‎"၂၀၁၃ မှာတမ်း" (မှူးသစ်)

ပလက်ဖေါင်းပေါ်က ဒဏ်ရာတွေ မရင့်ကျက်မီ
ဒီမိုကရေစီဟာ Celebrity တွေနဲ့ ပေါင်းစပ်သွားခဲ့ပြီ
သိပ်ထူးဆန်းတာပဲ..
ကမ္ဘာကြီးရဲ့လည်ပတ်မှုတွေကတော့ သွေးသားအမှန်မဟုတ်တော့ပြန်ဘူးတဲ့
ကိုယ်ချင်းစာတရားနဲ့ လူ့အခွင့်အရေးကို လေလံပစ်ခွင့်ရှိသလား
ငွေကြေးရယ်၊ ကျော်ကြားမှုရယ်၊လူ့အခွင့်အရေးရယ် နိုင်ငံရေးရယ် ပေါင်းစပ်မိသွားတဲ့အခါ
ဒီမိုကရေစီမျက်နာဖုန်းတင်ထားတဲ့ ဂျာနယ်တွေ အရောင်းသွက်လာခဲ့ပေါ့
ကျွန်းလည်းမဟုတ် ကိုင်းလည်းမဟုတ်တဲ့အခါ ဘာကိုမှ မီလို့မရ
အမွှေးပွပွနဲ့ခွေးကလေးတွေအသုံးပြုဖို့ ရှော့ပင်းစင်တာကြီးပေါ်မှာ
တန်ဖိုးကြီး ပါင်ဒါဗူးလေးတွေရောင်းကောင်းပေမယ့်
့ကလေးငယ်တစ်ယောက်ရဲ့ ဆာလောင်မှု မျက်လုံးတွေဟာ
ပလက်ဖေါင်းပေါ်မှာ ရောင်းမကောင်းရှာဘူး
မေတ္တာတရားဟာ ကြောင်ကလေးတွေ ငါးကြော်ကောင်းကောင်းစားစားရပြီး
ဘိုးဘွားရိပ်သာ ၀င်ခွင့်မရတဲ့ အဘွားအိုတစ်ယောက်ခင်မျာ
ငါးဆယ်တန်းအနွမ်းလေး စုပ်ကိုင်လို့ မြေပဲ ဘယ်လိုဝါးရမှန်းမသိ
လူ့အခွင့်အရေးကိုအော်နေသူကြီးတစ်ယောက်ကတော့
အိမ်က မိန်းမရဲ့ မယားအခွင့်အရေးကို မေ့နေရှာသတဲ့
ဒီလိုနဲ့ ပဲ..
အစွန်းရောက်မှုကို တွန်းလှန်မိတဲ့ အခါ အစွန်းရောက်မှုရဲ့
အစွန်းကို ရောက်သွားမိပြန်ရော..

မှူးသစ်

1 comment:

  1. ဘိုးဘွားရိပ်သာ ၀င်ခွင့်မရတဲ့ အဘွားအိုတစ်ယောက်ခင်မျာ
    ငါးဆယ်တန်းအနွမ်းလေး စုပ်ကိုင်လို့ မြေပဲ ဘယ်လိုဝါးရမှန်းမသိ

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...