အစိမ်းသက်သက် ဖြစ်စေတယ် မင်းကိုယ့်ကိုယ်မမြင်နိုင်ဘူး (အေးချမ်း …. ။ မှုးသစ်…..။)


စိတ်ဓာတ်တွေဟာ တစုံတယောက်ရဲ့ အရိပ်အာဝါသကနေကင်းလွတ်ငြိမ်းချမ်းနေမယ်ဆိုရင်
ဒီကမ္ဘာလောကကြီးကို ကျေးဇူးတင်ပါတယ် ကိုယ်ပေးနိုင်တာထက် ဘယ်သူတွေဘာများပိုလိုချင်ခဲ့ကြလဲ
ခွဲခွာရမယ်ဆိုတဲ့ စကား မရှိရင် ကောင်းမယ် * ညီငယ်တယောက်ရဲ့ စကားသံ
အဲ့အသံမှာ ကိုယ်ဟာ ဘ၀မရှိတဲ့အလင်းမဲ့ကောင် အဲ့လိုမျိုး နက်ရှိုင်းမှုကိုယ်ရတယ် အမှောင်တွေ တစိမ်းဆန်လာတယ် ၊
အဲ့တစိမ်းဆန်မှုထဲ တိုးဝင်သွားရတယ် ကိုယ့်ကိုယ်ကိုယ် ပြန်ပေးကြည့်ချင်တယ် တစုံတစ်ခုကနေလွတ်ကင်းခွင့်ရနိုင်မလား
ချစ်ခြင်းထက် မေတ္တာက ပိုအရေးပါသလို အဲ့မေတ္တာက သွားတော့ ဆိုတဲ့အသိမျိုးပေးတယ် ၊
အဲ့အသိဟာ စိတ္တဇအသိ ၊ လိင်ကိစ္စထက် ၊ နိုင်ငံရေးကိစ္စထက် ၊ သမီးရည်းစားကိစ္စထက် ၊
ပညာရေးကိစ္စထက် ၊ သဘာဝစိမ်းလန်းစိုပြေရေးကိစ္စထက် ၊ ထသွားထလာ
စိတ်ဓာတ်ပေါက်ကွဲခြင်းကိစ္စတွေထက်
အရာအားလုံးထက် ကိုယ်နဲ့ မင်းနဲ့ ထက် ပိုပြတ်ရှသွားတယ်  ။
ကိုယ် နဲ့ ကိုယ်ဟာ အဝေးဆုံးကနေ ကိုယ် နဲ့ ကိုယ်မဟုတ်တော့သလို  အ သွားတယ်
အစိမ်းလိုက်ဖြတ်တောက်ထားတဲ့  နာကျင်မှုတွေဟာ
ကမ္ဘာကြီးနဲ့ကိုယ် အစိမ်းသက်သက် ဖြစ်စေတယ် မင်းကိုယ့်ကိုယ်မမြင်နိုင်ဘူး
အသိဥာဏ်တွေ ထိတွေ့မှုတွေ လူပတ်ဝန်းကျင်တစ်ခုလုံးပဲ ကိုယ်တို့တွေ မမြင်နိုင်ခဲ့ကြဘူး
ချစ်ခြင်းမေတ္တာကို အဓိပယ်ဖွင့်ဆိုနေတဲ့ အပေါစား ဇတ်ဝင်ခန်းတွေ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေ
စကားလုံးအစုတ်အပြတ်တွေ ဒီလိုနဲ့ပဲ ဘ၀ကြိးမှာ ကိုယ်ဘာတွေပေးလိုက်ရမှန်း ကိုယ်ဘာတွေ ဆုံးရှုံးလိုက်ရမှန်း
မသိတော့ဘူး ။ အဲ့အကြောင်းတွေကို မြန်မာစာ နဲ့ ရေးပြလို့ မရသလို ရေးပြဖို့ ဘာသာစကားဟာ ဒီကမ္ဘာမှာ မဲ့နေတယ် ။
ကင်ဆာတွေကို ငါနှစ်သက်ပစ်လိုက်ချင်တယ် ၊ cancer ငါဟာ ငါ့ရဲ့ ကင်ဆာ ၊ မိသားစု ရဲ့ ကင်ဆာ ၊ my chemical romance ရဲ့  ကင်ဆာ ။
ကိုယ်ပေးလိုက်တဲ့ sense မျိုး မင်းမရလိုက်တဲ့ခါ ၊ ကိုယ်ပေးချင်တဲ့အတွေးမျိုးခင်ဗျ
ားတို့ လိုက်မတွေးနိုင်တဲ့အခါ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ ။ဒီနေရာမှာ ရပ်လိုက်မလား ။
ကိုယ်ဟာ နိုင်ငံရေးလုံးဝစိတ်မ၀င်စားတဲ့
လူငယ်တယောက် ၊My Generation Is Zero ( greenday) ရဲ့ စာကြောင်းတခုလို
