Tuesday, October 30, 2012
လျော့ရဲနေတဲ့ အရေးအသားများနဲ့ ကိုက်ခဲနေတဲ့ ညစာ (မှူးသစ်)
သံယောဇဉ်မရှိတဲ့အရပ်မှာ
နေထိုင်မှုဟာ နှစ်ပေါင်း နှစ်ဆယ်ကို တော်တော် ကျော်ခဲ့ပြီ
ကမ္ဘာအတု ထဲက အသက်ရူသံတွေ ခပ်ညံ့ညံ့ ဇတ်ကားထဲက မျက်ဝန်းတွေ
လျှာဖျားပေါ် ခလုတ်တိုက်သွားတဲ့ သီချင်းသံတွေ အားလုံးပဲ
အပေါ်ယံဆန်မှုတွေ ထိပ်တန်းအလွှာကနေ တစ်ခုခြင်းစီ လက်ဆွဲနှုတ်ဆက်
သူစိမ်းဆန်မှုတွေဟာ ကိုယ်နဲ့ တရင်းတနှီး ဖြစ် နေတယ်******
*****ကဗျာအရေးအသားတွေ! အေးစက်နေတဲ့ ကော်ဖီခွက်တွေ!
သောက်လက်စ မီးခိုးငွေ့တွေ!! နမ်းမိလက်စ အနံ့တွေ!!၊ စုပ်ကိုင်မိလက်စ အသက်ရူသံတွေ!!
အားလုံးဟာ အရိုးပေါ်အရေ တင်
အရေးအသားပေါ်မှာ ကိုက်ခဲမှုတွေ စတင်လာ လျှာဖျားမှာ သွေးစို့လာတဲ့ တိတ်တဆိတ် တောက်ခေါက်သံ
ကိုယ်ပိုင်တဲ့ ကမ္ဘာကြီးကို မင်နှုတ်ခမ်းပေါ် တင်ထားလိုက်ပေါ့** ဒီဇင်ဘာ**
အဖြစ်အပျက် အကြောင်းအရာ ဘာတစ်ခုမှ သိပ်မထူးဆန်းဘူး
တွေးခေါ်မှုတွေ အလွဲသုံးစား စိတ်ကို" ခြ" စားသွားစေတဲ့ ကဗျာအရေးအသားပဲ
အရေးအသားတွေ ကိုက်ခဲနေတယ်
ယုံကြည်မှုဟာ စေတနာတွေ ၊ အစွန်းရောက်မှုတွေ < ထိပ်တန်းလျှို့ဝှက်မှုတွေ ဗလပွနဲ့
ကိုယ့်ကိုယ်ကို မယုံကြည်တော့တဲ့ အခါ တစ်ဦးတစ်ယောက်ကို ယုံကြည်ရမယ်လို့
X____xxx__xx__x ကိုယ့်နှုတ်ခမ်း ထောင့်စွန်းလေးတွေ ပြုံးမိသွားတယ် ခဏခဏပဲ
အသက်ရူသံတွေအားလုံး လက်ဖ၀ါးထဲ ထည့်ယူသွားပြီးမှ ဘာကိုများ ထပ်လိုနေသေးလဲ
နာဖျားနေတဲ့ ညစာအတွက် မသေချာမှုဟာ ကိုယ့် အိတ်ကပ်ထဲ ရှိနေတယ်
"ဟာသ!!!" ပဲ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့တောင် နက်ဝပ် ကြိုး တွေလွတ် ကုန်ပြီ
စိတ်တွေ အသတ်ခံရတဲ့အခါ ဘ၀ က သေသွားရော
*ကိုယ်* အဲ့ဒီလို *Brain* ရော *heart* ရော watch ခံလိုက်ရ
ဒုတိယကမ္ဘာ!!! တတိယကမ္ဘာ!! ဘယ်ကမ္ဘာထဲမှာ! ရောက်နေလဲ အိပ်ရာမနိုးခင်က လိပ်ပြာတွေ လွင့်ကုန်ပြီ
Social media တွေပေါ်က ကဗျာတွေတိုင်း social မဆန်နိုင်ဘူး
ပလက်ဖေါင်းပေါ်က တက်ကြမ်းတွေလည်း Social media ပေါ်ရောက် ကဗျာတွေဖြစ်ကုန်ပြီ
ခံစားမှုဟာ လူ့ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျ အမြဲတစေမရှိနိုင်ဘူး တကယ်တော့တသီးပုဂ္ဂလဆန်မှုတွေလည်း
ကိုယ့်.....အနုပညာပဲ
မင်းကိုယ့်ကို ဘယ်တော့မှ မစီရင်နဲ့ ဒီဇင်ဘာ
ကိုယ်က ဘုရားသခင်ရဲ့ စီရင်မှုအောက်မှာတောင် ရှင်သန်ချင်တဲ့ လူမဟုတ်ဘူး
လျော့ရဲနေတဲ့ အရေးအသားတွေနဲ့ ကိုက်ခဲနေတဲ့ ညစာကို ကိုယ် သတိပေးလိုက်ပြီ
မှူးသစ်
oct 9, 2012 pm; 11:46
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment