Monday, January 21, 2013

တွေ့ရှိချက်တိုင်းဟာ အမှန်တရားမဖြစ်နိုင်လဲ အမှန်တရားပါပဲ (မှူးသစ်)


လူသားတစ်ယောက် အဖြစ်ကိုရရှိထားရင်း
လူသားဆန်မှုတွေကနေ ကိုယ် ဘယ်လို ရုန်းထွက် ရမလဲ
ပေးလိုက်သမျှ တစ်ခုခုပြန်လိုချင်နေမိတဲ့ စိတ်ဆန္ဒ အာသီသများ
တောက် တစ်ခေါက်ခေါက် အလိုလိုဖျော့ကျသွား တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု
ခံစားမိသမျှဟာ အရုပ်တွေ ကြိုး ဖြတ် ချ မိလိုက်သလိုပဲ
အပိုင်းပိုင်း လဲပြို ကျ လာ လေထုထဲမှာ မျောနေတယ်
အဆိပ်သင့်စေတဲ့ ဓါဒေဗဒ ပေါက်ကွဲ ရနံ့တွေကြားထဲမှာ ရှင်သန်လာတဲ့

မျှော်လင့်ချက်တစ်ခုလို ရောဂါတစ်စုံတစ်ရာနဲ့ အချိန်မရွေး ထ ပေါက်ကွဲသွားနိုင်
အချိန်ကိုက်မထားတဲ့ ဗုံးတစ်လုံးလို အစွန်းတစ်ဖက်မှာ တည်းတည်းကလေး
မွေးရာပါဒဏ်ရာဆိုတာ စိတ်ပိုင်းဆိုင်ရာ မသန်မစွမ်းမှုတွေပဲ
တွေ့ရှိချက်တိုင်းဟာ အမှန်တရားမဖြစ်နိုင်လဲ အမှန်တရားတစ်ခုထက်တော့ ပိုနေပါတယ်
လူသားဆန်မှုတွေထဲမှာ တစ်ကိုယ်ရည်တကာယ အတ္တတွေ သေးသေးလေး
လေမှာပျံဝဲသမျှ သစ်ရွက်ကလေးတွေကစပြီး ပစ်ချလိုက်ချင်တယ်
ပြုံးရယ်မှုတွေ ပြန်လည်ပြီး အသက်သွင်းကြည့်ဖို့ ကြိုးစားမိ
စကားလုံးသက်သက်မှာ နွေးထွေးမှုတွေ အနွေးဓါတ် မရှိတော့ဘူး
ဖုန်းမြည်သံကလေးတစ်ချက်ဟာ လူတစ်ယောက်ရဲ့ စိတ်ကို
နာရီပေါင်းများစွာ ယောက်ယတ်ခတ်နေစေလေရဲ့
မိန်းမတစ်ယောက်ရှိက ချစ်ခြင်းမေတ္တာတွေ ရရှိဖို့ ဘာတွေလိုအပ်မလဲ
ချစ်ခြင်းမေတ္တာက လွဲပြီး ကျန်တာတွေ အားလုံး လိုအပ်နေလိမ့်မယ်
ငွေကြေးစည်းစိမ်၊ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှု၊
စကားလုံးသက်သက်ဆွဲဆောင်မှုရှိနေမယ့် Tex Message .. လိင်ပိုင်ဆိုင်ရာပြီးပြည့်စုံမှု
စသည်ဖြင့်ပေါ့....
တွေ့ရှိချက်တိုင်းဟာ အမှန်တရားမဖြစ်နိုင်လဲ အမှန်တရားတစ်ခုထက်တော့ ပိုကောင်းပိုနေမယ်
လူသားဆန်မှု အချို့အဖြစ်အပျက်တွေ လူမှုပတ်ဝန်းကျင် စရိုက်သဘာဝတွေကနေ
လွတ်ထွက်သွား
ကိုယ်မရှိလဲ ကိုယ် နေတတ်ပါတယ် လူသားဆန်မှုတွေထဲက လွတ်မြောက်သွားတဲ့အခါ
နောက်ကျောမှာ စိုက်ဝင်နေသမျှ အရားအားလုံးကို မေ့ပစ်လိုက်မယ်
လင်းတစ်ချက် မှိတ်တစ်ချက် တစ်ကိုယ်ရည်တကာယ အတ္တတွေ သေးသေးလေး
တန်ဖိုးကြီး တံဆိပ်ခေါင်းကပ်ထားတဲ့ စာအိတ်ထဲကတစ်ဆင့်
ပို့ပေးကြည့်ချင်တယ် *င်္ခြသေ့င်္လည်ပြန်*
ရှာဖွေတွေ့ရှိချက်ဟာ အမှန်တရားမဖြစ်နိုင်လဲ အမှန်တရားပါပဲ
ချစ်ခြင်းမေတ္တာမှာ ချစ်ခြင်းမေတ္တာမရှိ ဘူး




                                                                                                 မှူးသစ်
*င်္ခြသေ့င်္လည်ပြန်* စိုင်းခမ်းလိတ် သီချင်းတစ်ပုဒ် ခေါင်းစဉ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...