ကျနော်ရဲ့ ဖြစ်ပျက်မှုတိုင်းဟာ ဘောင်အပြင်ဘက်မှာ ရောက်နေခဲ့ရင် ခင်ဗျားရဲ့  ဖီးလာမှုဟာ မသိစိတ်ထဲက ထွက်ကျလာခဲ့ပြီးရင်
ခင်ဗျားရောက်နေတဲ့နေရာမှာ ခင်ဗျားဟာ ရပ်တန့် သွားခဲ့ရင်  အရာအားလုံးဟာ မတော်တဆပါ လို့ ခင်ဗျား ပြောမလား။
စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့အရသာကို ခင်များမှ မခံစားရဖူးတာ အာရုံခံစားမှုတွေဟာ တစ်စုံတစ်ခုရဲ့ ဖမ်းချုပ်ထားခြင်းကို ခံထားနေရတယ်။
သေခြင်းတရားဟာ ခင်ဗျားကို ဖိတ်ခေါ်ပွဲကျင်းပပြီး ခင်ဗျားဟာ ပထမ မရချင်တဲ့စိတ်ဓာတ်နဲ့သွားပြိုင်နေရရင်
ခင်ဗျား ပျော်ရွင်မှုကို ၊ ခင်ဗျား မပျော်ရွင်မှုကို ဖုံးဖိထားပါ ။
နာကျင်မှုတွေက လွဲပြီး တစ်ယောက်ယောက်ရှိက လိုချင်လာတဲ့အခါကြရင်
ကျွန်တော် ဘာကိုများ တောင်းဆိုမိမလဲ ကိုယ့်ကိုယ်ကိုယ် ပြန်လွတ်မြောက်ဖို့ကျွန်တော် မလိုချင်ဘူး
ဘာမှမရချင်တော့ဘူး။ စိတ်ပိုင်းဆိုင်ရာ ပြတ်ကျသွားမှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ချို့ တဲ့နေရတဲ့ အရသာတွေ
အရာအားလုံး လူတွေအားလုံး ကိုယ်နဲ့ မဆိုင်တော့ဘူးဆိုတာတွေ  မလိုချင်ခဲ့မိဘူး
မလိုချင်ပဲအတင်းပေးခဲ့တဲ့အခါ Inn ဆိုတဲ့ စကားတခွန်းဟာ  အတော်တာသွားခဲ့ပါတယ်
စကားလုံးမရှိအတွေးမရှိ  မူနင် ။ငြင်းလို့မရရင် ကျားကန်လိုက်ချင်တယ် ။
တစ်ခုခုဖြစ်ချင်နေတယ် ပကိအခြေအနေထက် တစ်ခုခုပိုဖြစ်ချင်တယ်
ငါအော်ဆဲတော့ရော စင်္ကြာဝဋာရဲ့  တံခါးချပ်တွေဟာ ဖွင့်သွားခဲ့မှာလား ။
ငါမေးချင်တယ်.. ငါအော်ဆဲတော့ရော စင်္ကြာဝဋာရဲ့  တံခါးချပ်တွေဟာ ပွင့်သွားခဲ့မှာလား
ငါတို့ ဟာ ဆုတောင်းခြင်းကို ယုံကြည်ခဲ့သလို ဆုတောင်းခြင်းဟာလည်း ငါတို့ ကို ယုံကြည်ခဲ့ဖူးလို့ လား
ငြင်းပယ်ခြင်းတွေကလွဲပြီး ဘာတွေများ ရခဲ့ဖူးလဲ ။
လက်ဖ၀ါးတွေ အေးစက်ခဲ့တယ် ဒူးခေါင်းတွေ ပွန်းစပ်ခဲ့တယ် ဘာကိုမှ မရွေးချယ်ဖြစ်ခဲ့ဘူး…အရွေးချယ်ခံမဖြစ်ခဲ့ဘူး
လူတွေဟာ ကြောက်ခြင်းအတွက် ဘုရားသခင်ကို ရွေးချယ်ခဲ့ကြသလိုမျိုး ၊ ငါရဲ့ ကြောက်ခြင်းအတွက် ဘာကို ရွေးချယ်ခဲ့တာလဲ
ကြောက်ရွံခြင်းတွေအတွက် ကိုယ်အေးစက်ခဲ့ရတယ်။ ကိုယ်မှာ လည်ပတ်နေတာ သွေးသားတွေနဲ့ မဟုတ်တော့တဲ့အထိ..
ငါကတော့ ငါ့ကြောက်ရွံ့ ခြင်းတွေအတွက် ငိုခဲ့ရတယ်
မှောင်မှောင်ကျသွားတယ် နာကျင်ခြင်းတွေအားလုံး ကိုယ်သိမ်းပိုက်မိတဲ့အခါ ဘယ်ကိုထွက်သွားမိမလဲ ။
ငါတို့ ရဲ့ မီးချောင်းတွေဟာ ဘယ်တုန်းကမှ သူ့ အလိုလိုမလင်းခဲ့ပါဘူး
