ဇူကာဘတ် အလိုရှိသည် ဆုကြေး ကြိုက်သလောက် (မှူးသစ်)



မစ္စတာ ဇူကာဘက်မှာ တော်တော့်ကို အကျင့်မကောင်းသူဟု ဆိုရမည်ဖြစ်သည်။ ၂၀၃၀ ခုနှစ်အရောက်တွင် ဇူကာဘတ်က ဘာမပြောညာမပြော ထဖေါက်လာသည်။  မြန်မာနိုင်ငံသားတို့ တန်းတန်းစွဲ ဖြစ်နေ
သည့် အချိန်ကြတော့မှ ဖေ့စ်ဘုတ် social Network ကြီးကို ဖျက်သိမ်းပစ် လိုက်သည်။ မြန်မာနိုင်ငံသားအားလုံးဧ။် ဒေါသသည် ဇူကာဘတ်အပေါ် စုပုံကြသွားတော့သည်။ ယုတ်စွဆုံး ဦးသန်းရွှေကိုပင် သတိမရတော့ ဇူကာဘတ်ဆိုလျှင် တွေ့ရာင်္သကျိုင်း
ဓါးမဆိုင်း ဟု ကြုံးဝါး ကြသူများပင်ရှိလာသည်။ တစ်ချို့ကြတော့ ငိုကြီးချက်မတွေဖြစ်၊ တစ်ချို့ဆိုလျှင် ခပ်ကြောင် ကြောင် တွေ ဖြစ်ကုန်ကြတဲ့ အထိ။ ကောင်မလေးအများစုမှာ ၀မ်းနည်းတကြီး  ချုံးချုံးချ ငိုကြသည် လှတပတရိုက်ထားတဲ့ သူတို့ ဓါတ်ပုံ လွှတ်ပစ်ဖို့သာ ရှိတော့သည်ဟု နာနာကျည်းကျည်း ဆိုကြသည်။ဇူကာဘတ်ဆိုလျှင် နုတ်နုတ်စင်း ချင်သည်အထိ တူးတူးခါးခါးဖြစ်ကုန်သည်။ ဇူကာဘတ်ကိစ္စက မြန်မာနိုင်ငံမှာ တော်တော်လေးကို ဂယက်ရိုက်သွားသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဒီကစ္စကနိုင်ငံတော်သမ္မတရုံးထိရောက်သွားသည်။ နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူကြီးတစ်ဦးက ဇူကာဘတ်ကို တရားစွဲ ဖို့ သမ္မတကို မြှောက်ပေးသည်။ သမ္မတ ပြောရေးဆိုခွင့်ရှိသူက
အကောင်အထည်ဖေါ်ရန် မရရအောင်တွန်း သည်။ သမ္မတကြီးကိုယ်တိုင်က ဖေ့စ်ဘုတ် ဆွဲနေ၍လားတော့ မသိ။ ဇူကာဘတ်ကို ဖမ်းဝရမ်းထုတ်ဖို့ အမိန့်ပေးလိုက်သည်။ အမိန့်က ဒီအတိုင်းတော့ ထုတ်လို့သည်မဟုတ် လွှတ်တော်ကို တင်ရသည်။ သို့သော် ကိစ္စမရှိ လွှတ်တော်ကိုယ်စားလှယ် ၈၀ ရာခိုင်းနှုန်းလောက်က ဖေ့စ်ဘုတ်တန်းတန်းစွဲတွေ မဟုတ်ပါလား။ လွှတ်တော်က ဇူကာဘတ်ကို တရားစွဲနိုင်ရန် ဖမ်းဝရမ်းထုတ်ဖို့ အတည်ပြူလိုက်သည်။ ထိုသိုဖြင့် ဇူကာဘတ် ဖမ်းပွဲကြီးမှာ မြန်မာနိုင်ငံတွင် အုံးအုံးကျက်ကျက် ဖြစ်သွားလေတော့သည်။ဇူကာဘတ်ဓါတ်ပုံနှင့် "ဇူကာဘတ် အလိုရှိသည် ဆုကြေး ကြိုက်သလောက် "ဆိုပြီး နေရာအနှံ့ လိုက် ကြေညာသည်။ လ္ဘက်ရည်ဆိုင် ဘီယာဆိုင်တို့ဆိုလျှင် ကြော်ညာဘုတ်တွေ မရှိတော့ ထိုနေရာတွေမှာ ဇူကာဘတ်ပုံတွေ ဖြစ်ကုန်သည်။ ပြောရရင် နန်းခင်ဇေယျာတို့၊ ယုသန္တာခင်တို့၊ ရွှေဇင်တို့ မိုးယုစံတို့ နေရာတွင် ဇူကာဘတ်က ၀င်ယူလိုက်သည့် သဘော..။

ဇူကာဘတ်က ဖေ့စ်ဘုတ်ကို ဗြုန်းစားကြီးဖျက် လိုက်သော်လည်း မြန်မာနိုင်ငံသားတို့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြူမှုနေကြသော အစွဲတွေကတော့ ချက်ချင်းပြတ်မသွားနိုင်ခဲ့။ အင်နားရှားသဘောဟု ဆိုရမည်။ လူတွေစိတ်ထဲမှာ နေမထိ ထိုင်မသာတွေ ဖြစ်ကုန်ကြသည်။ နုတ်တွေ တင်ချင်ကြသည်။ စတေးတပ်တွေ ရေးချင်ကြသည်။ ကွန့်မန့်များနှင့် နောက်လိုက် ပြောင်လိုက် ရန်ဖြစ်လိုက် လုပ်ချင်ကြသည်။ တစ်ချို့ဆိုလျှင် LIKE မလုပ်ရ မ Share ရ ၊ ကွန်မန့် မပေးရသဖြင့် မစားနိုင် မအိပ်နိုင် ဖြစ်ရသည်အထိ။ နေ့ရက်တိုင်း ယောင်ယမ်းပြီး ဖေ့စ်ဘုတ်ကို ဖွင့်ကြည့် မတွေ့ရတဲ့အခါ ကြတော့မှ ချုန်းပွဲချ ငိုကြသူတွေမှာ ဒူးနဲ့ဒေး။
တစ်ချို့ နာမည်ကြီး ဖေ့စ်ဘုတ် အချစ်တက်ကျမ်း စာရေးဆရာကြီးတို့ဆိုလျှင် ငါ့ LIKE တွေ ပျောက်ကုန်ပြီ၊ ငါ့ LIKE တွေ..ပျောက်ကုန်ပြီ..၊ ငါ့ပရိတ်သတ်တွေ ပျောက်ကုန်ပြီ ဆိုပြီး ကြောင်တောင်တောင် တွေပင်ဖြစ်ကုန်ကြတော့သည်။

နောက်ဆုံးတော့ ဖေ့စ်ဘုတ် မရှိတော့သော်လည်း ဖေ့စ်ဘုတ် စွဲနေသော ရောဂါကို  သက်သာစေရန် ဖေ့စ်ဘုတ်ဆွဲသူတွေ စုစည်း၍ ကိုယ့်ဘာသာကိုယ် စိတ်အာသာဖြေခြင်းမျိုးလုပ်လာကြသည်။ လုပ်သည့် ပုံစံက တစ်ခြားမဟုတ် အပြင်လောကမှာ နုတ်ရေးခြင်း စတေးတပ် တင်ခြင်း ကွန့်မန့်ပေးခြင်း Share လုပ်ခြင်း စသည့် ဖေ့စ်ဘုတ်ပေါ်မှာ လုပ်နေကြအရာတို့ကို လဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ရပ်ကွက်အတွင်း၊စသည်ဖြင့် နေရာအနှံ့  အပြင်လောကမှာ လုပ်လာကြသည်။ ဥပမာပေးပြောရလျှင် တစ်ယောက်က စတေးတပ်အနေနဲ့ တစ်ခုခု ပြောလိုက်ပြီဆို သဘောကျတဲ့ မိတ်ဆွေများ "ငါကြိုက်တယ်"ဟု လာပြောကြသည်။  ဒါကတော့ ရှင်းတယ်။ ဒီစတေးတပ်ကို ရှယ် ချင်ပြီးဆိုရင်လျှင် သိပ်မခက် သူရှယ်ချင်တဲ့ စတေးတပ်(စကား)ကို လိုက်ပြောနေလိုက်ရုံပင် (Credit )တော့ ပေးရသည်ပေါ့။ အဲ့ဒီအထိ ပြဿနာက မရှိ ပြဿနာက ကွန်မန့် ပေးတာမှာ ရှိလာသည်။
အပြင်လောက ဆိုတော့ ဖေ့စ်ဘုတ်ပေါ်မှာလို ကွန်မန့် ပေးချင်တိုင်းပေးဖို့ ပါးစပ် တွန့်နေကြသည်။ မျက်နာ နာရတာရှိသည်။ မကျေလည်လို့ သူတင်ကိုတင် ပြန်စော်ကြရင်းနဲ့ ရိုက်ပွဲတွေ ဘာတွေ ဖြစ်ကုန်နိုင်သည်မဟုတ်လား သို့သော် ကိစ္စတော့ မရှိ အပြင်လောကမှာ ဖေ့စ်ဘုတ်စတိုင် လိုက်လုပ်ကြသူအများစုက စာရေးသူ ကဗျာရေးသူ များဆိုတော့ တိုက်ရိုက်ကြီးမပြောပဲ ရွဲ့သလို ခနဲ့သလို သာသာလေး နှက် တတ်ကြသည်မဟုတ်ပါလား။

