Monday, October 29, 2012

ပြော မ ပြ ချင် တဲ့ အ ကြောင်း



                                                                A

အခြေအနေတွေ ဒီထက်ပိုဆိုးလာရင် မိုးကောင်းကင်ဟာ အနက်ရောင်လောက်တောင် လင်းမှာ မဟုတ်တော့ဘူး
ကိုယ်တို့တွေတစ်ယောက်ကိုတစ်ယောက် စတင်ပျောက်ဆုံးသွားကြတယ်။     ဘယ်နေ့ကလဲ  ???  အတိအကျ ဘယ်မှတ်မိပါ့မလဲ
တစ်ယောက်ကိုတစ်ယောက် စတင်မြင်တွေ့လိုက်ရစဉ်တုန်းက လား သိပ်မသေချာဘူး
တကယ်တော့ ရက်ဆွဲတွေဆိုတာ  ကိုယ်ရေးတဲ့ သတင်းအချက်အလက်တွေအတွက်ပဲ အသုံးဝင်တာလို့ မှတ်ထားခဲ့တယ်။
အနီရောင်တိမ်တိုက်ကလေးတွေ လွင့်လာတဲ့ အချိန်တုန်းက ကို့ကို သတိမထားတော့ဖို့ မင်းကို သတိပေးလိုက်သင့်တယ်။
ခုတော့ အလင်းရောင်တွေလဲ မရှိတော့ဘူး။ ကမ္ဘာကြီးတစ်ခုလုံးမှာ  မြင်နေရတာတွေက ခပ်ကျဉ်းကျဉ်းလေး ဒါပေမယ့်
အကြောင်းအရာတွေ တော်တော်များများကို စကားတွေ ပြောဖြစ်တာပေါ့
"ကို့ ကို သိပ်ချစ်တာပဲ" အဲ့ဒီလို စကားလုံးလေးတွေက စပြီး...."ကိုတို့ ပြန်တည်ဆောက်ကြရအောင် ညီမလေးရယ်"....
ခက်ခဲတဲ့ ရွေးချယ်မှုတွေမှာ အရာအားလုံးဟာ ဆုံးရှုံးမှု တစ်ခုခုစီ ရှိတတ်ကြတယ်။

"တွေ့နေကြ ကိုယ့် အရိပ်ကလေး ရှာမတွေ့တော့ဘူးး"
ကျွန်တော့် နာကျင်မှုကို စကားလုံးတွေနဲ့ အထပ်ထပ် ဖုံးအုပ်ပြီး ပြောဖြစ်ခဲ့ကြတယ်။

ကျွန်တော်မညာပါဘူး   မီးခိုးရောင် ၀က်ဝံရုပ်လေးက ညည ဆို ကျွန်တော့်ကို အလန့်တကြား ဖြစ်အောင် လုပ် နေခဲ့တယ်   ထရီဇာ..
'သိတယ်"..'သိတယ်"..'သိတယ်"...လို့ အထပ်ထပ်ပြောနေလဲ ညီမလေးက  တကယ်မသိရှာဘူး နားလည်တယ်ဆိုတဲ့ စကားလုံးတွေတိုင်းကလဲ ဘယ်နားလည်နိုင်ပါ့လဲ
ကျွန်တော် ဘယ်လောက်ဝမ်းနည်းရသလဲ ထရီဇာ။  ကျွန်တော့်သိမ်းဆည်ထားတယ်
မသောက်ဖြစ်တဲ့  ကော်ဖီခွက်အလွတ်ကလေးလည်း တစ်ချိန်ချိန်မှာ ဟောင်နွမ်းသွားတော့မယ်။
ကျွန်တော် မ၀တ်ဖြစ်တဲ့ မီးခိုးရောင် ရှပ်င်္အကျီကလေးလည်း တစ်ချိန်ချိန်မှာ ဆွေးမြေ့သွားတော့မယ်။
သေချာတာက လွန်ခဲ့တဲ့ ၂ နှစ်ကထက် စာရင် ကျွန်တော့် မျက်လုံးတွေဟာ ပိုပြီး အဓိပယ်ဖွင့်ရ ခက်လာလိမ့်မယ်။
လူတွေဟာ အရမ်းကို အရောင်တွေ ပြောင်းလွယ်လွန်းတယ်။ အဲ့ဒီတော့. ကျွန်တော့်မျက်လုံးဟာ အ၀ါရောင်တွေသန်းလာခဲ့တာပေါ့

