၁။
အဆိပ်မိထားတဲ့ ခွေးအ တစ်ကောင်ဟာ
အစာမြင်တိုင်း ထိတ်လန့်
ဆာလောင်မှုကို အသက် နဲ့ လဲယူလိုက် ရတော့မယ့်
အခြေအနေ
ရောက်တဲ့ နေရာ အရပ်ဒေသ မှာပဲ စိတ်ရောကိုယ်ပါ
ဖြုတ်ချ ဖျက်ချ ချင်မိတဲ့
အညံ့တရားတွေ ပြို ဆင်း ကျလာ
စိုစွတ်နေတဲ့ ရေတွေ ကို ခါထုတ် ပစ်လိုက်တယ်
တစ်နေရာရာကနေ ပြုတ်ကျသွား တော့မယ်ဆိုတဲ့ အသိ
ခံစားမှုဟာ အစွန်းဘက်ကို တွန်းထုတ်ခံ နေရ တဲ့ အထိ အတွေ့ များ
ဖိအား ဆွဲငင်အား ဘာကိုမှ မတွန်းလှန်နိုင် သွေးရဲသားရဲ
တစ်ခုခုကို ဖမ်းဆုပ်ထားမယ့် လက်ဖ၀ါးမှာ အားအင်တွေ
လျော့လျဲ သွား
အလန်းတကြား ထအူ ကြည့်ဖို့ ကြိုးစားတိုင်း
လည်ချောင်းဝကနေ ပြတ်လျှလာတဲ့
အသံတွေ တိမ် "အ" ........
နေ ၀င် တာတောင် ခေါင်းမော့ကြည့်ရုံ မတတ်နိုင်
ညနေ ခင်း တွေ
တစ်ယောက်ထည်း မနေရဲတော့ဘူး
တစ်ကောင်ထည်း ထိုးထိုး ဟောင်နေ မိတယ်
ရုတ်ရင်းကြမ်းတမ်းမှုများ
အရေပြားတစ်ခုလုံးကို ဆွဲစုတ် လိုက်ဖို့ နူးညံ့ချက်တွေ
အသွေးအသား အသံ တစ်စုံတစ်ရာနဲ့
ထိတွေ့လိုက်မိရင်တောင် လေထုတစ်ခုလုံးကို
သင်္ကာမကင်း ဖြစ်
တိမ်ငွေ့ တစ်စက်လောက် ကျလာရင်
လျှာဖျားနဲ့ လျှပ်ကြည့်လိုက်ဖို့ ထိတ်လန့်နေတယ်။
မှူးသစ်
1/24/2013 __ PM 11 : 02
No comments:
Post a Comment