 အခန်း(၁)
နေရာကား ရန်ကုန်မြို့တစ်နေရာ..

ဖေ့စ်ဘုတ်ပေါ်တွင် နာမည်ကြီး ခပ်ချောချော ကဗျာဆရာမလေးတစ်ဦးက မြို့တော်ခမ်းမရှေ့ အရောက်တွင်

စတေးတပ်ဟု ဆိုပြီး စကားတစ်ခွန်း စပြောလိုက်သည်။

"'နေတွေက ပူလိုက်တာ ကျွန်မ မျက်ရည်တွေ ခမ်းတော့မှာပဲ "
အံ့သြစရာပင် အချိန်ကား မီနစ်ပိုင်းပင်မကြာလိုက် LIKE တွေ ရာကျော်အောင်ရရှိသွားသည်။ သိပ်မကြာ ကွန်မန့်သံတွေက မြို့တော်ခမ်းမကနေ ယောက်လမ်းလောက်ထိ ဆူဆူညံသွားတော့သည်။ "မငိုပါနဲ့ ညီမလေးရယ်" "အရမ်းလှတယ်နော် ""ဆရာမစာတွေက အရမ်း အဓိပါယ်ရှိတာပဲ" "ဟာ ထိလိုက်တာ ရှယ်ပါရစေ" .. စသည်ဖြင့် ကွန်မန့်ပေါင်းက တစ်ရာနီးပါး ဖြစ်သွားသည် နောက်ထပ် ထပ်တိုးလာမယ့် အနေအထားတွေ ရှိသေးသည် စတေးတပ်နှင့် ဘာမဆိုင်ညာမဆိုင် ရန်လာဖြစ်နေကြသည်ကလည်း ရှိနေသည်မဟုတ်လား ။ ဒီထက် ပိုပြီး အံ့သြစရာမှာ ဆရာမလေးရဲ စတေးတပ် ကို ၀ိုင်း Share ကြ ရင်း စတေးတပ်က တာချီလိတ် အထိ ရောက်သွားတော့သည်။(ဒါတောင် နာရီပိုင်း အတွင်း)



အပြင်လောက ဖေ့စ်ဘုတ်စတိုင်ကတော့ ဟိုယခင် ဖေ့စ်ဘုတ်အစစ်နဲ့ ထပ်တူကြနေနိုင်သည်တော့မဟုတ်။ ကွဲလွဲမှုတွေ လွဲချော်မှုတွေက ရှိနေသည်။ ဖေစ့်ဘုတ်အစစ်ပေါ်မှာ စတေးတပ်ပဲတင်တင် နုတ်ပဲတင်တင် အလွယ်တစ်ကူ ကိုယ့်ဝေါ့မှာ တင်လိုက်ရုံပင်။ အပြင်မှာကျတော့ ဒီလိုမဟုတ် တစ်ခုခုတင်တော့မည် ဆိုလျှင် လူစည်ကားရာနေရာတွေကို ရှာရသည်။ လူစည်ကားရုံတင်ဖြင့်လည်းမပြီး ကိုယ့်တင်မယ့်အကြောင်းအရာနဲ့ နေရာဒေသက ကိုက်ညီမှုရှိမရှိပါ အရင်စစ်ဆေးရသည်။ ရှော့ပင်းစင်တာလိုနေရာမျိုးမှာ ဘောလုံးပွဲအကြောင်း စတေးတပ်သွားအော်ပါက ၀ိုင်းပြီးအလှောင်ခံရနိုင်သလို ဘောလုံးပွဲလိုနေရာမျိုးမှာ အသည်းကွဲ စတေးတပ်သွားအော်လို့ကတော့ ကံဆိုးရင် ရိုက်လွှတ်တာ ခံရနိုင်သည်။

