်မှုကို မျိုချနေရတာ ထမင်းစားပြီးရေသောက်သလို သိပ်ပြီးလျှောလျှောလျှုလျှူမရှိလှဘူးဆိုတာ သိလား
အသားမာတက်နေတဲ့နှလုံးခုန်သံက ခလုတ်တိုက်မိရင်တောင် တစ်ယောက်ကိုတစ်ယောက် မျက်စိတွေမှုန်လို့
ဘ၀ကြီးကလဲ အသံထွက်ညံ့နေလိုက်ပုံများ ပွန်းပဲ့နေတဲ့ စီဒီတစ်ချပ်လို အထစ်ထစ် အ အအ။
ပစ်မှတ်တစ်ခုနဲ့ ပေါက်ဓါးတစ်ချောင်းရဲ့ နွေးထွေးမှုဟာ ဘယ်အချိန်ကြည့်ကြည့် ယူနစ်လက်စ်။
ပျို့ တက်လာတဲ့အခါ လေချဉ်တစ်ချက် ထွေးထုတ်လိုက်တယ်
အေ့ ခနဲ. . .၊
ပါးလုတ်ကျင်း။
အဲဒီနောက်. . .နောက်. . .နောက်
နောက်သွားတဲ့ ခြေရာထဲမှာ ဘာရေကြည်မှ မရှိတော့ဘူး။

ရွှေမိုးမြူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...