တစ်ဝက်တစ်ပျက် စီးကရက်လိပ်တွေ ကစပြီးတော့..မျှော်လင့်မိသမျှ ချစ်ခြင်းမေတ္တာ
မတော်တစ အလွှာပါးပါးကလေး ပေါ်က နွေးထွးမှု အချို့.. အရာအားလုံးကို ရင်းနှီး လိုက်ရတဲ့အခါ
ကိုယ်ကိုယ်တိုင် ကြွေ ကျ ချင် ခဲ့ တယ် လွယ် လွယ် က လေး ပဲ
အိမ်မက်ထဲက အိမ်မက်တွေလောက်တောင် .သတိတရ ရှိပါ့မလားးး..
ကောင်းကင်တွေလည်း ကြွေလွယ်လွန်းရဲ့။ ကိုယ်ကိုယ်တိုင်မမြင်နိုင်တဲ့ ဖိနပ်တွေနောက်ကို လျှောက်မိတဲ့ လမ်းတွေလိုပဲ လျှောက်နေရင်းနဲ့ပျောက်ကုန်ပြီ
ဒိလိုပါပဲ..ကိုယ်က.. ဖိနပ် တစ်ရံ ဖြစ်ချင်ခဲ့တာပေါ့..
ခပ်ပါးပါး ကလေး ဆိုရင်တောင်..လူသိမသိသူမသိ တိတ်တဆိတ် ကာကွယ်ရင်းနဲ့
ဘ၀တစ်ခုလုံးပါပဲ .. မြင်နေရတဲ့ ရံနံ့ တွေနဲ့ အရောင်..ဘာဆိုဘာမှ ဆိုရအောင်
တန်းဖိုးထားလောက်တဲ့အရာတွေလည်း ကိုယ့်မှာ ဘာတစ်ခုမျှ မရှိ ။ သိနှင့်ပါတယ် အစစ အရာရာ
ကဗျာလေးတစ်ပုဒ်လောက်က စပြီး ကိုယ့်အနုပညာတွေ အားလုံး တန်းဝင်တဲ့ စံနှုန်းတွေလဲ ဘာတစ်ခုမျှ မရှိဘူး။
ဘာကို အပြစ်တင်ရမလဲ ကိုယ်က ဘယ်တုန်းကမှ အထင်ကြီးခံခဲ့ရတဲ့ကောင်မဟုတ်တဲ့အခါ..။
အသုံးမကျခဲ့ဖူးပါဘူး ဒီလိုပဲ နှုတ်ခမ်းတွေဖိကိုက်ရင်း...
ပိုနေရင်တောင် စားဝိုင်းထဲက ဆံခြည်မျှင် တစ်ချောင်းတော့ ဘယ်သောအခါမှ မဖြစ်စေရတော့ဘူး
ညတွေဟာ ညဥ့်နက်သထက်နက်လာပြီ
အမြင့်ဆုံးနွေရာသီတစ်ခုရဲ့ မြေစိုင်မြေခဲတွေလို ခြောက်ကပ် ကွဲအက်နေတဲ့ နှုတ်ခမ်းများနဲ့ စကားလုံးအချို့ တို့ လည်း
သိုသို သိပ်သိပ်ပါပဲ တိတ်ဆိတ်သွားတယ် ။
တိတ်ဆိတ်တယ် စွံ့အတယ် မျိုချပစ်တယ် တန်ဖိုးထားခံကြည့်ခဲ့တာတွေက ဟာသပေါ့
ကိုယ်က ဘာတွေကို လိုချင်တက်မက်ခဲ့တာလဲ
သူ့ကို သိပ်ချစ်ခဲ့တယ်။ ကိုယ်ကိုယ်မမြင်မတွေ့နိုင်တဲ့ ချစ်ခြင်းမေတ္တာ တွေနဲ့။
ရိုးရိုးသားလေးပဲ ရိုးသားခဲ့ချင်တယ်။ မရိုးသားဘူးဆိုရင်တောင် ရိုးရိုးသားလေးပဲ ကိုယ်က လူမိုက်ဆန်ချင်ခဲ့တယ်
နှင်းနဲ့ဆောင်းဟာ ဘာအရောင်မှ သိသိသာသာ မပြောင်းလဲပဲ ရောက်ရှိလာတော့မယ်
ဒီကောင်က အရောင်တွေ ဘယ်လိုများ လွင့်လာမလဲ မျှော်လင့်လို့..ခပ်ညံ့ညံ့ ဇတ်ကားထဲက ဇတ်ပို့တစ်ယောက်ရဲ့ အသုံးအနှုန်းမျိုးနဲ့