အခန်း(၂)

ပြောရမည်ဆိုလျှင် စတေးတပ်တွေကလည်း မျိုးစုံပင်
"ဖက်တီးတစ်ယောက်ရဲ့ အစာအိမ်ထဲကဆန္ဒပြသံကို ညီမလေးနားလည်ပါ့မလား မမရေ နားထောင်ပါ"
မောင်မြတ်သူက မြောင်းမြကနေ လှမ်းအော်သည်။ LIKE တော့ သိပ်မရ ကွန်မန့်တွေ ဗုံးကျဲသလို တအုန်းအုန်းကျလာသည်
"ဂေါက်နေလားကွ ""ကြောင်ပြန်ပြီ" ""...

"ဧပရယ်လတွေကို မကြောက်ရင် ဘီယာသောက်ဖို့ အရောက်လာခဲ့ပါ" ကဗျာဆရာတာယာက ပုလဲမှ ရန်ကုန်တက်လာလာခြင်း စတေးတပ်အော်လိုက်သည်။ ကွန်မန့်ပေးမည့်သူမရှိကြ ကဗျာဆရာ လောက က ဒေါသတကြီးရောက်လာပြီး ကွန်မန့်ပေးသည်
"ဘာကွ"




ဖေ့စ်ဘုတ်ဖျက်သိမ်းပြီးနောက် အပြင်လောကဖေ့စ်ဘုတ်စတိုင်အရွေ့က စီးပွားရေးလောကကို ပါ တဖြည်းဖြည်းရိုက်ခတ်လာခဲ့သည်။အရင်ကလို အင်တာနက်ဆိုင်တွေ အလုပ်မဖြစ်တော့။ အင်တာနက်လိုင်းချပေးသော ကုမ္မဏီတွေအခက်တွေ့ကုန်ကြသည်။ မြန်မာ့ဆက်သွယ်ရေးဆိုလျှင် ဒေ၀ါလီခံရမည့် ကိန်းဆိုက်လာရသည်အထိ ။
ဘာပဲပြောပြော အလုပ်ဖြစ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းရှိလာခဲ့သည်။ လ္ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ စူပါမားကဒ် ပန်းခြံ စသည့်..စသည်.ဖြင့်  လူသည့်စည်ကားသည့် လုပ်ငန်းတွေက အလုပ်ဖြစ်လာကြသည်။ ကန်တော်ကြီး၊ အင်းယားကန်ဘောင် စသည့်နေရာတို့ဆိုလျှင် ကြိုတင်ဘွန်ကင်ကို ၂ ရက်လောက် ကြိုယူကြရတဲ့အထိ။ အဲ့ဒီနေရာတွေက လူစည်သည်မဟုတ်လား။  အချိန်နှင့်အမျှ စတေးတပ်သံ LIKE သံ ကွန်မန့်သံ ၊ စသည်ဖြင့် သောသောညံနေတော့သည်။



အပြင်လောကဖေ့စ်ဘုတ်စတိုင်က တဖြည်းဖြည်း ခေတ်စားလာခဲ့သည့်နှင့်အတူ အဲ့သည့်အပေါ်မှာ မီပြီး စီးပွားရှာ မှုတွေလည်း များလာသည်။ လ္ဘက်ရည်တွေဆိုင်တွေ ဘီယာဆိုင်တွေ မှိုလိုပေါက်အောင် ဖွင့်လာကြသည်။ နာမည်တွေကလည်း သိသည့်အတိုင်း LIKE ကဖေး၊ Share ဘီယာစတေရှင်၊ ကွန်မန့် ပန်းခြံ စသည်ဖြင့်…

ဒါတွေပင်တင်မက ရုပ်သံကြောညာများ မှာပင် LIKE တွေ Share တွေ ကွန်မန့်တွေ က နေရာဝင်ယူကုန်ကြသည်။

“LIKE တွေအများကြီး လိုချင်ပါသလား စိတ်တိုင်းကျသို့ ကြွခဲ့ပါရှင်”
"စတေးတပ်တွေ ပြောရလွန်းလို့ မောနေသလား Oasis နဲ့မှ စိတ်ချရမယ်နော်"
“မရည်တွက်နိုင်သော LIKE များစွာဖြင့် Share ဘီယာစတေရှင်က စောင့်ကြိုနေပါတယ်။”
“စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဘ၀မှာ LIKE တွေ အများကြီး လိုအပ်ပါတယ် အော်ရာမင်းဂျီကို သောက်လိုက်ပါ”
--
အခန်း(၃)

အပြင်လောကဖေ့စ်ဘုတ်စတိုင်သည် ဖေ့စ်ဘုတ်အစစ်လိုပင် Page တွေ ဂရုတွေ ရှိသည်။ အရက်သမားများဂရုဆိုလျှင် ဘီယာဆိုင်တွေ အရက်ဆိုင်တွေ ၀င်ထိုင်လိုက်ရုံ၊ သို့သော် ဟိုအရင်ဖေ့စ်ဘုတ်အစစ်နဲ့ အံ့အားသင့်ဖွယ် ကွဲသွားတာတစ်ခုတော့ရှိသည်။ အဲ့ဒါက အရင်က Page ဆိုလျှင်
ကဗျာ Page သတင်း Page အဖွPage တွေ လူကြိုက်များပေမယ့် ခုကြတော့ အဲ့လိုမဟုတ်တော့ ထူးထူးခြားခြား ဗေဒင်Page aတွ အလုပ်ဖြစ်လာသည်။ ဗေဒင်Page များရဲ့LIKE တွေကို မီနိုင်ဖို့ ဘယ် Page မှ မဖြစ်နိုင်ကွန်မန့်ဆိုလျှင်လည်း မရည်တွက်နိုင်တဲ့အထိအောင်
“မှန်လိုက်တာရှင် ” “သွေးထွက်အောင်မှန်တယ်” “ဒက်ထိပဲ ဆရာရေ” “သောကြာသမီးလေးအတွက် ဟောပေးပါဦးဆရာ” “အသည်းကွဲနေတယ်ဆရာ ယတြာလေးလုပ်ပါဦး” စသည်ဖြင့်..ပရိတ်သတ်အများစုကို Page တွေက  သိမ်းပိုက်လိုက်ကြသည်။
အဲ့လိုဖြစ်လာတော့ ဟိုအရင်က ဒိတ်ဒိတ်ကြဲ စာရေးဆရာတွေက မခံမရပ်နိုင် ဖြစ်လာကြသည်။ LIKE တွေ ၊ကွန်မန့်တွေ အရင်ကထက် နည်းသွားလို့တော့မဖြစ် ဟု တွေးပြီး ဗေးဒင်လိုင်းဘက်သို့ပြောင်းကုန်ကြတော့သည်။ သို့သော် သူတို့က ဗေဒင်ပညာကို လေ့လာလိုက်စားခဲ့သူမဟုတ်တော့ ဟောပြောမှုတွေက အကြားအမြင်ဆန်ဆန် .
“တကယ်လို့ သင်အိပ်ငိုက်နေတဲ့အခါ သင့်ချစ်သူက ဆံပင်ဖြူကလေးတစ်ချောင်းလာနုတ်ပေးခဲ့ရင် သူက သင့်အပေါ်နားလည်မှု အရှိဆုံးလူ လို့ မှတ်လိုက်ပါ ”စသည်ဖြင့် ကဗျာလိုလို အကြားအမြင်လိုလို ရောချပြီး ဗေဒင်လိုင်းဘက်ကို တဖြည်းဖြည်း ကူးလာကြသည်။