ကိုယ့်ရဲ့ အုတ်နံရံမှာ ကိုယ်ဟာ ဘာပန်းချီမှ မဆွဲခဲ့မိဘူး
wiskeys သီချင်း … Don't go သီချင်း
ချစ်ခြင်းမေတ္တာနဲ့ လိင်ပြဿနာဆိုရင် ခင်များဘာကိုရွေးချင်လဲ ။
ခုတလော original sin ဇတ်ကားကို ပြန်ကြည့်ချင်နေတယ်
ချစ်ခြင်းမေတ္တာဆိုတာ ချစ်ခြင်းမေတ္တာဆိုတာ မိန်းမတစ်ယောက်ကြောင့် အဓိပါယ်တွေအများကြီးပြောင်းလဲသွာစေနိုင်တယ်
လူ့ ဘ၀မှာ ကွက်လပ်တွေရှိတယ် .....အဲ့ကွက်လပ်တွေဟာ လူတယောက်ချင်းစီရဲ့ ထွက်သွားမှုအရေအတွက်ပဲ…။
ကျွန်တော်သေသွားခဲ့ရင်ရော ဘာတွေ ဖြစ်လာမယ်မလဲ
ကိုယ့်ကိုယ်ကိုယ်ကလွဲရင် အရာအားလုံးကို တန်းဖိုးထားကြည့်ချင်ပါတယ်။
ခင်ဗျားသေသွားခဲ့ရင် ခင်ဗျားဝိညာဉ်ကို ဘုရားသခင်က ခေါ်သွားလိမ့်မယ် မထင်ဘူး။
လူတိုင်းဟာ ကိုယ့်ဝိညာဉ်ပဲ ကိုယ်ခေါ်နေကြတာပါ အရှိတရားဟာ ပျက်စီးခြင်းနိမိတ်မဟုတ်ဘူး ...။
အရှိတရားဟာ သာမန်အဖြစ်အပျက်တွေပါပဲ …။ နောက်ထပ်ရှင်သန်မှုဟာ ၀ိညာဉ်တွေလည်း မဖြစ်စေချင်တော့ဘူး
အရှိတရားဆိုတာ ကိုယ်ကိုယ်ကိုယ်တိုင်မှမဟုတ်တာ ဘာတွေကို မီတွယ်ပြီးတော့များ ကျွန်တော်တို့ အရှိတရားတွေ ရှင်သန်နေရလဲ….။
တိမ်တွေဟာ အရမ်းလှတာပဲလို့ ကျွန်မပြောရင် ရှင်ယုံလိုက်ပါ (ဂျုး) …။
ဆောရီး ကျွန်တော်ဘာကိုမှ မယုံကြည်တတ်တော့ဘူး
နောက်ဆုံး လူတွေပြောပြောနေတဲ့ ၀ိညာဉ်တွေအထိ အလှတရားဆိုတာ လူပတ်ဝန့်ကျင်ထဲက
လူတွေကို သစ္စာဖေါက်ဖို့ ဖျက်စီးဖို့ ကြိုးစားနေတာ ခင်များမသိဘူးလား။
တစ်ခါတစ်လေ ပျံသန်းကြည့်ချင်ပါသေးပါတယ်..။ နာကျင်မှုတွေဟာ အငွေ့ပျံလာတဲ့တစ်နေ့
အာရုံခံစားမှုတွေဟာ တစ်စုံတစ်ခုရဲ့ ချုပ်ကိုင်မှုတွေက လွတ်မြောက်လာတဲ့တစ်နေ့
"လူသားမှာ စိတ်ရိုင်းတွေသာရှိခဲ့ရင် မျက်လုံးများနဲ့ နားများက သူ့အတွက် ဆိုးဝါးတဲ့သက်သေတွေပဲ (ဟိကရာလိတပ်စ်) "
သက်သေမရှိပဲ သက်သေကြည့်ကြမယ် အရှိတရားဆိုတာ ကလစ်တစ်ချက်နှိပ်သလောက်မလွယ်သလို
ကလစ်တစ်ချက်နှိပ်လိုက်သလောက်လဲ ခက်ခဲပါမလား ခက်ခဲတဲ့ အတွေ့အကြုံတွေ့ဟာ ကိုယ်မဟုတ်ပဲ
တစ်ခြားတစ်ယောက်ရဲ့ ဒဏ်ရာတွေကနေ စတင်ခဲ့ရတယ်။
ဖြစ်နိုင်မယ်ဆိုရင် ချစ်ခြင်းမေတ္တာကနေတဆင့် နာကျင်မှုသက်သက် ဒဏ်ရာတွေ ရယူချင်ပါတယ်။ တခုပဲ..။

တိမ်တွေဟာ အရမ်းလှတာပဲလို့ ကျွန်မပြောရင် ရှင်ယုံလိုက်ပါ (ဂျုး)…


အေးချမ်း …. ။ မှုးသစ်…..။

1 comment:

  1. ကိုယ်ပေးနိုင်တာထက်ဘယ်သူတွေဘာများပိုလိုခြင်ခဲ့ကြသလဲ

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...