လူမိုက်တစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကို စကားလုံးတွေ အမျိုးစုံ တပ်ဆင်ကြည့်မိနေခဲ့တယ်။
ချစ်ခြင်းမေတ္တာဆိုတာ ချစ်ခြင်းမေတ္တာပေါ့
ဒီလိုပဲ ပြည့်စုံပါတယ်။ ဘ၀ထဲမှာ ဘာမှ မရှိတော့တာ ကလွဲရင် အားလုံးပြည့်စုံပါတယ်။
ဘယ်ဘက်အခြမ်းမှာ ဖြစ်တည်နေတဲ့ သံယောဇဉ်တွေ မဖြတ်တောက်နိုင်ရင်တောင်
ဆက်သွယ်မှု အလွှာပါးပါးကလေး တွေကို နာကျင်မှုတွေအားလုံးနဲ့ ရင်းနှီး မျိုသိပ်ပြီး ဖြတ်တောက်မှ ဖြစ်တော့မယ်
ဘာတစ်ခုမှ အသုံးမ၀င် မလိုအပ်တဲ့ လူငယ်တစ်ယောက်မှာ နောက်ဆုံးစွမ်းစောင်နိုင်မှု တစ်ခု ရှိခွင့်ကလေး..
တစ်စုံတစ်ခုဟာ စိတ်မှာ အမှတ်တမဲ့ အနှောက်အယှက်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ပျောက်ဆုံးခံလိုက်ပါရစေ..။
အားနား ပါးနားက လွဲလို့ ဘယ်တော့မှ လှည့်ကြည့်မခံခဲ့ရတဲ့ ရင်ဘတ်တွင်း ဖြစ်တည်မှု စကားလုံးအကျိုးအပျက်တွေ၊
အသိုင်းအ၀ိုင်းတစ်ခုမှာ ပေမမီဒေါက်မမီဖြစ်နေတဲ့ ကိုယ့်အနုပညာတွေ.
အရာအားလုံးဟာ ဆန့်ကျင့်ဘက် နှုတ်ခွန်းဆက်သမှုတွေ လိုပေါ့..
ထွက်သွားတော့မယ်။ ဘ၀တွေဟာ အလင်းနှစ်တွေသန်းပေါင်း များစွာ..ကွာဟ လွန်းရဲ့...။
မိုက်မဲ မိမယ်ဆိုလဲ အလွန်ဆုံးကဗျာလေးတစ်ပုဒ်လောက်ပေါ့ ။
မဟုတ်သေးဘူး ကိုယ်ဟာ ကဗျာတွေထဲကတောင် ထွက်သွားသင့်တဲ့ လူပဲ
ကိုယ်က ကဗျာ ဆရာမှ မဟုတ်တာ။ဆုံးရှုံးလိုက်ရတာတွေ အရမ်းများလာပြီ အသိမှတ်ပြုမခံရတာတွေက လည်း ဘ၀တစ်ခုလုံးစာ
ဂုဏ်သိက္ခာတွေ ပဲ့ကျ လွန်းလို့..
ကဗျာဆရာ အဖြစ်ကိုတောင် နာကျင်မုန်းတီးနေမိပြီ
မျှာ်လင့် ချက်တွေကို အသုံးပြုနေကျ ဆေးလိပ်ခွက်ကလေးထဲမှာ လူမသိ သူမသိ ဖိခြေ ပစ်လိုက်ရတယ်။
အရာအားလုံးဟာ တိတ်ဆိတ် ငြိမ်သက်လို့
ကြယ်တွေ ကြွေသလို ကျွန်တော် ကြွေကျ ပါရစေ..အရာအားလုံး အိပ်စက်နေတဲ့ အချိန်မှာ
ကြွေ ကျ ပစ် ပါ ရစေ..
နောက်ဆုံး...
ညတွေတောင် အိပ်မော ကျ နေတဲ့ အချိန် ကလေး
ကျွန်တော်..ကြွေ ကျ ပါ ရစေ..
ကြွေ ကျ ချင် ခဲ့ တယ် ...........တကယ်တော့ လွယ် လွယ် က လေး ပဲ မဟုတ်လား..။ိ
မှူးသစ်
Nov / 25 2012
PM 9;40
No comments:
Post a Comment