အချိန်တွေက တဖြည်းဖြည်းကြာလာသည် သို့သော် ဇူကာဘတ်ကိုကားမမိနိုင်သး ဇူကာဘတ်ဖမ်းစီးရေး ပရောဂျက်ကို မြန်မာနိုင်ငံက စတင်ခဲ့သော်လည်း နောက်ပိုင်းမှာ အာရှနိုင်ငံအများစုနှင့် ဥရောပ နိုင်ငံအချို့ပင်ပါဝင်လာကြသည်။ အာရှမှာဆိုလျှင် တရုတ်နိုင်ငံကလွဲလျှင် နိုင်ငံတော်တော်များက ဇူကာဘတ်ဖမ်းစီးရေးပရောဂျက်မှာ ပါဝင်လာကြသည်။ တရုတ်အတွက်ကအရေးမကြီး ဇူကာဘတ်မပိတ်ခင်ကတည်းကသူတို့ ပိတ်ပြီးသား ။
အမေရိကန်ဆိုလျှင် “ဘင်လာဒင်တောင် မိသေးတာပဲ ဇူကာဘတ်လောက်တော့ အပျော့ ရအောင် ဖမ်းပြမယ်” ဟု ကြုံးဝါးကာ ဇူကာဘတ်ရှာပုံတော်ဖွင့်သည်။
အခန်း(၄)

သတင်းတွေကလည်း အမျိုးမျိုးထွက်လာသည်။ ဇူကာဘတ်က မြောင်းမြမှာ ကဗျာဆရာမောင်မြတ်သူနဲ့ပေါင်းပြီး လက်ဝှေ့သင်တန်း ဖွင့်နေသလိုလို၊ တာမွေအ၀ိုင်းထိပ်က ခေါင်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေသလိုလို၊  စသည့်ဖြင့် သတင်းတွေ အမျိုးမျိုးထွက်နေသလို၊ ဇူကာဘတ်အတုတွေလည်း အများကြီးလည်းထွက်လာသည်။ဇူကာဘတ်က တန်ဖိုးကြီး ပစ္စည်းဖြစ်နေသည်မဟုတ်ပါလား။ ကဗျာဆရာ အောင်ပြည့်က ဇူကာဘတ်ကိုမိပြီးဆိုပြီး အစိုးရလက်အပ်ကာ ဆုကြေးသွားထုတ်သည်။ အမှန်တော့မဟုတ် အရက်ဖိုးလိုနေ၍ မှုးရစ်နဲ့ပေါင်းကာ ကဗျာဆရာအလင်းနှစ်ကို ဇူကာဘတ်ဆိုပြီး စုံစမ်းစစ်ဆေးရေးလက် အပ်လိုက်ခြင်းဖြစ်သည်။ ခံရတာများထားတော့စုံစမ်းစစ်ဆေးရေးကလည်း နပ်နေသည် ဇူကာဘတ်က ဒီလို ပုပုကွကွ မဖြစ်နိုင်ဆိုပြီး ငြင်းလွှတ်လိုက်သည်။ ဒါတောင် ရုပ်ဖျက်ထားတာဟုဆိုပြီး ဆုကြေးမရမက ထုတ်နေသေးသည်။ သို့သော် မရ။
ဇူကာဘတ်က အပုန်းအအောင်း ကောင်းနေသည်။ မည်သို့မှ ရှာမတွေ။့ တဖြည်းဖြည်းနဲ့ ဇူကာဘတ်စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် CID တို့မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံလာရသည်။ စတေးတပ်တွေ အော် ၊ကွန်မန့်တွေရေးပြီး ပြစ်ပြစ်နှစ်နှစ်ဝေဖန်လာကြသည်။
“ဒီလောက်ညံ့နေရင် ထောက်လှမ်းရေးမလုပ်နဲ့တော့ တောင်းရမ်းရေးပဲလုပ်လိုက်တော့ ”စသည့်ဖြင့် စတေးတပ်တွေ ပွထကုန်သည်။

