Friday, January 25, 2013

အိမ်မက်ဆိုတာ မနိုးခင်အထိတော့ ကမ္ဘာတစ်ခုလိုပဲ ဖြစ်နေပါလိမ့်မယ်


တစ်ခုခုကို တွေးတော့မယ်ဆို ကိုယ့်စိတ်ကို ကိုယ် ခြုံခိုတိုက်ဖို့ စတင်စဉ်းစား
ကိုယ်ကိုယ်တိုင်အဝေးဆုံးကိုထွက်ပြေးလိုက်မှဖြစ်တော့မယ် အလိုအလျောက်တုံ့ပြန်ဖို့တောင်အားအင်တွေမရှိ
စကားလုံးတပ်ဆင်မှု စက္ကန့်ငယ်တွေ ကြားထဲမှာ ဦးနှောက်တစ်ခုလုံး ပျာယာခတ်ကုန်တယ်
တစိမ့်စိမ့်ကျလာတဲ့ အတွေးအခေါ်တွေမှာ မှားယွင်းမှု့ဟာ သီအိုရီတွေနဲ့
ခိုးဝှက်ပြီးမှစားရတဲ့ အရသာကိုပဲ နှစ်ခြိုက်နေမိတာ ပြသနာဖြစ်လို့

လွဲမှားနေတဲ့ ရာသီတွေထဲမှာ မိုးခိုမိတဲ့စိတ်ဟာ ဒဏ်ရာတွေကို တစက်စက်ချွေချလာတယ်
အမှားအယွင်းမရှိနိုင်ဘူးဆိုလည်း အထပ်ထပ် မှားယွင်းနေဦးမယ်
နေထိုင်ရခက်မှုတွေကို ဘာတံဆိပ်ကပ်ပြီး ဘယ်လိုအရောင်တွေ ထပ်ဖြည့်လိုက်ရမလဲ
မှောင်နေရတာကပဲ ပိုသန့်ရှင်းလွန်း
ချောင်ပိတ်မိထားတဲ့ စိတ်ကူးသက်သက်မှာ ရှင်သန်မှုတွေအားလုံးဟာ စိတ်မှာ ဂျက်ထိုးပိတ်လိုက်သလိုပဲ
ငတ်မွတ်နေတဲ့ စိတ်ဟာ ရိုးသားချင်းတွေကိုပဲ တဂျွတ်ဂျွတ် ကျွ ရွ လာတယ်
ကိုက်ဖဲ့စားသုံးလာတာနဲ့အမျှ ချစ်ချင်းမေတ္တာဟာ ပျောက်ကွယ်သွားတော့မယ်
ကိုယ့်လက်ဖဝါးတွေကို ဆုပ်ချေဖြန့်ချေ
တွေဝေနေတဲ့စိတ်ထဲမှာ အိမ်မက်တွေဟာ ကျိုးကျေမွလို့
ချစ်ခြင်းမေတ္တာတရားမှာ ရိုးသားမှုတွေဟာ တပ်မက်စွာနဲ့ လိုအပ်နေတယ်
ပျှော်ရွှင်မှုဆိုတာ မင်းနှုတ်ခမ်းမှာ ဖြစ်တည်လာတဲ့ လေယူလေသိမ်းကလေးပဲ
ဒီထက်ပိုပြီး ဆာလောင်မှုတွေ ဘယ်လိုနည်းနဲ့မှ ဖွင့်ဆိုကြည့်လို့မရနိုင်ဘူး
လေထဲမှာ လွင့်သွားတဲ့ စကားလုံးတွေလို သစ္စာတရားနဲ့ ရိုးသားမှုမှာ
ကြိမ်နှုန်းတွေသာ ရှိနေမယ်ဆိုရင် ပျှော်ရွှင်ပါတယ် ထရီဇာ
အိမ်မက်ဆိုတာ မနိုးခင်အထိတော့ ကမ္ဘာတစ်ခုဖြစ်နေပါလိမ့်မယ်
မျှော်လင့်ထားသမျှကို လေယူလေသိမ်းတွေအောက် ကပိုကရို ဖျက်သိမ်းပစ်ဖို့
တစ်စုံတစ်ရာ သတ်မှတ် ပြဌာန်းခွင့် များ လိုနေမလား
တိတ်ဆိတ်တဲ့ စကားသံတွေမှာ သွေးခုန်နှူန်းဟာ ထိန်းချုပ်မှုမဲ့စွာ လည်ပတ်နေတယ်
ရေးတေးတေးလေးမြင်နေရတဲ့ အာရုဏ်ဦးစ နေရောင်လေး
ခံစားမိသမျှဟာ မကြာခင်မှာ လွင့်ကျလာတော့မယ်
ဖွက်ထားမိတဲ့ စကားလုံးတွေက ခြောက်သွေ့လာတဲ့နှုတ်ခမ်းလေးကို စိုစွတ်စေချင်ပုံပဲ
မိုက်မဲလိုက်တယ် တယူသန်လွန်းတဲ့ စိတ်ထဲမှာ မွန်းကျပ်မှု့တွေကပဲ နေရာယူလာ
အလင်းရောင်အောက်မှာ မျက်လုံးတွေဟာ အာရုံမှောက်မှားလို့
တစ်ယောက်ကိုတစ်ယောက်က အဓိပယ်ဖွင့်ပုံလေး မှားယွင်းသွားတာနဲ့အမျှ
ရိုးသားမှုတွေ အလောင်မြိုက်ခံလိုက်ရနိုင်တယ်
စိတ်ကို ပြန်ဆူဆိုက်လုပ်သလိုသွေးကြောထဲကို ထည့်လွှတ်လိုက်တဲ့ ဆက်သွယ်မှု နက်ဝပ်ကြိုးကလေး
ကုတ်နံပါတ်တွေအရ ဖြစ်တည်လာတဲ့ စကားလုံးသက်သက်ဟာ
နားရွက်ဖျားကလေးစတင်ပြီး စိတ်တစ်ခုလုံးကို ရှော့ရိုက်ပစ်လိုက်တယ်
ကိုယ့်စိတ်ရဲ့အသွင်သဏ္ဍာန်တွေထဲက ဘာမှန်းမသိရတဲ့တစ်ခုခုဟာ မသဲမကွဲဖြစ်နေ
ကိုယ့်ရဲ့အာရုံခြောက်ပါး အနားမှာ တရစ်ဝဲဝဲ လှည့်ပတ်နေသလား
ဘာကိုမှမိမိရရဖမ်းဆုပ်လို့မရနိုင်တော့ဘူး
ခံစားမှု့တွေကို မီးင်္သဂြိုလ် ပြီးတဲ့ အခါ တယုတယကလေး လွင့်ပြစ်ကြည့်လိုက်မယ်
ခံစားမှု့အတုတွေဟာလေနဲ့အတူပါသွားတဲ့အခါ ခံစားချက်စစ်စစ်တွေကို
ဖမ်းဆုပ်ပြီးလက်ဖျံရိုးမှာ အမည်နာမ်မ ကလေးတစ်ခု ခပ်ဖွဖွရေးလို့
အိမ်မက်တစ်ခုဟာ ပျက်သုဉ်းတော့မယ်ဆိုရင်တောင် မှ
ခပ်ရေးရေး နာမည်ကလေးကဆက်လက်အသက်ရှူနေလိမ့်မယ်

အိမ်မက်ဆိုတာ မနိုးခင်အထိတော့ ကမ္ဘာတစ်ခုလို့ပဲဆိုပါစို့




မှူးသစ် ၊ ကိုမှူး (၂၄.၁.၂၀၁၃)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...