Friday, November 30, 2012
စိတ်တွင်းသွေးယိုစီးမှု့ ရောဂါ - ( ဒါဟာကဗျာ တစ်ပုဒ်ပါ )( မောင်မိုးမြင့်)
ထိုနေ့က စနေနေ့ မဟုတ်ပါ ။ ကတ္တရာလမ်း ခပ်မဲမဲတွေ ဆုံတာပါပဲ ။ တိတိကျကျပြောရရင် လမ်းဆုံ လမ်းခွတစ်ခု ၊ စိတ်ကူးယဉ်ဆန်ဆန် သစ်ရွက်ခြောက်တွေလဲ လွင့်ဝဲပြီးကျမလာသလို ဘယ်လို ပရောဂ မျိုးမှလဲ မတားဆီးနှိုင်တော့ဘူး ။ အပေါင်းအသင်းတစ်ချို့နဲ့ ညနေခင်းမှာ စကားလုံးတွေ ခင်းလျှောက်နေတုန်း ။ အမှတ်မထင် လူငယ့်ဘ၀နာကျင်မှု့လေးကို လ္ဘက်ရည်ဆိုင်ထဲမှာ ပြန်ရှာတွေ့သည်။ ထမင်းလုံး တစ္ဆေအခြောက်ခံရသလိုပါပဲ အမြင့်ကြီးကနေ အတွယ်အတာမဲ့ ဟင်းလင်းပြင်တွင်းနက်နက်ကြီးထဲ အေးစက်စက်အတွေ့ ပြီးမြောက်သွားတဲ့ မွှေးညှင်းတွေကြားက စိတ်အရသာ ။ တစ်ချို့ကိစ္စတွေက ယုတ္တိရှိနေဖို့မှ မလိုပဲ မကြည်ဖြူ ။ နည်းပညာတိုးတက်မှု့ဟာ ၀ဋ်နာ ကံနာပဲဖြစ်လိမ့်မယ် ။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တိမ်ထူထပ်ပါစေ ။ မျက်မှောက်ခေတ်
လူငယ်တစ်ယောက်ရဲ့ အရေခွံဟာ ဖာရာ ချုပ်ရာ ဗရပွပဲ ။ ကိုယ်က ၂၀၀၆ ခုနှစ်ကို ပြန်ရောက်သွားသလို ခံစားမိခဲ့ ။ နုတ်ခမ်းပေါ်မှာ နုတ်ဗွေရာက ရေးရေးပဲ ကျန်တော့တယ် ။ မျှော်လင့်နေတဲ့ အပြောင်းအလဲဟာ ကျနော့်စိတ်ပိုင်းဆိုင်ရာ လိုအပ်မှု့လား ၊ မကြည်ဖြူ ၊ ဖက်ဖူးရောင် ၊ ဇ င်မိုး ၊ သုံးခွမြို့ ၊ ၀၉-၄၂၅… ၊ လ္ဘက်ရည်ဆိုင် ယဉ်ကျေးမှု့ ၊ ၁၉ - လမ်း ၊ မာကျူရီ မီးရောင်များ ၊ ည စသည်ဖြင့် တစ်ခုခုလို့ သတ်မှတ်ပစ်လိုက်ရင်ရော အဆင်ပြေပါ့မလား ။ နာကျင်မှု့အာရုံခံ နာဗ့်ကြောလေးတွေကိုရော လက်သည်းဝါ၀ါလေးတွေနဲ့ ကုပ်ပစ်လိုက်မိသလား ။ ရိုးသားမှု့ကလွဲရင် ကိုယ့်မှာ ဘာမှ မရှိပါဘူး အဲ့အတွက် ကျနော့်ကို ဆူပါ ။ ဘုံစကားလုံးတစ်ချို့ကို ကျနော် မကြည်ဖြူအတွက် မသုံးဖြစ်ခဲ့ဘူး ။ ဘာသာဗေဒရဲ့ အသိမ်မွေ့ဆုံး ကူးလူးမှု့ စာသားချည်းသက်သက်မကတဲ့ အခြေအနေ စသည်ဖြင့်ပေါ့ ။ ဖန်သားပြင်ပေါ်တွင် ရုပ်သေ အပြုံးရှင်ကလေး