ဖိအားတွေ အရမ်းများလာတော့ နိုင်ငံခေါင်းဆောင်တွေ ခေါင်းကိုက်ကုန်ကြတော့သည်။ ဇူကာဘတ်အမြန်ဖမ်းမိရေး နိုင်ငံပေါင်းစုံပေါင်းစည်းစစ်ဆင်ရေး ဖွဲ့ပြီးတော့ ဇူကာဘတ်ရှာပုံတော်ကို အင်တိုက်အားတိုက်ဖွင့်သည်။



မနက်အလင်းရောင် ထွက်ထွက်ခြင်း သတင်းတစ်ခုက အုံးအုံးကျက်ကျက် ထွက်လာသည်။ လဘက်ရည်ဆိုင် ဘက်စ်ကားဂိတ် ဆိုက်ကားဂိတ် တက်စီဂိတ်စသည့် နေရာစုံတို့တွင် ဟိုလေးတစ်ကျော်ကျော် ဖြစ်နေသည်။ သတင်းက တစ်ခြားမဟုတ်
"ဇူကာဘတ် ခြေရာခံမိပြီ"
ဇူကာဘတ်ခြေရာခံမိသည့် သတင်းနှင့်ပတ်သက်ပြီး စတေးတပ်တွေ ကွန်မန့်တွေကလည်း မျိုးစုံထွက်လာသည်။
"တကယ်ဟုတ်ရဲ့လား အတုတွေလည်း အများကြီးရှိခဲ့တော့" "ဖေ့စ်ဘုတ်ကို အမြန်ပြန်ဖွင့်ခိုင်းပါ" "မသေမခြင်း နဖူးတောက်သက်ကွာ"......

အခန်း(၅)

ဇူကာဘတ် ခြေရာခံမိပြီဆိုသော သတင်းနောက်ဆက်တွဲတွင် တစ်ခြားသတင်းတတွေတစ်ခုခုပြီးတစ်ခု ဆက်တိုက်ဆိုသလိုထွက်လာသည်။ ကမ္ဘာပေါ်တွင် စတေးတပ်အသံ အညံဆုံးအချိန်ကာလဟုပင် ဆိုနိုင်သည်။ သတင်းတွေကားတစ်ခြားမဟုတ် ဇူကာဘတ်ထိန်ချန်မှုဟုဆို၍ ကဗျာဆရာများတစ်ယောက်ပြီးတစ်ယောက် စုံစမ်းစစ်ဆေးရေးက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။သို့သော် သတင်းအစအနက ထူးထူးခြားခြားထွက်မလာခဲ့။ ကဗျာဆရာဆိုသည်မှာလည်း သိကြသည့်အတိုင်း အလှည့်အပတ်က ကောင်းသည်။ စစ်ဆေးသူတွေပင် ချာချာလည်သွားနိုင်သည့် ဘောင်မ၀င်စည်းမ၀င် အဖြေတွေသာ ထွက်လာသည်။

မည်သို့ပင် ခြေရာခံမိသည်ဆိုဆို ဇူကာဘတ်က ပျောက်ချက်သားကောင်းနေစဲပင်။ ကမ္ဘာအနှံ့မှာလည်း "စတေးတပ်သံ တညံညံ ကွန်မန့် ဗုံးကျဲ တိုက်ပွဲ LIKE မြှောက်ပွဲ" ယဉ်ကျေးမှုတို့မှာ တစ်စတစ်စ ပျံ့နှံ့လာခဲ့သည်။

ဇူကာဘတ်ကို ဖမ်းမိခဲ့ပြီး ခုနေ ဖေ့စ်ဘုတ်ကို ပြန် တီထွင် ဖြစ်မည်ဆိုလျှင်တောင်မှ အပြင်လောကရဲ့ "စတေးတပ်သံ တညံညံ ကွန်မန့် ဗုံးကျဲ တိုက်ပွဲ LIKE မြှောက်ပွဲ " ယဉ်ကျေးမှုကို ကျော်ဖြတ်နိုင်ရန် မလွယ်ကူတော့..။


မှူးသစ်

(ဖေါ်ပြပါ သရော်စာကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ ရှိခဲ့သူများ ခွင့်လွှတ်ကြပါကုန်)


1 comment:

  1. ကြိုက်ပါတယ် ရှဲလိုက်ပါတယ်
    facebook.com/amazingsharemyanmar

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...