                                                      B
ကျွန်တော်မညာပါဘူး ထရီဇာ..ကျွန်တော်ဟာ သာမန်လူငယ်ပါ
လောကကြီးကို ခေါင်းခါတတ်တဲ့ ဘက်က ကြည့်တတ်တဲ့ သာမန်လူငယ်
ဝမ်းနည်းတဲ့အခါ စကားလုံးတွေ ငြိမ်သက်သွားတတ်တဲ့ သာမန်လူငယ်
စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ချည့်နဲ့နေတဲ့ ကဗျာတွေ ရေးတတ်တဲ့ လူငယ်
တကယ်တော့ ခံစားမှုဆိုတာ ..ထားလိုက်တော့ ခံစားမှုတွေကို အဓိပယ် မဖွင့်ချင်တော့ဘူး ထရီဇာ.
ခံစားဆိုတာ ကဗျာရေးဖို့ သက်သက်အတွက် ကလွဲလို့ ..အသက်အရွယ်နဲ့ ဘ၀အခြေအနေက ခွင့်မပြုတော့ဘူးတဲ့
ရယ်ရတာပေါ့ ကျွန်တော်က အဲ့ဒီလို လူငယ်ပါ။
မလိုအပ်တဲ့နေရာတွေကနေအလိုလိုရှောင်ထွက်သွားတတ်တဲ့အကျင့်စရိုက်   ကျွန်တော့်မှာရှိတယ်။

ဘ၀မှာ ဘာတွေ လိုချင်ခဲ့သလဲ..
…“ ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာ!!” အဲ့ဒီထက်ပိုသွားခဲ့တဲ့ အခါ မိသားစု။

ဘ၀မှာ ဘာတွေကို ဆုံးရှုံးလိုက်ရသလဲ..
…“ ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာ!!” အဲ့ဒီထက်ပိုသွားခဲ့တဲ့ အခါ ယောက်ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ

အားးးးးးးးးးးးးးးးးးးးးးးးးး
ယောက်ကျားတစ်ယောက်ရဲ့ ဂုဏ်သက္ခာတွေကို  ခွင့်ပြူမထားတဲ့ မျက်ရည်တစ်စက်က ရိုက်ချိုးပစ်လိုက်တယ်။

ညီမလေး ဘယ်သိပါ့မလဲ..အဲ့ဒီတုန်းက ကိန်းဂဏန်း တစ်ချို့အဟာ Busy တွေအထပ်ထပ်  ဖြစ်နေခဲ့တယ်။
ကျွန်တော်က ကိန်းဂဏန်းလေးတွေ ငေးကြည့်လို့..
ဒီလိုပါပဲ နာကျင်မှုဆိုတာ အလိုအလျောက်တုံပြန်မှုစနစ်တွေကနေ လွတ်ထွက်သွားတတ်သလို..
အလိုအလျောက် မျိုချမိလိုက်တဲ့ စာသားတစ်ချို့လည်း ဖြစ်နေတတ်ပါတယ်။
ကျွန်တော်က ကိန်းဂဏန်းလေးတွေ ငေးကြည့်လို့..
နောက်ဆုံးတော့ စုတ်ပြတ်သတ်နေ့တဲ့ ညနေခင်းလေးဟာ အသုံးပြုပြီးသားတစ်ရူးစ လေးတစ်ရွက်လို..

"အသက်အရွယ်နဲ အချိုးကျမှုမရှိတော့တဲ့ စိတ်ဓါတ်နဲ့ခန္ဒာကိုယ်
စိတ်ကိုအမြဲလိုလိုချိုးနှိမ်နေခဲ့ရတဲ့ ဘ၀ရဲ့ ရလဒ်ဟာ
ခေါင်းငုံပြီး လမ်းလျှောက်တတ်တဲ့ အကျင့်တွေသာ
စွဲကပ်လာခဲ့တယ်"
                                                                            C
ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်ကြည့်တဲ့အခါ ကျွန်တော်ဆိုတာလည်း အလိုလိုပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီလောက်ထိမလိုလဲ ....
အနက်ရောင် ရနံကလေး တစ်ခုနဲ့ ယှဉ်ကြည့်လိုက်တဲ့ အခါ ကျန်တော်ဆိုတာ အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။
တစ်ခုခု ဆို စဉ်းစားမယ် ဆိုလိုက်တိုင်း ကျွန်တော့်ကို မေ့ပစ် ထားခဲ့ လိုက်ပေါ့ ထရီဇာ..။ကျွန်တော်က အရေးမကြီးတဲ့ ကော်ဖီခွက်လေးတစ်ခွက်.
အပူဒဏ်ကို မခံနိုင်လို့ ကျကွဲ ခဲ့တာ မဟုတ်ပါဘူး၊ နုတ်ခမ်း ထောင့်စွန်း အပြုံးလေးမှာပဲ.. ကျွန်တော်..."!!!!" ပျောက်သွားခဲ့တယ်။
“ညီမလေးက ကျွန်တော့်ကို အဲ့လို ချစ်ခဲ့တာ ပေါ့”

ကြယ်တွေကြွေတာ ကို ကြည့်ဖူးလား၊ ဒါမှမဟုတ်ရင် ပန်းကလေးတစ်ပွင့် ကြွေ..ကျ..လာ.တာ ရော..
ဘ၀မှာ မြေသင်းရနံ့ကလေးတွေ အများကြီး ကြွေ ကျ ဖူး ခဲ့ တယ် ထရီဇာ။ ကျွန်တော် ဘာဆုမှ မတောင်းခဲ့ဖူးပါဘူး ။
ကျွန်တော် ဘယ်တုန်းကမှ တောက်မခေါက်ခဲ့ဖူးပါဘူး လွဲချော်မှုတွေက ကျွန်တော့် လျှာဖျားမှာ စို့နေတဲ့ သွေးစက် ကလေးတစ်စက် ဖြစ်ခဲ့တယ်။

ကတယ်တော့ ကျွန်တော်ပြောတယ်  ကမ္ဘာကြီး တစ်ခုလုံး ကြွေကျတော့မယ် နောက်ဆုံး..အခက်လေး တစ်ခက်ပဲ ကျန်တော့တာ
ကျွန်တော့်တို့တွေ လူ့အဖွဲ့အစည်းနဲ့ သိပ်အဆင်မပြေကြဘူး၊ ထရီဇာ ခင်များကတော့ လူတွေကို သိပ်ချစ်ခဲ့မှာ အထူးသဖြင့် ကလေးတွေကိုပေါ့..။
ခြေ နှစ် ချောင်းရပ်စရာအတွက် ကမ္ဘာကြီးတစ်ခုလုံးကို တက်မက် နေကြတာလဲ ပြသာနာပဲ ထရီဇာ
ကျွန်တော် နောက်ဘ၀ဆို လူပြန်မဖြစ်ချင်တော့ဘူးး အခုထက်ပိုပြီး နည်းနည်းလေးဖြစ်ဖြစ် သန့်ရှင်းကြည့်ချင်လို့။

                                                                                    D
ခြေသံတွေမလုံမှာဆိုးလို့ သက်ပြင်းတွေ ဖွဖွလေးပဲ ချမိ.
အားအင်တွေ အားလုံးဟာ အရုပ်ကျိုးပျက်..
ကျ.."ကွဲ"..သွား..တယ်။
ညီမလေးကတော့ ပျော်ရွှင်မှုတွေကို နှုတ်ခမ်းဆိုးဆေးဗူးလေးတွေလို အရောင်အသစ်အဆန်းလေးတွေ့တိုင်း လိုချင်နေလိမ့်မယ်
ကျန်တော့် မနက်ဖြန်တွေက လှမ်းမျှော်ကြည့်တိုင်း အနက်ရောင်တွေနဲ့ လင်းနေလိမ့်မယ်။
မမြင်ရတဲ့ ဆောင်းရယ်။ အမိုးအကာ မရှိတဲ့ သြဂုတ် ရယ်။ ၂ ဂဏန်းကလေးရယ်...ဟာ ဂျူလိုင် မိုးရေစက်ကြောင့် သေဆုံးသွားဖူးတယ်။

ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ အရုပ်ကျိုးပျက် နုတ်ခမ်းတွေနဲ့ပေါ့

စိတ် နာ  တယ် ဆိုတာ ကိုယ့် စိတ်မှာ နာကျင်နေရုံ သက်သက် ဆိုတာ။ အဆင်ပြေတဲ့ တစ်နေ့မှာ
ကျွန်တော်....ညီမလေးကို ပြောပြခဲ့မှာပါ ထရီဇာ။

                                                                                                                                                                                  မှူးသစ်
                                                                                                                                                                                oct,28 12;03 AM





No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...