ရှိနေသည် ။ အသက်အောင့်ပြီး Text Msgs တွေကို သွေးကြောထဲ ထိုးသွင်းပစ်လိုက်သည် ။ လျှပ်စစ်မျှင်တန်းတွေကြားက အသံမော်လီကျူးများ ကျနော့်လူငယ်ဘ၀ နာကျင်မှု့ကို ရှော့ခ် ရိုက်ပစ်ပေးပါ ။ သောကြာ ၊ တနင်္ဂနွေ စသည်ဖြင့် တိုက်ဆိုင်မှု့ရှိတိုင်း Message ပို့ပါ ။ ကားနောက်ကြည့်မှန်ကနေ ခိုးကြည့်နေမိရင် မသိဟန်ဆောင်ပြီး အိပ်နေပေးပါ ။ လ္ဘက်ရည်တိုက်ပါ ။ လောလီပေါ့ ကလေးတွေ ၀ယ်ကျွေးပါ ။ ကျန်းမာရေး ဂရုစိုက်ပြီး ဆေးမှန်မှန်သောက်ဖို့ သတိပေးပါ ။ ကျွန်တော်ဆိုတဲ့ နာမ်စားကို မကြာမကြာ သုံးပါ ။ နောက်ပြီး”ဗျာ”ဆိုတဲ့ အသံနဲ့အတူ ကျနော့်ကို ခေါက်သိမ်းသွားပေးပါ ။ စွယ်တော်ရွက်တွေကို အယုံအကြည်မရှိတော့ဘူး ။ အဝေးပြေးကားကြီးတွေနဲ့ သူတောင်းစားတွေ မြင်ရင် အလိုလို ၀မ်းနည်းလာမိတယ် ။ ကျနော်ကြောက်တယ် မကြည်ဖြူ ကျနော့်ကို ပစ်မထားပါနဲ့ ။ လောလီပေါ့ ကလေးတွေ အများကြီးစားချင်မိတယ် ။ တစ်ယောက်ယောက်ကို တစ်ခုခုပြောပြချင်နေတဲ့ ကျနော့် ပါးစပ်ဟာ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက် အာစေးတွေနဲ့ပြည့်လို့ ။ ကျားပုံလေးတော့ဆွဲပေးခဲ့ပါတယ် မကြည်ဖြူ ။ စိတ်ရော ကိုယ်ပါ မကျန်းမာခဲ့ပါဘူး ။ ၁၇ ရက်နေ့ စိတ်ပြေလက်ပျောက် ကျနော့်ကို ခဏခဏ သတ်နေပါလား ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု့ နည်းနည်းလောက် အလိုရှိနေပါတယ် ။ နာကျင်မှု့ သက်သက်ကိုပဲ ပေးပါ ။ ဖိုင်ဘာ ဆက်ကြောင်းတွေပေါ်က နေရာလွတ်ကလေးမှာ မကြည်ဖြူနဲ့ ကျနော် “ ကြားရလား မကြည်ဖြူ ” ဟုတ်တယ် ကျနော်တို့ တယ်လီဖုန်းပြောနေကြတာ မဟုတ်ဘူး တစ်ယောက်အသက်ကို တစ်ယောက်ကို နည်းနည်းစီ ဖဲ့ပေးနေကြတာလေ ။ နာကျင်မှု့လက်ကျန် အတော် နည်းနေပြီ ။ စက်တင်ဘာလရဲ့ ပထမဦးဆုံးနေ့ ။ မကြည်ဖြူ ရဲ့ မွေးနေ့လက်ဆောင် - လက်ဆောင် ။ အဲ့ဒီ ဘာသာဗေဒကို သွေရိုးသားရိုး အမှန်တကယ် ကျနော်လိုအပ်နေခဲ့တာပါ ။ အခုချိန်အထိ လိပ်ပြာသန့်နေတုန်းပဲ ။ စိတ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေနဲ့ တစ်ယောက်အသက်ကို တစ်ယောက် ညင်ညင်သာသာဖဲ့ယူကြတာပေါ့ ။ ချောက်တွေက ဘယ်လောက်နက်နက် မရက်စက်ပါဘူး ။ ကိုယ်က အဲ့လိုယူဆမယ် ။ ခင်ဗျားဟာ ကျုပ်ခုန်ဆင်းချင်တဲ့ ချောက်လှလှကလေးပဲ မကြည်ဖြူ ။ မရယ်ပါနဲ့လား ။ ဗိုက်ထဲမှာ ဟန်းဖုန်းတစ်လုံးရှိနေသလိုပဲ ။ကျနော့်ကိုယ် ကျနော် တည်ဆောက်ကြည့်မိသည် ။ လှုပ်လို့မရ အပေါ်ယံအသားနုလေးက အရမ်းနာတာပဲ မကြည်ဖြူရဲ့ ။ အပြောင်းအလဲ တစ်ခုနဲ့ နေသားမကျသေးဘူး ။ ထားလိုက်ပါတော့ ကျနော်ဟာ အဲ့ရောဂါဖြစ်နေတာကို မသိခဲ့ဖူးလို့ပဲ ။ နောက်ပြီး ဘာသာစကားကိုလဲ အယုံအကြည်လျှော့လာပြီ ။ ကျနော်တို့ရဲ့ ပတ်သတ်ဆက်နွယ်မှု့မှာ ဘာသာစကားဟာ အပို သက်သက်ပဲ ။ တစ်စုံတစ်ခုကို လက်ခံထားဖို့ ပြင်ဆင်ထားပေးပါ ။ ကော်ဖီတစ်ခွက်နဲ့ ကျနော်ဟာ နီးသွားလိုက် ဝေးလာလိုက်နဲ့ အဆင်မပြေသေးဘူး ။ ၁၆ လမ်း ၊ တာမွေ ၊ သုံးခွ တစ်နေရာရာမှာ ကျနော့်ကို ဖြည်ချပစ်လိုက်ပါလား ။ တစ်ခုခုဆို သိပ်မစဉ်းစားပဲ ရှက်ပါ ။ စိတ်အတွင်းသားထဲအထိ နာကျင်ရပါတယ် ။ ရှင်သန်မှု့ကို နားလည်ရင် ခင်ဗျားဘယ်တော့မှ မသေဆုံးတော့ဘူးလို့ ကိုယ်ပြောမည် ။ ကျနော့်နားကို တိုးကပ်မလာပါနဲ့ မကြည်ဖြူ ခင်ဗျားကို ကျနော် သေချာမမြင်ရတော့ဘူး ။ ကိုယ်ဘာလုပ်နေလဲဆိုတဲ့ ကိုယ့်စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု့ကို ကိုယ့်လောက် ဘယ်သူသိမလဲ ။ ကျနော် လိပ်ပြာသန့်နေတုန်းပဲ မကြည်ဖြူ ။ လူငယ်ဘ၀ အနံ့အသက်တွေနဲ့ ဆုတောင်းခဲ့မိ “ မိမိစိတ်ခံစားမှု့ကို လိမ်လည်မိသောကိုယ် မဖြစ်ရပါစေလို၏ ” လို့ပေါ့ ။ သေချာတယ် ခင်ဗျားတို့လဲ ဘယ်တော့မှ မကြည်ဖြူကိုမြင်ရမှာ မဟုတ်ဘူး ။ ရင်ဘတ်ကစိုထိုင်းထိုင်းနဲ့ မျက်ရည်တွေလား သွေးတွေလား အသိစိတ်ကို ဖိပြီး မှိတ်ပစ်လိုက်တယ် ။
-
- မောင်မိုးမြင့်
- ၁ ၂ ၁ ၀ ၂ ၀ ၁ ၂ နံနက် ၂း၂၆ နာရီ
* အေးချမ်းကဗျာ စာသား
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment