Friday, April 19, 2013

ဂလိုဘယ်ခေတ်မို့ ဂလိုပဲ လုပ်လိုက်ပါ မသီတာ (မောင်မြတ်သူ)


နူကလီးယား ထိပ်ဖူးတပ် ငါ့ရဲ့ပြုံယမ်းဒုံးကျည်လေးကို
မင်းရဲ့ တွင်းထဲမှာ ထိန်းသိမ်းခွင့်ပေးစမ်းပါ မသီတာ
ကမ္ဘာစစ်ကြီး မဖြစ်ခင်အထိ ငါ ငြိမ်းချမ်းပါရစေ
ကမ္ဘာကြီးအတွက် ငါ့ရဲ့ လကို အတိုင်းအတာ တစ်ခုအထိ ထွက်ခွင့်ပေးပါ
မိုးခေါင်ရေရှား ချိုင့်ဝှမ်းတွေလို ငါ့အချစ်နဲ့ ပြည့်တင်းနေတဲ့ ဆိတ်မျက်ကွင်းကို
နင်အရမ်းကြိုက်တဲ့ ဆိတ်ပေါင်ကြီးအစား ငါဖြည့်တင်းပါရစေ။
လူဝင်မှုကြီးကြပ်ရေးကနေ နင်အလုပ်လုပ်နေတာ
နင့်အနားမှာ လူဝင်လူထွက်များနေတာ
ဒါတွေကို စိတ်ပူနေတာ နင့်ရဲ့ ဆိတ်ပေါင်တစ်ဖြစ်လဲငါ။
မီနီစကတ်လေးနဲ့ ငါ့ကိုပြုစားပါ
အသားညှပ်ပေါင်မုန့်တစ်ခုစားသုံးပြီးနောက်မှာ ငါဟာ
အသားညပ် ခံချင်လာတဲ့ ရာဂမျိုးနဲ့ အကြည့်စူးလေး ဆွေးလိုက်မိတယ် သီတာ
နင့်အနောက်မှာ ငါ လှံကြီး ထမ်းပြီးလိုက်လာတာ
သတိများထားမိလား မသီတာ။
နင် ဟာအရမ်းဆိုးတဲ့ ဆိုလ်းမြို့သူ
ငါက ထုချင်တိုင်းထုမယ့် ပြုံယမ်း
အလွတ်တန်း ကစားသမား ဖြစ်ချင်တဲ့အတွက်
စောက်ကျိုးနည်းအမေရိကန် အိပ်မက်ကို ချေဖျက်ချင်တာ ခွင့်လွှတ်ပါ
ပျော်သလားဟေ့ မောင်တို့ရေ ဝေလေလေ ဆိုတဲ့အတိုင်း
ငါ ချော့ရင် ပျော့ပါ ၊ ငါဆော့ချင်ရင် ချော့ပါ ဒါဆို ငါပျော်နေမှာ
တစ်ကမ္ဘာလုံး မုန်းချင်မုန်းပါစေ ငါ့ရဲ့ မဟာကိုရီးယား နိုင်ငံတော်မှာ
နင်နဲ့ငါဟာ သာချင်တိုင်း လသာနေရမှာ
သေနတ်ပြောင်းဝမှာ နင့်ရဲ့ ချောဆီကို သုတ်လိမ်းစမ်းပါ။
ငါဟာ စေတနာအရမယား အယောက်နှစ်သိန်းလောက်ကို မုဆိုးမ ဖြစ်စမ်းချင်ငဲ့
တပ်မှ မတော်ရင် ပြန်နှုတ်ပါ့မယ်ကွယ်
လိုလေးသေးမရှိ အာဏာရှင်ဆန်ကြည့်စမ်းပါ သီတာ
အာရှတိုက်မှာ ဒို့ရဲ့ သံချပ်ကာကို ခြုံလွှမ်းကြမယ်
ပြီးနောက်
လ လမ်းကြောင်းအတိုင်း နင်သီချင်းဆိုပါ
မမှီမကမ်း ဒုံးပျံကြီးကို နင် အလွတ်တမ်းစီးပါ
နင့်ချိုင့်ဝှမ်းတွေကို ငါ့တောင်ပူစာကမြေတွေ ဖို့လိုက်
လက်ပံတောင်းလို ကြင်နာခြင်းမျိုးနဲ့ ခရီးထွက်ကြမယ်
ဟိုး ရှေ့မှာ ကြည့်လိုက်စမ်းကွယ် ဘယ်လောက်များလှလိုက်လဲ
နင်နဲ့ငါရဲ့ မိဘမဲ့ ကလေးတွေ။


မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...