Friday, October 10, 2014

ရွှေပြည် 5102


ရွှေပြည် 5102 သရော်ဝတ္တုသည် ဆရာဝင့်ပြုံးမြင့် ဘာသာပြန်သော
ဂျော့အော်ဝဲဧ။် "1984" ကို မှီး၍ ပြန်လည်ရေးသားနေခြင်းဖြစ်သည်



ကမ္ဘာကျော်စာအုပ်ဖြစ်သော 1984 ကို မမှီနိုင်သော်လည်း ကိုဝေလင်းတိုက်တွန်းခြင်းနှင့် စိတ်ဆန္ဒပြင်းပျမှုကြောင့်သာ ရေးခြင်းဖြစ်သည်။
ရေးလက်စ သရော်ဝတ္တုရှည်ဖြစ်သည်။



သြဂုတ်မိုးရေများက အိမ်ခေါင်းမိုး ပေါ်သို့ တွန်းတွန်းတိုက်တိုက် ရွာချသံတွေကြားနေသည်။
သူ့ခန္ဒာကိုယ်တစ်ခုလုံးက ကိုက်ခဲလို့နေဧ။် ဦးခေါင်းတစ်လုံးက ပွင့်ပေါက်လုမတတ် နာကျင်ကိုက်ခဲသည့် ဝေဒနာကို ခံစားနေရသည်။
နာကျင်မှုကို နာကျင်မှုအဖြစ် သူမတွေးရဲ။ သူ့အတွေးကို မထိန်းချုပ်နိုင်လျှင် သူ့အတွေးကဖြင့် သူ့ကို ပြန်ပြီး သစ္စာဖေါက် သွားလိမ့်မည်ဆိုတာ သိနေသည်။
တကယ်တော့ “သိခြင်း”ဆိုသည့် စကားလုံးများကပင်လျှင် ဘ၀ ဧ။် အပိုအလုပ်ဆိုတာကို ယုံကြည်နေရမည်ဖြစ်သည်။

“သိခြင်း” ၌ ဘဘကြီး နှင့် ကယ်တင်တပ်သာလျှင် ရှိရမည်။ ဘဘကြီးနှင့်ကယ်တင်တပ်ကိုသာ သိရမည်။
ဒါသည် ကယ်တင်တပ်ဧ။် အမှန်တရားဖြစ်သည်။ လူ့ဘ၀ဧ။် အမှန်တရားဖြစ်သည်။ လူ့ဘ၀ဧ။် အမှန်တရားသည် ဘဘကြီးပင်ဖြစ်သည်၊
ကယ်တင်တပ်ပင်ဖြစ်သည်။ ထိုထက်ပို၍ သိခြင်းသည် မလိုအပ်၊ ထို့ထက်ပို၍သိခြင်းသည် မည်သူ့ကိုမဆို အငွေ့ပျံပျောက်ဆုံးသွားချေမည်သာဖြစ်သည်။

အိပ်ခန်းပြတင်းတံခါးကို ကြည့်လိုက်တော့ အလင်းရောင်သည် မှောင်ပြပြသာလျှင် ရှိနေဦးမည်ဟု ထင်မှတ်စရာ။
မှတ်ချက်ပြုတွေးတောဖို့တော့မလိုအပ်။ အချိန်နာရီဟူသည် ရွှေပြည်ကြီး၌ မရှိ။ နေ့စဉ် အိပ်ရာနိုးထခြင်းမှ အစပြုပြီး၊ လုပ်ငန်းခွင်ဝင်ခြင်းမှ အိပ်စက်ခြင်းအထိ ရုပ်မြင်ထိန်းချုပ်စက်ဧ။် ဦးဆောင်မှုနောက်၌ လိုက်နာ ဆောင်ရွက်ရုံပင်ဖြစ်သည်။

အချိန်သည် လူကိုပျက်ဆီးစေသည်။ အတိတ်သည် လူကို ကျရှုံးစေဧ။် အနာဂတ်သည် မလိုအပ်သော ရှုပ်ထွေးသည့်အရာသာဖြစ်သည်။
စသည်တို့မှာ ပါတီဧ။် မြောက်များစွာသော နှိုးဆော်ဆောင်ပုဒ်များထဲက ဖြစ်သည်။
ရုပ်မြင်ထိန်းချုပ်စက်က သတိပေးချက် ထွက်ပေါ်လာသည်။
“ကြည်သာ အမှတ်စဉ် ၇၆၃၀၀၉ အိပ်စက်ချိန်ကုန်ဆုံးပြီဖြစ်သည် ။” ထို့သို့ဆိုလျှင် မကြာမီအချိန်၌ ကယ်တင်တပ်ရဲ့ သြ၀ါဒများကို ရုပ်မြင်ထိန်းချုပ်စက်တစ်ဆင့်ပြောကြားတော့မည်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ညွှန်းကြားနေကျဖြစ်သည့် အရာများကို ကြည်သာ နားထောင်ရမည်သာဖြစ်သည်။ ဘဘကြီးဧ။် ကျေးဇူးတော်များ၊ ကောင်းမှုတော်များကို ရုပ်မြင်ထိန်းချုပ်စက်ကနေ ထုတ်လွှင့်လာမည်သာဖြစ်သည်။ ဤ အရာများက နေ့စဉ် ကြုံတွေ့ကြားမြင်နေကြဆိုပေမဲ့ သည်အပေါ် စိတ်ပျက်ငြီးငြူသည့် ခံစားမှုများကို မတွေးရဲ ။
သူ့တွေးတောမှု စိတ် အလုံးစုံကို ရုပ်မြင်ထိန်းချုပ်စက်က စောင့်၍ကြည့်နေသည်။ကယ်တင်တပ်က အလုံးစုံသိနေမည်ဖြစ်သည်။ ဘဘကြီးက သိနေမည်ဖြစ်သည်။
“ကြည်သာ အမှတ်စဉ် ၇၆၃၀၀၉ အတွေးကို ခုချက်ခြင်းရပ်ပါ” အသံခပ်နက်နက်ဖြင့် ရုပ်မြင်ထိန်းချုပ်စက်က သတိပေးသံထွက်လာသည်။ အတွေးတွေအားလုံးကို သူသတ်ပစ်ရသည်။ ဒီထက်ပို၍ သူ့စိတ်ကို အလိုမလိုက်ရဲ။



ရွှေပြည်ကြီးဧ။် နေရာအနှံ့၌ ဘဘကြီးဧ။် ကျေးဇူးတော်၊ ကောင်းမှုတော်တို့ကို ဖွင့်ဆိုထားသည့်
ဆိုင်းဘုဒ်များ၊ အသင်းဧ။်မူဝါဒများက နေရာယူထားသည်။
ဖိနှိပ်ခြင်းသည် သနားဂရုဏာတရား။
ဖိနှိပ်ခံရခြင်းသည် လူသားတန်းဖိုး။
ရှင်သန်ခြင်းသည် ဘဘကြီးဧ။် ကောင်းမှုတော်
တော်လှန်ရေးသည် ပျက်သုန်းခြင်းအစ
ဘဘကြီးဧ။် ကောင်းမှုတော်သည် တော်လှန်းရေး နှင့် ပျက်သုန်းခြင်းကို အဆုံးသတ်ဧ။်

ရွှေပြည်ကြီးဧ။် မြို့တော်တစ်ခုလုံး၌ စိတ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက နေရာယူထားသည်။ အသင်းဝင်မည်သူမဆို စိတ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဖြစ်နိုင်သည်။ ငြိမ်းချမ်းရေးကယ်တင်တပ်ပြီးလျှင် ပါတီဧ။် စိတ်ထောက်လှမ်းရေး တပ်မှာ အင်အားအတောင့်တင်းဆုံးဖြစ်သည်။  မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးကယ်တင်တပ်နှင့် စိတ်ထောက်လှမ်းရေးတပ်မှာ အတူတူပင်သာဖြစ်သာသည်။
မည်သည့်တပ်ဖွဲ့မဆို ဘဘကြီးနှင့် ကယ်တင်တပ်ဧ။် လက်အောက်တွင်သာရှိနေသည်။ ရွှေပြည်ကြီးတွင်  ဘဘကြီးနှင့် ကယ်တင်တပ်ကို တော်လှန်မည့်အတွေးကို မတွေးရ၊ တွေးတောမိလျှင် စိတ်ထောက်လှမ်းရေးများဧ။်လက်ချက်ဖြင့် အငွေ့ပျံပျောက်ဆုံးသွားလိမ့်မည်သာဖြစ်သည်။

ကယ်တင်တပ်ဟူသည်မှာ တိုင်းပြည်ချောက်ထဲကျမည့် အခြေအနေတိုင်း၌ ၀င်ရောက်ကယ်တင်ပေးလေ့ရှိသော တပ်ဖြစ်သော်ကြောင့် ကယ်တင်တပ်ဟု အမည်တပ်ထားခြင်းဖြစ်သည်။

ရွှေပြည်ကြီး၌ ဖိနှိပ်သူနှင့် ဖိနှိပ်ခံ လူတန်းစား နှစ်ရပ်သာရှိရမည်။ ဒါသည် ဘဘကြီး နှင့် ကယ်တင်တပ်ဧ။် မူဝါဒဖြစ်သည်။ ကယ်တင်တပ်အသင်းဝင်မဟုတ်သော အခြေခံလူတန်းစားများသည် ဖိနှိပ်ခံသာဖြစ်ရမည်ဟု ကယ်တင်တပ်က မှုဝါဒ ချမှတ်ထားသည်။ ကယ်တင်တပ်အသင်းဝင်များတွင်လည်း
ဖိနှိပ်သူနှင့်ဖိနှိပ်ခံ နှစ်မျိုးသာရှိရန် မှုဝါဒချမှတ်ထားသည်။ ကယ်တင်တပ်အသင်းဝင်တစ်ယောက်သည် ဖိနှိပ်ခွင့်ရသူဖြစ်နေသလိုပင် ကယ်တင်တပ်ဧ။် ဖိနှိပ်ခံလည်းဖြစ်နေရမည်ဖြစ်သည်။ စိတ်ဖြင့်ပင်လျှင် လွန်ဆန်၍မရ။

နေ့လည်ခင်းက နေရောင်ခြည်ကိုပင်မမြင်ရချေ။  စက်ရုံအမိုးပေါက်တွေကတဆင့် မိုးစက်များက ကြည်သာ့ ခန္ဒာကိုယ်ပေါ်သို့ ကျဆင်းနေသည်။
မနေ့ညခင်းကတည်းက ခံစားနေရသည့် ကိုက်ခဲမှုဝေဒနာက သူ့ကို နှိပ်စက်နေသည်။ မိုးရေကြောင့် စိုစွတ်နေသော အေးစက်မှု အရသာက သူ့ကို ပို၍သာ ဖိနှိပ်နေတော့သည်။ သို့သော် သူစိတ်ဖြင်ပင် မငြီးငြူရဲ။ ကယ်တင်တပ်အသင်းကြီးဧ။် အလုပ်ကို ငြီးငြူခြင်းက ဘဘကြီးနှင့် တပ် ကို ဆန့်ကျင်ရာရောက်သည်။
သူ့အတွေး သူ့ငြီးငြူမှုကို ရုပ်မြင်ထိန်းချုပ်စက်က အချိန်မရွေးဖေါ်ထုတ်ပစ်နိုင်သည်။ စက်ရုံဧ။်နေရာအစုံတွင် ရုပ်မြင်ထိန်းချုပ်စက်များရှိသည်။
အများသုံး မသန့်စင်ခန်းများကအစ ရုပ်မြင်ထိန်းချုပ်စက်များ စိတ်ထောက်လှမ်းရေးများရှိနေသည်။ ဒါထက်ပို၍ ကြောက်စရာအကောင်းဆုံးမှာ လူတိုင်းမဖြစ်မနေ ကိုင်ဆောင်ထားရသည့် လက်ကိုင်ဖုန်းများဖြစ်သည်။ မည်သူမဆို လက်ကိုင်ဖုန်းကို ပိတ်ထားခွင့်မရှိပေ။
အငွေ့ပျံပျောက်ဆုံးသွားရသည့် ကယ်တင်တပ်အသင်းဝင်များစွာထဲမှ ငါးပုံတစ်ပုံမှာ လက်ကိုင်ဖုန်းဧ။် သတင်းပေးပို့ချက်ကြောင့်ဖြစ်သည်။


ကြည်သာသည် မဖြစ်မနေ ၈ထပ်မြောက်၌ ရှိသော သူ့အိပ်ခန်းကို ရောက်အောင်သွားရမည်။ အထက်တန်းစား အသင်းဝင်မဟုတ်လျှင် အဓါတ်လှေခါးကိုမှု
အသုံးပြုခွင့်မရှိပေ။ သူ့အိပ်ခန်းကို ရောက်သည့်အခါ သူ့အတွက် အသက်ရှုရမှာကိုပင် လေးလံနေသည့်အထိ ပင်းပန်းလွန်းလှပြီဖြစ်သည်။
သူ့အိပ်ခန်းတစ်ခုလုံး၌ ရုပ်မြင်ထိန်းချုပ်စက်ဧ။် ထိန်းချုပ်မှုမှ လွတ်မြောက်သည့် ဧရိယာဟူ၍ ခြေဖျားတစ်ထောက်ချစရာပင်မရှိဟု ထင်မှတ်စရာပင်။
အမှန်သည်ပင်လျှင် ရုပ်မြင်ထိန်းချုပ်စက်က အရာအားလုံးကို ထိန်းချုပ်မြင်နိုင်အောင်တပ်ဆင်ထားခြင်းဖြစ်သည်။
ကြည်သာ ရုပ်မြင်ထိန်းချုပ်စက်ကို ကျောခိုင်း၍နေဖြစ်သည်။ အနည်းငယ်စိတ်သက်သာရရုံမှအပ လုံခြုံမှုမရှိမှန်း သူသိသည်။
သူ့အိပ်ခန်းနှင့် မလှမ်းမကမ်း မီးဖိုချောင်သို့ သွားရာ အခန်းထောင့်ချိုးနေရာလေးကို ကြည်သာ စိတ်ဝင်စားကြည့်မိနေခဲ့သည်ကြာပြီ။
သူ့စိတ်ဧ။် အတွေးကို ရုပ်မြင်ထိန်းချုပ်စက်က သတိမပြုနိုင်မီ ချက်ခြင်းပင်လျှင်ဖျောက်ဖျက်ပစ်ရမည်ဖြစ်သည်။
ကြည်သာ ရှာဖွေ တွေ့ထားသော အခန်းထောင့်သို့ သွားရောက်ကြည့်မိသည်။ တမင်ထည့်သွင်းထားခြင်းမဟုတ်ဘဲ အခန်းဖွဲ့စည်းပုံလိုအပ်အရ ရှိနေသော ထောင့်စွန်းက ကြည်သာ့ ခန္ဒာကိုယ်သေးသေးကလေးအတွက် တစ်ကိုယ်စာ လွတ်ရုံဝင်ကြည့်၍ ရသည်။

အခြေခံလူတန်းစားရပ်ကွက်ထဲရှိ ခွက်ပုန်းဆိုင်က ၀ယ်ယူလာ၍ မန္တလေးရမ်းပုလင်းထဲ ထည့်ထားသော ချက်အရက်ကို သူမော့သောက်ပစ်လိုက်သည်။ လည်ချောင်းတစ်ခုလုံးပူဆင်းသွားပြီး ခန္ဒာကိုယ်တစ်ခုလုံးက သွေးကြောတွေ ပြောင်းပြန်စီးဆင်းကုန်သလားဟုပင် ထင်မှတ်ရဧ။် ခန္ဒာကိုယ်တစ်ခုလုံးကိုက်ခဲနေသည့် နာကျင်မှုများ အနည်းငယ်သက်သာရာရသလိုတော့ ဖြစ်သွားသည်။

အမှန်တော့ အခြေခံလူတန်းစားရပ်ကွက်ထဲမှာ အရက်ဝယ်ခြင်းသည် အသင်းဧ။် ကုန်သွယ်ထိန်းချုပ်ခြင်း မူဝါဒကို ချိုးဖေါက်ရာရောက်သည်။
နာဂစ် ဥပဒေနဲ့လည်း ငြိစွန်းသည်ဟု ဆိုနိုင်သည်။ သို့သော် အခြေခံလူတန်းစားရပ်ကွက်ထဲမှာ ဈေးဝယ်သည့် အမှုကို အသင်းဝင်တိုင်းချိုးဖေါက်နေကျဖြစ်သည်။ အပြစ်ဟုမည်သို့ဆိုစေကာမှု စံပြအရေးယူမှုပင်မရှိပေ။ ရွှေပြည်ကြီးတွင် ဘဘကြီး နှင့် ကယ်တင်တပ်အသင်းကြီး ဧ။် မူဝါဒကို တော်လှန်လိုသည့်
စိတ်ဖေါက်ပြန်ခြင်းပစ်မှု ကျူးလွန်ခြင်းမှ အပ ကျန်သည့် ပြစ်မှုများမှာ လွယ်လင့်တကူရှောင်တိမ်းနိုင်သည်၊ အလွယ်တကူ ချိုးဖေါက်နိုင်သည်။

အခြေခံလူတန်းစားရပ်ကွက်ထဲက ကြည်သာ ၀ယ်ယူလာသော ချက်အရက်သည် အသင်း၌ခွဲတမ်းကျဝယ်ယူရသော မန္တလေးရမ် အရက်နှင့် အရသာ စူးရှမှုခြင်းမတူပေ။ အသင်းကထုတ်သော ရမ်အရက်ကို သောက်သုံးလိုက်သည်နှင့် ခန္ဒာကိုယ်တစ်ခုလုံးက ထုံထိုင်း၍ လေးလံသွားသည်သာများသည်။
ချက်အရက်ကတော့ သည်လိုမဟုတ် ခန္ဒာကိုယ်နှင့်စိတ်မှာ ပေါ့ပါး၍ တက်ကြွလာတော့သည်။
ဒါကြောင့်ပင် အသင်းက အရက်ဝယ်ယူမှုကို ကန့်သတ်ထားခြင်းဖြစ်သည်။ အသင်းဆိုင်ရာလုပ်ငန်းလုပ်ကိုင်သည့်အချိန်မှလွဲ၍  စိတ်ပိုင်းဆိုင်ရာ တက်ကြွခြင်း ပြစ်မှုမြောက်သည်ဟု နာဂစ်ဥပဒေဧ။် ပြဌန်းချက်တွင်ပါရှိသည်။ အရွယ်ရောက်ပြီးသည့် အသင်းဝင် ယောက်ကျားသားတိုင်း မည်သူမဆို လစဉ်ခွဲတမ်းကျ  အသင်းထုတ် ရမ်းအရက်ကို ၀ယ်ယူရသည်။ အ၀ယ်ပြရခြင်းဟု ဆိုရမည်။

ကြည်သာသည် ရုပ်မြင်ထိန်းချုပ်စက်ကို ကျောခိုင်း၍ အခန်းထောင့်စွန်းလေးအတွင်းသို့ဝင်၍ ထိုင်ချလိုက်သည်။ အခန်းမှာ နှစ်လများစွာ ပစ်ထား၍ဖြစ်မည်ထင်သည်၊ အခန်းတစ်ခုလုံး ထွေးခံအဟောင်းများ၊ ကော်ခုံအကျိုးအပဲ့ အစ များ၊ ပုလင်းကွဲအစများဖြင့် ရှုပ်ပွဲ၍နေသည်။ ကြွက်ချီးခြောက်အနံ့များက လှိုင်လှိုင်သင်း၍နေဧ။် ကြွက်သေကောင်ဟုထင်ရသည့် အပုတ်နံ့များကလည်း ကြည်သာ နှာခေါင်းဝသို့ တိုးဝင်လာနေသည်။ သို့သော် ကြည်သာဂရုမပြုအား သူ့ဂရုတစ်စိုက် အာရုံခံနေသည်က ရုပ်မြင်ထိန်းချုပ်စက်နှင့် လွတ်ကင်းမှုမရှိမရှိသာဖြစ်ဧ။် အနည်းငယ်စိတ်ချရသည့် အခြေအနေရောက်မှ အခြေခံလူတန်းစားရပ်ကွက်ထဲက သူဝယ်ယူလာသော ဗလာစာအုပ်ဟောင်းတစ်အုပ် နှင့် ဘော့ပင်တစ်ချောင်းကို ထုတ်လိုက်သည်။

အချိန်ကြာမြင့်မှုအရထင်သည် စာအုပ်အနားသတ်များက တွန့်လိမ်နေဧ။် စာရွက်သားများ ၀ါကျင့်ကျင့်ဖြစ်နေသည် တစ်ချို့စာရွက်များမှာ နီညိုရောင်သန်း၍နေသည်။
အမှန်တော့ အသင်းဝင်တစ်ယောက် အနေဖြင့် စာအုပ်နှင့်ဘော့ပင် ကိုင်ဆောင်ခြင်းသည် ပြစ်မှုမြောက် နာဂစ်ဥပဒေအရ ကိုင်ဆောင်သူကို သေဒဏ်ပင်ချမှတ်နိုင်သည်။ သူဘာကြောင့် ဒီစာအုပ်ကိုဝယ်ယူမိသည်ကိုပင်ပြန်မတွေးတတ်တော့။ စာအုပ်ကိုဝယ်ယူပြီးသည်နှင့်ချက်ခြင်းပင် စာအုပ်နှင့်ဘော့ပင်ကို သူ့အတွေးအာရုံထဲက ချက်ခြင်းဖျောက်ဖျက်ပစ်လိုက်သည်။ မဖျက်ပစ်နိုင်လျှင် သူ့အတွေးက သူ့ကို ဒဏ်ခတ်စေမည်ဆိုတာသူသိသည်။

သူဒိုင်ယာရီ ရေးဖို့ အတွေးရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တွေးမိတိုင်း ထိုအတွေးကို သူဖျောက်ပစ်ရသည်။ သူသည် ဘဘကြီးနဲ့ ကယ်တင်တပ်အသင်းကြီးကို တော်လှန်လိုသည့် စိတ်ပြစ်မှု မြောက်နေပြီဆိုတာ အလန့်တကြားတွေးမိတိုင်း ဒိုင်ယာယီရေးလိုသော သူ့အတွေးကို လုံးဝမရှိခဲ့သလိုဖြစ်အောင် ဖျောက်ဖျက်ပစ်ရသည်။
ဒီကနေ့တော့ ချက်အရက်အစွမ်းနဲ့ ရုပ်မြင်ထိန်းချုပ်စက်နှင့်လွတ်ကင်းသည့် အခန်းထောင့်စွန်းကြောင့်ထင်ရသည်။ ဒိုင်ယာယီကို ချရေးလိုက်ချင်သော သူ့စိတ်မှာ တက်ကြွလို့နေဧ။်
ကြည်သာ အသက် ၁၄ နှစ်အရွယ်ကစတင်၍ စာအုပ်နှင့်ဘော့ပင်ကို ကိုင်တွယ်ဖူးခြင်းမရှိတော့။မျက်စိရှေ့၌ ပင် မြင်တွေ့ဖူးခြင်းမရှိတော့ပေ။
တကယ်တမ်း ရေးမည်ဆိုတော့ စာရွက်ပေါ်မှာ မည်ကဲ့သို့ စာလုံးများ ချရေးရမည်ကိုမသိ၊ လက်အစုံက တုံရီလှုပ်ခတ်လို့နေဧ။်

သြဂုတ် ၃ ရက် ၅၁၀၂ ခုနှစ်
…………………………………………
အမှန်သို့ဆိုရလျှင် သူချရေးလိုက်သော ခုနှစ် လ ရက် တို့မှာ အမှန်ဖြစ်ချင်မှဖြစ်လိမ့်မည်။ သူဘာကြောင့် ချရေးလိုက်သည်ဆိုတာကိုပင် သူမသိပေ။ ဒိုင်ယာယီရေးဖို့အတွက် ခုနှစ် လ ရက်တွေ လိုအပ်၊မလိုအပ်ဆိုတာ သူမသိ၊ဘာပဲဖြစ်ဖြစ် ကြည်သာက ချရေးပစ်လိုက်ပြီဖြစ်သည်။
ဒိုင်ယာယီမှာ သူဘာတွေ ချရေးရမလဲဆိုတာ ကြည်သာ့အတွက်ေ၀၀ါးလို့နေဧ။် ကြီးမားသည့် စွန်းစားခန်းတစ်ခုအတွက် စိုးရိမ်ထိတ်လန့်နေခြင်းလည်း ဖြစ်နိုင်လိမ့်မည်။ အမြဲတစေ ဖျောက်ဖျက်ခံထားရသော အတိတ်က အကြောင်းအရာတွေကနေ စတင်လိုက်ရင်ကောင်းမလား..။ အတိတ်ဆိုသည့် စာကားလုံးကိုတွေးမိတော့ ကြည်သာ့ ရင်တစ်ခုလုံး လှိုက်လှိုက်ခုန်လာသည်။ အတိတ်ကို တွေးတောခြင်းသည့် စိတ်ဖေါက်ပြန်ခြင်း ပြစ်မှု နံပါတ် ၁၃ ထဲ၌ အကျုံးဝင်သည်။
မှတ်ဥာဏ်ထဲက အပိုင်းပိုင်းအစစ ဖြစ်နေသော အတိတ် အကြောင်းအရာများက လွင့်မျော၍နေဧ။် စာသားများအဖြစ် ဘာတစ်ခုမှ ပေါ်ထွက်မလာ..။
ဘဘကြီး ပျက်သုန်းပါစေ..
ဘဘကြီး ကျရှုံးပါစေ..
ဗလာစာအုပ် အနွမ်းပေါ်၌ စာသားများက မညီမညာ လွင့်မျောလို့ သွားတော့သည်။


သူအိပ်ရာက နိုးလာတော့ ရုပ်မြင်ထိန်းချုပ်စက်က တစ်ချောက်ချောက်ဖြင့် စစ်ပွဲသတင်းကို လွှင့်နေသည်။ စစ်ပွဲသတင်းမှာ ရွှေပြည်ကြီးအတွက် ထူးဆန်းသည့် သတင်းတော့မဟုတ်ပေ။ သာမန်ဖြစ်ရိုးဖြစ်စဉ်သတင်းသာဖြစ်သည်။ သာမန်ဖြစ်ရိုးဖြစ်စဉ်သတင်းများထဲတွင် စစ်ပွဲအပြင် သနားဂရုဏာ ဌာန အောက်တွင်ရှိသည့် မေတ္တာအားရှင်အဖွဲ့ကြီး က အခြေခံလူတန်းစားရပ်ကွက်ထဲသို့ အောင်မြင်စွာ ၀င်ရောက်အကြမ်းဖက်နိုင်ခြင်း သတင်းများ လည်းရှိနေသေးသည်။

ထုတ်လွှင့်နေသော စစ်ပွဲသတင်းမှာ ကယ်တင်ခြင်းတပ် နှင့် ကချင်တပ် တို့ တိုက်ပွဲ သတင်းဖြစ်သည်။
လွန်ခဲ့ တစ်ပတ်ခန့်ကပင် ကချင်တပ်နှင့် ငြိမ်းချမ်းရေးရှိသွားပြီဖြစ်ကြောင်း ရွှေပြည် သတင်းစာတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ရုပ်မြင်ထိန်းချုပ်စက်ကလည်း အကြိမ်ကြိမ်အခါအခါ ထုတ်လွှတ်ပြီးဖြစ်သည်။ ဒီကနေ့တွင်မှု ကချင်တပ်နှင့် စစ်ပွဲဖြစ်ကြောင်းထုတ်လွှင့်ပြန်သည်။
ရုပ်မြင်ထိန်းချုပ်စက် ၌ ကချင်တပ်များသည် ဘဘကြီးဧ။် ကျေးဇူးတော်ကို ဆန့်ကျင်နေကြောင်း၊ အခြေခံလူတန်းစားများ အနိမ့်တန်းစား အသင်းဝင်များဧ။် နေထိုင်ရာ ကျေးရွာများသို့ ၀င်ရောက်ဖျက်ဆီးနေသော်ကြောင့် ဘဘကြီးဧ။် ကယ်တင်တပ်များက စစ်ပွဲများဖြင့် ကယ်တင်နေကြောင်း ထုတ်လွှင်၍နေဧ။် မည်သောအခါကမျှ ကချင်တပ်နှင့် ငြိမ်းချမ်းရေး ရရှိခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ်ထည့်၍ ပြောဆိုနေသည်။
သတင်းအရဆိုလျှင် ဒီကနေ့တော့ဖြင့် ကြည်သာ အလုပ်လုပ်ကိုင်ရာ သုတေသန ဌာန သည် အလုပ်များတော့မည်ဖြစ်သည်။

လွန်ခဲ့သည့် တစ်ပတ်အတွင်းက ရွှေပြည်နေ့စဉ် သတင်းစာဧ။် စာမျက်နာအချို့ကို မီးရှို့ဖျက်ဆီးပစ်နေရသည်။ စာမျက်နာတွေ ဖျက်ဆီးနေသည့် နှင့် အတူ ကချင်တပ်နှင့်ငြိမ်းချမ်းရေးရခဲ့သည်ဆိုသော အသိကို ဖျောက်ဖျက်ပစ်ရသည်။ ကြည်သာပင်မက မည်သည့်အသင်းဝင်မဆို ကချင်တပ်နှင့် ငြိမ်းချမ်းရေး ရရှိခဲ့သည်ဆိုသည့် အသိကို ဖျောက်ဖျက်ပစ်ရမည်သာဖြစ်သည်။မည်သောအခါကမျှ မသိခဲ့ မရှိခဲ့ဆိုသည်အထိ ဖျက်ပစ်နိုင်ရမည်သာဖြစ်ဧ။် ထိုအရာကို မှတ်ဥာဏ်တွင်းသန့်စဉ်ရေးဟု ခေါ်ဧ။်

ကြည်သာ အလုပ်လုပ်ကိုင်သော ဌာနမှာ သုတေသန ဌာနဖြစ်သည်။ သုတေသန ဌာနသည် အတိတ်ကိုဖျက်ဆီးရသည်။
အသင်းက ချမှတ်လိုက်သည့် မည်သည့်အကြောင်းအရာကိုမဆို မရှိခဲ့သည်အထိ၊ မဖြစ်ခဲ့သည်အထိ ဖျောက်ဖျက်ပစ်ရသည်။
ဝါဒဖြန့်ဝန်ကြီးဌာနက ပြင်ဆင်ခဲ့သော မှတ်တမ်းများကို အစားထိုးသိမ်းဆည်းရဧ။် သိမ်းဆည်ခြင်းသည်ဆိုသည်မှာလည်း ဖျက်ဆီးပစ်နိုင်ဖို့ပင်ဖြစ်သည်။ ရွှေပြည်ကြီး၌ အမြဲတစေတည်မြဲသော အရာမှာ ဘဘကြီးနှင့် ကယ်တင်တပ်သာလျှင်ဖြစ်ဧ။်။
ဝါဒဖြန့်ဝန်ကြီးဌာနဧ။် အောက်တွင် ကြည်သာအလုပ် လုပ်ကိုင်ရသည့် သုတေသန ၀န်ကြီးဌာနရှိသည်။ ၀ါဒဖြန့်ဝန်ကြီးဌာနဧ။် အဓိက အလုပ်မှာ ရွှေပြည်နေ့စဉ် သတင်းစာထုတ်လုပ်ခြင်းဖြစ်သည်။ ရွှေပြည်နေ့စဉ်သတင်းစာသည် ရွှေပြည်ကြီးဧ။် အထင်ရှားဆုံးသော သတင်းစာဖြစ်သလိုပင် အသင်းဧ။် အာဘော်လည်းဖြစ်ဧ။်
အခြေခံလူတန်းစား ရပ်ကွက်များ၌ ထုတ်လုပ်သော သတင်းစာများလည်းရှိနေသေးသည်။ ထိုသတင်းစာများကာ ဖျော်ဖြေရေးသက်သက် နှင့် ဘဘကြီးနှင့်ကယ်တင်တပ်ဖွဲ့အသင်းကို မထိခိုက်သော သတင်းများကိုသာ ဖေါ်ပြလေ့ရှိသည်။ အကယ်၍များ ဘဘကြီးနှင့်ကယ်တင်တပ်ကို ထိခိုက်မည့် သတင်းကို ထည့်သွင်းဖေါ်ပြမည်ဆိုပါက သတင်းစာမထွက်မီ ညတွင်းခြင်းပင် မေတ္တာအားရှင်တပ်ဖွဲ့ဧ။် ၀င်ရောက်စီးနင်းခြင်းကို ခံရမည်သာဖြစ်ဧ။် ထိုသတင်းတွေနေရာ၌ ဘဘကြီးဧ။် ဘုန်းတော်ဘွဲ့နှင့် ကယ်တင်တပ်ဧ။် ကျေးဇူးတော်များကို ပလူပျံနေအောင် ၀ါဒဖြန့်ဌာနက အစားထိုးလိုက်မည်သာဖြစ်သည်။
အခြေခံလူတန်းစားများဧ။် သတင်းစာတိုက်များ သတင်းထောက်များနှင့် ကယ်တင်တပ်တို့မှာ လိုက်တမ်းပြေးတမ်းကစားနေသည့်နှင့်လည်း တူလှသည် သတင်းထောက်များမှာ အချိန်မရွေးခေါ်ယူစစ်ဆေးခံလိုက် ၊ အဖမ်းခံလိုက်၊ ပြန်လွှတ်ပေးခြင်းခံလိုက်နှင့် လုံးချာလည်လိုက်၍နေတော့သည်။
သတင်းစာများအတွက် စကားလုံးကန့်သတ်မှုဖြင့် ၀ါဒဖြန့်ဝန်ကြီးဌာနကထိန်းချုပ်ထားသည်။ စာသားထိန်းချုပ်ရေး အက်ဥပဒေဟုခေါ်ဆိုသည်။ သတင်းစာသမားများအဖို့ စာသားထိန်းချုပ်ခြင်းအက်ဥပဒေနှင့်လုံခြုံမှုထိခိုက်ခြင်းအက်ဥပဒေတို့မှာ မကြာခဏ ငြိစွန်းလေ့ရှိသော ဥပဒေများဖြစ်၍နေသည်။
ရွှေပြည်ကြီးအတွင်းရှိ မည်သည်သတင်းစာမဆို ၀ါဒဖြန့်ဝန်ကြီးဌာနကထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များကိုသာ ဖေါ်ပြခွင့်ရှိသည်။
ထို့ထက်ပို၍ ရေးသားဖေါ်ပြပါက အရေးယူဖို့ ဥပဒေက အဆင့်သင့်ရှိနေသည်။ ဒါသည်ပင်မက  ဌာနက ပယ်ဖျက်ပြီးသား အချက်အလက်များကိုလည်း ပြန်လည်တူးစွခွင့်မရှိပေ။တစ်စွန်းတစ်စ ထည့်သွင်းမှုသည်ပင် ပြစ်မှုကြီးမြောက်သည်။

“ကျွန်တော်တို့ဟာ ညီအစ်ကိုတွေဖြစ်တယ် ဒါကြောင့် ထာဝရငြိမ်းချမ်းရေး ယူနိုင်ခဲ့ပါပြီ”
 ကယ်တင်ခြင်းတပ်ဧ။် ဗိုလ်မှူးကြီး ဆန်းညွှန့်ဧ။် ပြောစကားများ၊ဓါတ်ပုံများနှင့် သတင်းကို စာမျက်နာအပြည့်ဖေါ်ပြထားသည်။ ဗိုလ်မှူးကြီး ဆန်းညွှန့်သည် ကယ်တင်တပ်၌ အရေးပါအရာ ရောက်သူ တစ်ဦးဖြစ်သည်။ ယခုမှု သူ့ပြောစကားသတင်းများနှင့် သူ့ရုပ်ပုံများကို ကြည်သာတို့ သုတေသန ဌာန က ဖျောက်ဖျက်နေရပြီဖြစ်သည်။ ဗိုလ်မှူးကြီးဧ။် သတင်းနှင့်ပုံရိပ်တို့နေရာ၌ ကချင်တိုက်ပွဲများအကြောင်းကို ခမ်းခမ်းနားအစားထိုးလိုက်တော့မည်ဖြစ်သည်။ ထို့အတူ ဗိုလ်မှူးကြီး ဆန်းညွှန့်သည် လည်း ဘယ်သောအခါကမျှ မရှိတော့သကဲ့သို့ ပျောက်ဆုံးသွားရတော့မည်သာ။ ရွှေပြည်သားတို့ဧ။် သိမှုထဲ၌ ဗိုလ်မှူးကြီး ဆန်းညွှန့်သည် ဘယ်တုန်းကမှ မရှိခဲ့ဟူသည်အထိ..။
အမှန်သို့ဆိုလျှင် ဒါသည် သမိုင်းဖြစ်သည် အတိတ်ဧ။် အထောက်အထားဖြစ်သည်။ သို့သော် ဖျက်ဆီးပစ်ရမည့် စာရွက်တစ်ခုကို ၁၅ စက္ကန့်ထက်ပို၍ ကိုင်မကြည့်ရဲ..။ မီးရှို့စက်အတွင်းသို့သာ ပစ်လွှတ်လိုက်ရတော့သည်။
……..
သြဂုတ် ၄ ရက် ၅၁၀၂ ခုနှစ်
ဒီနေ့ ဌာနမှာ အလုပ်ရှုပ်တယ်.။ ဗိုလ်မှူးကြီးဆန်းညွှန့်ရဲ့ သတင်းတွေ ဓါတ်ပုံတွေ ဖျောက်ပစ်ရလို့ပေါ့ လုပ်နေကြအလုပ်ပေမယ့် ဒါကိုလုပ်ရတာ သဘောမတွေ့တော့ဘူး ။ ဗိုလ်မှူးကြီးဆန်းညွှန့်ကလည်း ကောင်းတဲ့ ပုဂ္ဂိုလ်တော့ မဟုတ်လှဘူး။ ဗိုလ်မှူးကြီးဆန်းညွှန့်တင် မဟုတ်ပါဘူး ကယ်တင်တပ်က ဘယ်ဗိုလ်ချုပ်မှ မကောင်းကြဘူး။ ဒါပေမဲ့ ဒီလို ဖျောက်ဖျက်ပစ်ရတာကို သဘောမကျဘူး။ နေ့စဉ်နဲ့ အမျှ အတိတ်တွေဟာ ဖျောက်ဖျက်ပစ်တာခံနေရတယ် ။ တစ်ဖြည်းဖြည်း နဲ့ ကျွန်တော်တို့ဟာ ဘာမှ မသိတော့ဘူး။ စားဝတ်နေရေးတွေကအစ ဘာမှမသိတော့ဘူး။ အတိတ်တွေ အနာဂတ်တွေ ဒီနေ့ရှင်သန်မှုတွေ ဘာမျှ မသိတော့ဘူး
………
စာမျက်နာပေါ်က စာသားတွေကို ကြည့်ပြီး ကြည်သာ အံ့သြလို့နေဧ။် ဤမျှ လွယ်လွယ်ကူကူ ချရေးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ သို့သော် သူဒိုင်ယာယီရေးရသည်ကို အရသာတွေ့လို့နေဧ။်။ ရေးလက်စ စာသားတွေကိုကြည့်ရင်း တွေးတောနေမိသည်။ သူဘာအတွက် ဒါတွေရေးနေတာလဲ..။ သူပြစ်မှုကြီး တစ်ခုကိုကျူးလွန်နေပြီဆိုတာ မေ့နေပြီလား.ကြည်သာ ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။
အနာဂတ်အတွက်လား၊ နောက်မျိုးဆက်သစ်တွေအတွက်လား..။ တကယ်တော့လည်းမဟုတ်သေး အနာဂတ်သည် ရွေပြည်ကြီးမှာ မသေချာ။ မသေချာသည်ထက်မက ဘယ်တော့မှ ရှိလာမည့်အရာမဟုတ်ဆိုသည်ကို သူသိသည်။ ဒါဆိုရင် နောက်မျိုးဆက်သစ်တွေအတွက်လည်း မဖြစ်နိုင်။ နောက်မျိုးဆက်တွေ ထံသို့ မည်သို့မျှမရောက်နိုင်၊ .ဒိုင်ယာယီနှင့်သူသည် အချိန်မရွေး အငွေ့ပျံပျောက်ဆုံးသွားမည်သာဖြစ်ဧ။်
ဒါဆိုရင် ဘာအတွက်လဲ.. ကြည်သာ အထပ်ထပ်တွေးလို့နေဧ။်..
လူ့ဂုဏ်သိက္ခာ…
ဟုတ်သည် လူ့ဂုဏ်သိက္ခာအတွက် ဒိုင်ယာယီကို ဆက်ရေးဖို့လိုအပ်သည်ဟု သူတွေးသည်။ လူ့ဂုဏ်သိက္ခာဆိုသည့် စကားလုံး အဓိပါယ် အတိမ်အနက်ကို သူမသိ ။
သို့သော် လူ့ဂုဏ်သိက္ခာသည် လိုအပ်သည်ဟု သူထင်သည်။ လူ့ဂုဏ်သိက္ခာသည် လူသားတန်းဖိုးနှင့် မည်သို့ဆက်စပ်သနည်း သူဆက်တွေးလို့နေဧ။် အသင်းရဲ့ မှုဝါဒထဲက လူသားတန်းဖိုးမှာ ဖိနှိပ်ခံရခြင်းဟုဆိုထားသည်။ ဒါသည် အမှန်တရားမဟုတ်မှန်း ကြည်သာ့ စိတ်မှာခံစားရသည်။ ရွေပြည်ကြီးတွင် အမှန်တရားသည် ဘဘကြီး၌သာတည်နေသည်ကို ကြည်သာ မေ့လျော့သွားတော့သည်။
………….
ရွှေပြည်ကြီး၌ အကြီးဆုံးမြို့တော်မှာ ရန်ဆုံမြို့ ဖြစ်သည်။အခမ်းနားဆုံးမြို့တော့မဟုတ်ပေ အခမ်းနားဆုံးမြို့သည် ဘဘကြီးနှင့် တပ်ချုပ်ကြီးများ နေထိုင်ရာ
မင်းနေပူတော် ဖြစ်ဧ။် ရန်ဆုံမြို့တွင်ရှိသော ဌာနအားလုံးကို ထိန်းချုပ်သည့်ဌာနခွဲကြီးများ မင်းနေပူတော်၌ တည်ရှိသည်။
ရန်ဆုံမြို့ကြီးသည် ဒေါသ ကြောင့် နေ့စဉ်နှင့်အမျှ အုံကြွလို့နေသည်။ ပလက်ဖေါင်းများ၌ ဈေးသည်များဖြင့် ပြည့်နှက်နေဧ။် လူအားလုံး ဘေးတိုက်စနစ်ဖြင့်သာ လမ်းသွားလမ်းလာလုပ်ရသည်။ ဘတ်စကားများနှင့်ဈေးသည်များမှာ အပြန်အလှန်တွန်းတိုက်၍နေသည်ဟု ထင်မှတ်ရသည်။
ဘတ်စကားစပယ်ရာများဧ။် ဆဲဆိုသံများ၊ ဈေးသည်များဧ။် ရန်ဖြစ်သံများက သံစုံတီးဝိုင်းတစ်ခုကဲ့သို့ပင် စည်းချက်ညီညီပေါ်ထွက်နေသည်။ရန်ဆုံမြို့ နေ့စဉ်မြင်ကွင်းမှာဤသို့ပင်ဖြစ်ဧ။် စားဝတ်နေရေးမပြေလည်မှုကြောင့် လူများဧ။်ဒေါသမှာ နေပူချိန်ထက် အစပေါင်းများ မြင့်မားလို့နေသည်။ဤဒေါသများကို ရွေပြည်ကြီးဧ။်အား အဖြစ် ဘဘကြီးနှင့်ကယ်တင်တပ်က မှတ်ယူထားသည်။
စားဝတ်နေရေးပြေလည်ခြင်းက ရွေပြည်ကြီးကို ကျဆုံးခန်းသို့ တွန်းပို့လိမ့်မည်ဟု ကယ်တင်တပ်အတွင်း၌ မူဝါဒချမှတ်ထားသည်။

ဘတ်စ်ကားများမှ အမြဲတစေ လူ့ပြည့်ကျပ်နေသည်သာဖြစ်သည်။ လူ့အပြည့်မတင်သော ဘတ်စ်ကားဆိုလျှင် စွမ်းအင်ချွေတာရေးနှင့်လမ်းချွေတာရေးကို
ဖေါက်ဖျက်ရောက်၍ ယဉ်ထိန်းချုပ်ရေး တပ်ဖွဲ့က ဒဏ်ရိုက်မည်သာဖြစ်သည်။
ကြည်သာ စီးသည့် ဘတ်စကားသည် မြို့တော်ခမ်းမရှေ့၌ ဂိတ်ဆုံးသည်။ မြို့တော်ခမ်းမဟုဆိုသော်လည်း မြို့တော်အတွင်းရှိ လူများနှင့် လားလားမျှ မသက်ဆိုင်သောခမ်းမသာဖြစ်ဧ။် ၀င်ပေါက်များကို သံချွန်တံခါးများဖြင့် ပိတ်၍ထားသည် အမြဲတစေ လက်နက်ကိုင်ထားသော ရေညှစ်တပ်ဖွဲ့များက စောင့်ကြပ်၍နေသည်။ မြို့တော်ခမ်းမတစ်ဝိုက်ရှိ ရေညှစ်တပ်သားများမှာ ပြုံးရယ်ခြင်းအလျင်းမရှိပေ။ ပြုံးရယ်ခြင်းသည် ရေညှစ်တပ်ဧ။် ကျင့်ဝတ်ကို ချိုးဖေါက်ရာရောက်ခြင်းလည်းဖြစ်နိုင်သည်။ မြို့တော်ခမ်းမသည် လက်နက်ကိုင်ဧ။်ကယ်တင်တပ်အခြေစိုက်စခန်းနှင့်တူသည်။ နေ့စဉ်အမျှ အလုပ်သွားတိုင်း မြို့တော်ခန်းမကို ဘယ်သောအခါမျှ လှည့်မကြည့်ဖြစ်။ လှည့်ကြည့်မိလျှင် စိတ်ပြစ်မှု တစ်ခုခုဖြင့် ငြိစွန်းမှာ ကြောက်ရသည်။
…….

သြဂုတ် ၆ ရက် ၅၁၀၂ ခုနှစ်
ဒီနေ့ ဌာနမှာ အလုပ်ပါးတယ်။ အလုပ်ပါးတယ်ဆိုပေမဲ့ အနည်းဆုံးတော့ အလုပ်ချိန်က ၈နာရီလောက်ရှိတာပါပဲ ဌာနကြီးမှူးက အလုပ်ထဲကို ရောက်လာတယ်။ ဌာနကြီးမှူးက အထက်တန်းစား အသင်းဝင်တစ်ယောက်ပဲ။ ဘာကြောင့်မှန်းမသိ ဒီကနေ့ သူ့ကိုကြည့်ရတာ အနည်းငယ်သဘောကျမိတယ်။ သုတေသန ဌာနက ဖျက်ဆီးနေရတာတွေကို သူလည်း သိပ်သဘောကျပုံမရဘူးလို့ စိတ်ထဲကထင်မိတယ်။ သူရော လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသူများ ဖြစ်နေမလား ။သိပ်တော့မဖြစ်နိုင်ဘူး ရွှေပြည်ကြီးမှာ တစ်ယောက်ယောက်ကို ယုံကြည်မိရင် ကိုယ့်ကိုယ်ကို ဒုက္ခတွင်းထဲပို့သလိုဖြစ်သွားလိမ့်မယ်။
ဒီနေ့အဖို့ ဒိုင်ယာယီရေးခြင်းအတွက် ဒီထက်ပို၍ အချိန်မပေးသင့်တော့ဟု ကြည်သာ ယူဆသည်။ ရုပ်မြင်ထိန်းချုပ်စက်နှင့် အချိန်ကြာမြင့်စွာ လွတ်ကင်းနေခြင်း အန္တရာယ်များစွာရှိနေသည်။ စာအုပ်နှင့်ဘော့ပင်ကို သိမ်းလက်စ အမှိုက်ဗုံးအဟောင်းထဲသို့ ထည့်လိုက်ပြီး အိပ်ရာဆီသို့သွား၍ ခန္ဒာအစုံကို ပစ်လှဲချလိုက်တော့သည်။ သူ့ အတွေး၌ လူဂုဏ်သိက္ခာဆိုတာမရှိတော့၊ သူ့ သိမှု့၌ စာအုပ်၊ဘော့ပင်၊ ဗိုလ်မှူးကြီးဆန်းညွှန့် .. ဘာဆိုဘာမျှ မရှိတော့ သူသည် ရုပ်မြင်ထိန်းချုပ်စက်ဧ။် ရှေ့၌ရှိသော အောက်တန်းဆင့် အသင်းဝင်တစ်ယောက်သာ ဖြစ်သွားတော့သည်။ သူမျက်နာမှုရာ နံရံ၌ ဘဘကြီးဧ။်ဓါတ်ပုံသည်လွှမ်းမိုးထားသည်။ ဘဘကြီးသည် သူ့ကို အပေါ်စီးကကြည့်၍နေသည်။ ဓါတ်ပုံအောက်၌ “ဘဘကြီးက သင့်ကို အမြဲစောင့်ကြည့်နေသည်” ဟူသော စာတမ်းပါရှိလေသည်။
………………………………….
အပတ်စဉ် သောကြောနေ့သည် ကြည်သာ့အတွက် နေ့တစ်ဝက် နားစက်ခွင့်ရသော နေ့ဖြစ်သလိုပင် ဆန္ဒထုတ်ဖေါ်ပွဲ၌ ပါဝင်ရန် အလှည့်ကျသော နေ့တစ်နေ့ဖြစ်သည်။ ကယ်တင်တပ်ဧ။် အသင်းဝင်ဘယ်သူမဆို၊ ရက်သတ္တပတ် ၄ ပတ်လျှင် တစ်ရက်တော့ ဆန္ဒထုတ်ဖေါ်ပွဲ၌ ပါဝင်ရသည်။ ဆန္ဒထုတ်ဖေါ်ပွဲဟု အမည်တပ်ထားသော စီတန်းလှည့်လှယ်မှုသည်၊ ဘဘကြီး နှင့် ဘဘကြီးဧ။် မှုဝါဒများကို ထောက်ခံပွဲသာဖြစ်သည်။
“ဘဘကြီးနဲ့ ကယ်တင်တပ် အဒွန့်ရှည်ပါစေ.”
“သင့်ကို ကယ်တင်တပ်က အလိုရှိသည်”
“ပြည်ပ အားကိုး ပလွေရိုး ဘဘကြီးကို ဆန့်ကျသူများအား ဖိနှိပ်ကြ”
“ပြည်အင်အားသည် ကယ်တင်တပ်မှာရှိသည်”
ရာနဲ့ချီသော လူအုပ်ကြီးက ဆိုင်းဘုတ်များ အသီးသီးကိုင်ဆောင်ထားရသည်။ အလတ်တန်းစား အသင်းဝင်များက တိုင်ပေးသမျှ အောက်တန်းဆင့်
အသင်းဝင်များက လိုက်၍ အော်ကြရသည်။ ဆန္ဒပြသူများမှာ ဘယ်တော့မဆို တက်ကြွနေကြသည်သာဖြစ်ဧ။် ဆန္ဒပြပွဲဝင်နွှဲရသည့် နေ့သည် အသင်းဝင်များအဖို့ အသက်သာဆုံးနေ့ဟု ဆိုနိုင်သည်။ ယင်းနေ့၌ နေ့တစ်ဝက်သာ ဆန္ဒပြရပြီး ကျန်သည့်အချိန်များမှာ အားလပ်ချိန်အဖြစ် ဝေစုရရှိသည်။ ထို့ပြင် ဆန္ဒပြပွဲ၌ ပါဝင်သူတိုင်း ဆန်သုံးပြည် နှင့် ပဲ တစ်ပြည် ဝေစုအဖြစ်ထပ်မံရရှိသည်။

နေရောင်ကြောင့် ကြည်သာ့ မျက်လုံးအစုံက ကျိန်း၍နေဧ။် နဖူးကြောတို့မှာ အသက်အရွယ် နှင့် ရာသီဥတုတို့ဧ။် တိုက်စားမှုကြောင့် အရေးကြောင်းများစွာမှာ ကြွ၍နေသည်။ နဖူးက စီးဆင်းလာသော ချွေးများကြောင့် နူတ်ခမ်း၌ ငံကျိကျိအရသာကို ခံစားရဧ။် ကြည်သာ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်၌ “” ဟူသော စာသားပါရှိလေသည်။ ဆန္ဒပြခေါင်းဆောင်များဖြစ်သည့် အလတ်တန်းစား အသင်းဝင်များ တိုင် ပေးသမျှ လိုက်၍ ဆိုနေရသည်။ သူ သီဆိုနေသော စကားလုံးများက သူ့ယုံကြည်ချက်ဖြစ်ချင်မှ ဖြစ်လိမ့်မည် ဒါသာ တာဝန်သက်သက်သာသည်ဖြစ်သည် ပြန်လည်ဆန်းစစ်နေခြင်းသည် အသင်းမူဝါဒကိုချိုးဖေါက်သည့် ပြစ်မှုဖြစ်သည်။

ဒီကနေ့ ဆန္ဒထုတ်ဖေါ်ပွဲကို ၀င်နွှဲရသည်မှာ ကြည်သာ့အတွက် ခါတိုင်းထက်ပို၍ စိတ်မှာ လေးလံနေမိသည်။ သူကိုင်ဆောင်ထားရသော
စက္ကူဆိုင်းဘုတ်မှာ သူ့အတွက်တော့ သံတုန်းသံခဲကြီးတစ်ခုအလား လေးလံလွန်းလှသည်ဟု သူခံစားရဧ။် ထို့ထက်ပိုသည်ကား သူ့ဘေးပတ်လည်လည်ရှိ
လူအုပ်ကြီးဧ။် ကြား၌ အန္တရာယ်အငွေ့အသက်များကိုသာ ခံစားနေရခြင်းဖြစ်သည်။

အမှန်သို့ဆိုရလျှင် လူအုပ်ကြီးတစ်ခုလုံးမှမဟုတ် ရွှေပြည်ကြီး၌ လူတစ်ယောက်နှင့်အတူရှိနေရင်ပင်လျှင် နောက်လူတစ်ယောက်အတွက် မလုံခြုံမှတ်ဟု မှတ်ယူနိုင်သည်။
စိတ်ပြစ်မှု ဖေါက်ပြန်သည်ဟု သင်္ကာမကင်းဖြစ်လျှင် လက်ထောက်ချ သတင်းပေးခြင်းကိုခံလိုက်ရမည်သာဖြစ်သည်။ ယုတ်စွဆုံး တစ်ကိုယ်တည်းရှိနေရင်တောင် လုံခြုံမှုမရှိ မမြင်ရသည့် ရုပ်မြင်ထိန်းချုပ်စက်များနှင့် စိတ်ထောက်လှမ်းရေးတပ်များဧ။် စောင့်ကြည့်မှုကို ခံရနိုင်သည်။

နေပူချိန်သည် ပို၍သာပြင်းလာတော့ဧ။် အာခေါင်တစ်ခုလုံးက ခြောက်သွေ့၍ တစ်စတစ်စ ကွဲအက်လာသည်။
မျက်မှောင်ကျူတ်၍နေသော မျက်ခုံးအောက်ရှိ ကြည်သာ့ မျက်လုံးအစုံတို့မှာ မှိန်ဖျော့ဖျော့ ဖြစ်နေတော့သည်။
တစ်စုံတစ်ယောက်ကများ သူ့ကိုသတိထားစောင့်ကြည့်နေပြီလားဟု သူ့စိတ်မှာ စိုးရိမ်ဖြစ်မိသည်။ ဆန္ဒထုတ်ဖေါ်ပွဲ၌ တက်ကြွမှုမရှိခြင်းသည် ဝေစုအဖြစ်ရရှိမည့် ဆန်သုံးပြည်နှင့်ပဲတစ်ပြည် ဖြတ်တောက်ခံရနိုင်ဧ။် ကြည်သာ့ စိတ်၌ စိုးရိမ်မိနေသလိုပင် သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်မှာ သေချာလာတော့ဧ။် သူ့မျက်လုံးကို ဘယ်ညာရွေ့ကာ လှုပ်ရှားကြည့်သည်။

သူ့မျက်လုံးအစုံက ပြာဝေ၍သွားတော့သည်။ ဆာလောင်မှုနှင့်စိုးရိမ်မှုတို့ပေါင်းစပ်၍ သူ့ ခန္ဒာကိုယ် အစုံက တဇတ်ဇတ်တုံရီနေဧ။်
ကြည်သာတွေ့လိုက်မိသည်ကား တစ်ခြားမဟုတ်။ သူ့ကို ချိန်ထိုးထားသော ကင်မရာမှန်ပြောင်းတစ်ခုဖြစ်ဧ။်

........................
ဆက်ရန်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...