Friday, November 30, 2012
ညာဘက်လက်ကောက်ဝတ် ကြီးကိုတိတိရိရိ (သက်ငြိမ်သစ်)
ဘယ်လိုလဲ တစ်ခုခုဟာသေချာလား ။
လေထဲလက်နဲ့စမ်းလိုက်မိတဲ့ သွေးညှီနံ့လား
မြေကြီးက တူးဖော်တွေ့ရှိခဲ့တဲ့ ရေနံကြောကြီးလား
ဘယ်ကိုချော်ထွက်သွားတာလဲ ။ အလွှာပါးလို့လား တစ်ကမ္ဘာခြားနေလို့လား ။
ဒါမှမဟုတ် မြွေတစ်ကောင်လို လျှောထွက်ခဲ့တာလား
ဟိုမှာ အစိမ်းရောင်အသားတစ်ကြီးဟာ အမြီးတရမ်းရမ်း
ဒီမှာ ချွဲသလိပ်တွေပေပွနေတဲ့ လူရည်သန့်ဆိုတာကြီးတွေလေ
ဟိန်းသံတွေက ကြီးကောင်ဝင်ပြီး နှစ်ဆယ့်သုံးနှစ်အကြာမှာ
အကောင်ကြီးကြီး အမြီးရှည်ရှည်
အကြေးခွံတွေက (၃)ထပ်သားကြီး ထူထူထဲထဲ သဲတရှပ်ရှပ်
လျှာကြီးတွေက ကြိုးတန်းတွေပေါ်ခြေကားယား လက်ကားယား
မျက်လုံးတွေက ကွန်ကရစ်လမ်းမတွေပေါ် ဖန်ဂေါ်လိလုံးတွေလိုတလိမ့်လိမ့်
ပြောချင်လွန်းလို့ယားနေတာလား ယားလွန်းအားကြီးလို့ ကုတ်ချင်နေတာလား
အာခေါင်နဲ့သွားဖုံးတွေရဲ့ကြားမှာ လည်ပင်းညှစ်ခံထားရတဲ့အသံသာသာ
ဒီသံသရာကို ဘယ်လိုဘလိတ်ဓားနဲ့ခွဲထုတ်ရမလဲ
......အဲဒါ ဖြဲခြောက်ခံထားရတဲ့ ပက်ကြားအက်ကြီးလေ....
.....အဲဒါ ခွဲစိပ်ခန်းထဲမှာ (၃)ခါတိတိ ပါပါးလှီးခံထားရတဲ့
ဦးနှောက်အမြှေးပါးကြီးလေ......
မကျေနပ်လို့ နူးအိနေတဲ့ အာရုံကြောတွေကို
ပလပ်ပေါက်ထဲထိုးထည့် ရှော့(ခ်)ရိုက်လိုက်တော့
အမှောင်ထဲ ခြေရာလက်ရာပျက်နေတဲ့ သွေးသားငရဲခန်းများ
အလင်းရောင်ထဲမှာ သွေးဆုံးနေတဲ့ လိမ္မော်ရောင်တောက်တောက်
သစ္စာပန်းများ
ဘယ်လိုကယ်တင်ရမလဲ။ ဘယ်လိုလဲလွှတ်ချလို့ပြီးပြီလား
အဆင်တန်ဆာက သတ္တုရောင်လက်လက်ထ လက်ကောက်တွေနဲ့
မောက်မာမှုက အရှိုးရာအထပ်ထပ် စကြ၀ဠာ အသားတံဆိပ်တွေနဲ့
တကယ်ကို ဂရုစိုက်ခဲ့တာသေခြာလား ၊သေခြာလားဘယ်လိုကြိုးတုပ်ပစ်ခဲ့လဲ
လေအေးပေးစက်ထဲကထွက်လာတဲံ့ နဂါးမျက်စောင်းကြီးဆိုတော့
ပန်းပဲဖိုထဲကမှုတ်ထုတ်လိုက်တဲ့ ရေခဲတုံးကြီးဆိုတော့
ကမ္ဘာကြီးက တီကောင်ကြိုက်လား ခါချဉ်ဥကြိုက်လား
လုံးချေထားတဲ့လေပြွန်ကြီးကိုပဲမီးပူပြန်တိုက်နေရမလား
အခုအသံဝင်နေတဲ့လက်ဖျံရိုးဆီကနေ လိုဂိုလှလှနဲ့အူတွေကလီဇာတွေရတယ်
ချောင်းဆိုးရင်သွေပါစပြုနေတဲ့ ပုခုံးပေါ်က
ခြစားနေတဲ့ဟမ်ဘာဂါကြီးကိုတစ်လစာ မြိုချခဲ့ရတယ်
ဘယ်လိုလဲ ဖမ်းလို့မမိသေးဘူးလား၊ မမိသေးဘူးလားဘယ်လိုလွှတ်ပေးရမလဲ ။
အဖြစ်နဲ့အပျက် ကသာမိုမီတာဆီတွားတက်သွားပြီတဲ့
လေထုရဲ့အဆုပ်ထဲမှာ ညာဘက်လက်ကောက်ဝတ်ကြီး
၀၀ဖီးဖီး စီးစီး ပိုင်ပိုင် ။ ။
သက်ငြိမ်သစ်
၂၀၀၉၊ နိုဝင်ဘာ
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment