Sunday, January 13, 2013
လူသေကောင် တစ်ကောင်လို အသက်ရူတယ် (မှူးသစ်)
ပိတ်မိနေဖို့ဆိုရင်တောင် အခန်းကျဉ်းတစ်ခုတော့ ရှိဖို့ လိုအပ်နေလိမ့်မယ့်
အကွာအဝေးတွေဟာ မတွေ့မမြင်ရသလောက် မမြင်ရတာကိုက ပိုပြီး နီးကပ်နေရသလို
ဘယ်တော့မှ မတွေ့မမြင်တော့တာဟာ ဘယ်တော့မှ မဝေးတော့ သလိုပဲ
စတားပြထားတဲ့ စာရင်းမှာ ကိုယ့် နာမည်ဟာ ဘယ်ချိန်ခါမှာမှ အခွင့်အရေးမရှိနိုင်ဘူး
ဒီလိုပဲ အရန်ခုံတန်းကို ငေးကြည့် လစ်လပ်ရင်တောင် ကိုယ့်နေရာဆိုတာ ဘယ်ရှိနိုင်ပ့ါမလဲ
ပြောကြည့်စရာ တစ်ခုခု စကားလုံးတပ်ဆင်မှုတွေမှာ ခဏခဏ ပြဿနာပဲ
တစ်နေရာရာကနေ ဖွင့်ချလိုက်ရတယ် ကိုယ်တိုင်
လူသေကောင် တစ်ကောင်လို ကို အသက်ရူတယ်
အလုပ်မလုပ်တော့တဲ့ နှလုံးခုန်သံ မစီးဆင်းတော့တဲ့ အသက်သွေးကြောများ
ထွက်ရှိလာသမျှ စကားလုံး ထုတ်ကုန် တိုင်းကို အသေ လို့ သဘောထားပါ
မျက်လုံးတွေမှိတ်ထားလိုက်တိုင်း ကာလာဘလိုင်းဖြစ်ဖြစ်နေ ကိုယ့်စိတ်တွေ ကန်းသွားချင်တဲ့အထိ
သတိမရတော့ဘူး ဆိုခဲစေ မမြဲတဲ့ စကားတွေပဲ ဖြစ်လာခဲ့ရတယ်
လူသေကောင်တွေ ပြုံးတဲ့အခါ ဓါတ်ပုံရိုက်ထားစရာ မလိုသလို
လူသေကောင်တွေ ပြုံးပြတဲ့အခါ တန်ပြန် ပြုံးပြစရာ မလိုသလို
လူသေကောင်တွေ ခြေမလေး ကွေးသွားတဲ့အခါ ပြန်ဖြောင့်စရာ မလိုသလို
ဘာကို မှ မှတ်တမ်း တင်ထားဖို့ မလိုအပ်
ကဗျာတစ်ပုဒ်ဟာ ပင်လယ်ကမ်းခြေတစ်ခုလို
ရှိရှိသမျှ အမှိုက်သရိုက် အညစ်အကြေးတွေ အားလုံး စုစည်း ကမ်းကို ကပ်ဆိုက်
အားလုံး ထုတ်ပိုး သိမ်းဆည်းပြီးသွားတဲ့ အခါ ဘယ်ကို ပို့လွှတ်လိုက်ရမလဲ
မျို ချ လို က် မိ တ ယ်
ကိုယ်ဟာ လူသေကောင် တစ်ကောင်လို အသက်ရူရင်း
မှူးသစ်
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment