အသက်ရူသံတွေက စလို့ အစိမ်းသက်သက် ရနံ့တွေ ရနေတယ်
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ အပေါ်ယံအလွှာကြော တစ်ခုပေါ်မှာ နေထိုင်မိသလို
လူတွေနဲ့ ဆက်ဆံနေရတာကိုက အဆင်မပြေတော့ဘူး
ချစ်ခြင်းမေတ္တာဟာ..တစ်စုံတစ်ခုနဲ့ ထိတွေ့လိုက်ရမှာ အရမ်းကြောက်နေတယ်
အစိမ်းရောင်တွေ လွင့်လာသလား ဘာကိုမှ နမ်းရှိုက့် ကြည့်လို့မရ
အပေါ်ယံဆန်မှုတွေကိုပဲ နာကျင် မုန်းတီးနေမိတယ်
အဓိပယ်တွေဖွင့်ဆိုကြည့်တိုင်း စိတ်တွေ အလိုလို ဖျော့ကျသွား
စကားလုံးတွေတိုင်းမှာ.. အစိမ်းရောင်ရနံ့တွေ စိမ်းဆို
အသက်ရှင်သန်နေထိုင်မှုဟာ ခါးသက် ပြတ်ရှ နေတယ်
စကားလုံးလေးတွေ ဖမ်းဆုပ်မိတာက စပြီး
အစိမ်းရောင်ရံ့နံ့တွေက အလိုလို စိမ်းဆိုလာတယ်
အပေါ်ယံမဆန်ပဲ စိမ်းပါ..စိမ်းး ။ တစ်စုံတစ်ခုမှ မလိုအပ်တော့တဲ့အခါ အလိုလို စိမ်းပါ။
မလိုအပ်တော့တဲ့ ရင်းနှီးမှုတွေထက် အသုံးမ၀င်တဲ့ သူစိမ်းဆန်မှုတွေက ပိုပြီး အဆင်ပြေနိုင်မလား
ချစ်ခြင်းမေတ္တာဟာ ဘယ်လိုနည်းနဲ့မှ နောက်ပြန်ဆုတ်လို့မဖြစ်နိုင်တော့ဘူး
တုံ့ပြန်မှုတွေ တစ်စုံတစ်ခုမှ မရှိနိုင်တဲ့တော့အခါ
အပေါ်ယံဆန်မှုတွေကို အဆုံးသတ်ကြည့်ဖို့သာ လိုအင်တောင်းတ
အမှတ်တမဲ့ သတိတရဖြစ်မိမယ့် စိတ်ကူးထဲမှာတောင် ကိုယ်က စာရင်းမပေါက်နိုင်ဘူး..
အပေါ်ယံမဆန်ပဲ စိမ်းပါ.. စိမ်း
အကောင်းဆုံးတွေ မရနိုင်တော့တဲ့အခါ အစိမ်းဆုံးကိုပဲ မျှော်လင့်နေမိတယ်
မမြင်နိုင်ရင် စိမ်းပါ မသိနိုင်ရင် စိမ်းပါ ခံစားမှုတွေမမြင်မတွေ့နိုင်တော့တဲ့အထိ ဆက်လက် စိမ်းပါ
စပါးပင်ကလေးတွေထက် ပိုပြီး စိမ်းပါ စိမ်း
အပေါ်ယံဆန်မှုတွေ မလိုအပ်တော့တဲ့အထိ စိမ်းပါ
မလိုအပ်တဲ့အခါ မလိုအပ်တော့သလောက် အစိမ်း ရဲ့..ရံနံ့တွေ လွင့်လာတဲ့အထိ
စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပွန်းပဲ့ မှု မှန်သမျှ စိမ်း သွားလောက်တဲ့ စိမ်းပါ
ဘာကိုမှ မသေချာတော့ တဲ့အခါ အပေါ်ယံဆန်မှုတွေကလွဲလို့
.. အခြေအနေအရပ်ရပ် သို့...စိမ်းပါ.. ထိတွေ့ဆက်ဆံမှုတွေက စလို့
စကားလုံး အစွန်းထွက်ကလေးတွေ အထိ..
Nov 24 PM 11;28
မှူးသစ်
No comments:
Post a Comment