Tuesday, October 30, 2012
တစ်ခန်းတစ်နား (ရပ်) (ဇက်ကကြိုး)
ကြိုမြင်လိုက်ရတဲ့ အသံတိတ် အတိတ် ပစ္စုပ္ပန် အနာဂတ် အချိန်တွေကို စကင်ဖတ်ယူနိုင်ဖို့ နာကျင်မှု့ရဲ့ Internal space ကို ပြန်လှန်စစ်ဆေးဖို့ ငါမလိုခြင်းများထဲ အလာ့ခ်ဂျစ်ထနေတဲ့ အရေပြားပေါ် ဆောင့်တွန်းခံလိုက်ရတဲ့ အေပရယ် မေ တွမ်တီနိုင်း ကော်ဖီခွက်တွေ ကြင်နာမှု့အစစ်က ဟိုအရင်လေးငါးနှစ်မှာ တစ်ယောက်တစ်ပြန် လော့ခ်ချပစ်လိုက်တဲ့ အခန်းတစ်ခုအတွင်းမှာသာ ရှင်သန်ပေါက်ဖွားကြတယ်ဘဝမှာ အားကိုးဆုပ်ကိုင်ထားစရာ တစ်ခုရှိတယ် ဆိုရင်တောင် ခင်ဗျားရဲ့လုံခြုံရေးကို ကျတော် စိတ်ချရတယ်လို့ မပြောရဲသေးဘူး
အဝေးကတကူးတက ပြန်လာပြီးမှ နေခဲ့ဖို့မှာသွားတဲ့ မိန်းမရဲ့ကြင်နာမှု့က Formula ဘယ်လောက်နဲ့တိုးတက်လာမလဲ စိတ်အပူချိန်ဘယ်လို Poet ဘယ်သို့ Writing ဘယ်လို Speed ဆို ဘယ်လိုကြားခံ Threat ပျော်ရွှင်မှု့ဆီ သွားတဲ့ ဖြတ်လမ်းက ငါ့ကိုယ်ပေါ်က ဓားခုတ်ရာ အစင်းကြောင်းကြီး အောက်မှာ ရှိတယ်လောလောလတ်လတ်မှာ လိုလေသေးမရှိပြု့စုပါရစေဆိုတဲ့ အင်တာဗျူးတစ်ခု ဖတ်ဖို့ ပုဂံကျောက်စာပေါ်က ကျိန်စာနည်းနည်း သူမဆီ ပို့ပေးဖို့လူကြုံလိုတယ်တစ်နာရာကိုချောင်းကြည့်နိုင်ဖို့ထက် ပိုထွက်နေတဲ့လအလင်းပြန်ပေးမယ်။ဘယ်လိုအချစ်မျိုးမှ နောက်တစ်ခေါက် တိုးမပေါက်နိုင်လောက်တော့ဘူး ထင်ထားတဲ့ လုံခြုံမှု့ကလုန်း။ကံကော်ကိုင်းနဲ့ ထိမိရုံနဲ့တင် ညိုးနွမ်းသွားတက်တဲ့ အာရုံခံ တောက်လောင်မှု့ဟော်မုန်းတွေ
မေတ္တာတရားရဲ့တောင်ထွက် အက်ဖပ် North side effect လောကနီတိလည်းမဖတ် အထာလည်းမနပ်တဲ့ လူ့သတ်တမ်း Death etc....Born end ပရိတ်သတ်က ပစ်သတ်လိုက်တဲ့ အရည်အသွေး ဖန်တီးမှု့တွန့်ဆုတ်ဆဲ လူမမယ်လက်ရဲ့ Intellectuality ဥာဏ်ရည် ဒါတွေက ကွင်းဆက်နှစ်ခုထက်မကတဲ့ နင်တို့နဲ့ ငါလို နင်တို့ချည်း နင်းချေတိုင်းဆော့ကစားအားရမှ ငါ့ကိုယ်ပေါ်က နင်တို့ဖိနပ်ရာတွေကို နင်တို့ဖိနပ်ပုံတူကူးမှု့နဲ့ နင်တို့အဖေတွေကပါ ငါ့လာထက်သတ်ကြနင်တို့ အခွင့်အာဏာတွေချည်း နင်တို့ Pole အားကိုးနဲ့ ရှေ့ဆက် Levelတက်ကြတဲ့ နင်တို့ Skill တွေချည်း ဒေါသအမျက်နဲ့.........(ရပ်)...........
ညဟာညနဲ့မတူ အခိုးလိုအငွေ့လိုမျက်နှာပေးနဲ့ ထုံပေပေဝါသနာတွေကြား တဏှာညအခါလည်သား ညဟာညနဲ့မတူတာကြာပြီ ပြေးတက်စဉ်ခဏမှာ ပျော်ရွှင်မှု့ကိုကျောသိုင်းပြီး လျင်မြန်မှု့ကိုမှတ်တဲ့လူက အဆင်းမှာတော့ လှေကားထစ် တစ်ထစ်ချင်းရေတွက် ဒဏ်ရာတွေကို မှတ်လာတယ်။
ဇက်ကကြိုး
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment