Saturday, April 6, 2013

သံသရာတစ်ခုစာ လွဲချော်သွားလည်း ဘာတစ်ခုမှ ထူးခြားမသွားနိုင်တော့ဘူး (မှူးသစ်)


ဘယ်လို ဖျော်ဖြေမှုမျိုးကများ ပုံမှန်ရှင်သန်နေထိုင်ခြင်းကို ပြန်ပေးစွမ်းနိုင်မလဲ
ညကို ကြောင် နေတဲ့ မျက်လုံးတွေဟာ အိပ်ရာပေါ်မှာ ခေါက်ရက်သား လဲ ကျ၊
*မြင်နေတယ် မျက်လုံးတွေ ပြုတ်ကျမသွားရအောင် မြင်နိုင်တယ် မျက်လုံးတွေ ရူးရအောင်*
ဖွင့်ထားတဲ့ သီချင်းကို လိုက်မဆိုပဲ ဘာတွေကိုများ ရေ ရွတ် တမ်းတမိနေတဲ့ စိတ်ကူး တွေ လဲ။
ကြည့်လက်စ ရုပ်ရှင်ဇတ်ကားထဲက အာရုံတွေဟာ မရပ်တန့်ပဲ လွင့်ထွက်
အနည်းဆုံးတော့ နာကျင်မှုတွေဟာ တန်းဖိုးထားခံရ သင့်တယ်လို့
အိပ်မပျော်ခင် ယောင်ယမ်းပြီး အော်ဟစ်လိုက်ချင်နေတဲ့ မိုက်မဲမှု
ကိုယ့် နားထင်ကို သေနတ်နဲ့ တေ့ပြီး ပစ်ဖါက် လိုက်ချင်တဲ့ စိတ်ဆန္ဒအာသီသ တွေ

အရေးပေါ်အခြေအနေမှာ ၊ အန္တရယ်ဇုံတွေထဲကို ကိုယ် တိုးဝင်လိုက်တယ်
အရာအားလုံးမှာ ဆုတံဆိပ်တွေထက် အသိအမှတ်ပြုမှုတစ်ခုဟာ မျှော်လင့်ချင်စရာအကောင်းဆုံး
မျှော်လင့်ချက်ဟာ ပြုတ်ကျ သွားတယ်။ အသိဥာဏ် ဆက်သွယ်မှု နက်ဝပ်၊ လူမှုဆက်ဆံရေး
ပြတင်းတံခါးမရှိတဲ့ အိပ်ခန်း နဲ့ အိပ်ခန်းမရှိတဲ့ ပြတင်တံခါးတစ်ချပ် ဘယ်အရာတွေ ပိုနေတာလဲ/လွဲနေတာလဲ
ရှင်သန်မှုဟာ လူသားဖြစ်တည်မှုတွေထဲက အထားအသို လွဲမှားနေခြင်း အာရုံတွေကို ပြန်သိမ်းယူ
နာကျင်မှု၊ ၀မ်းနည်းဆွံ့အမှု၊ တိတ်ဆိတ်မှု၊ ချစ်ခြင်းမေတ္တာ.. အရာအားလုံးကို ရှိုက်ချ ပစ် လိုက် တယ်
အဖြစ်အပျက်တွေဟာ အဲ့ဒီလောက်ထိတောင်ပဲ ကိုက်ခဲ စေတတ်သလား
နာဖျားချင်နေတဲ့ ဘ၀တစ်ခုလုံးကို ဒေါသတကြီး "တောက်" တွေ ခေါက်မိ
လျှာဖျားတစ်ခုလုံး ထုံအနေတယ် ကိုယ့် စိတ်ကို ကိုယ် ပြန် နာနေရ တယ်။
ကိုယ့်ကိုကိုယ် ပြန် မဖြေရှင်းနိုင်တော့တဲ့ ကျကွဲမှု စိတ် ရလဒ်
လူတစ်ယောက်ရဲ့ ဖြစ်တည်မှု နဲ့ အနုပညာ ၊ တန်ဖိုးထားမှုတွေဟာ လ္ဘက်မစား ကွမ်းမစား အခြေအနေ အဖြစ်ကို ရရှိ
ပကတိအရှိတရား ပကတိအခြေအနေ အရာအားလုံး ကို တော်လှန်ပစ်လိုက်ရမှာလား
တတ်နိုင်သမျှ သတိတရဖြစ်မှုတွေကို စတေးရင်း လူ့သက်တမ်းတွေကို ဆွဲချုံ ပစ်လိုက်မယ်
သံသရာတစ်ခုစာ လွဲချော်သွားလည်း ဘာတစ်ခုမှ ထူးခြားမသွားနိုင်တော့ဘူး
ပျော်ရွှင်ရာ ပျံသန်းပါ၊အလင်းရောင်တွေ ရှိတဲ့ အရပ်မှာ စိမ်းဆိုပါ ။ နွေထွေးမှုကို အောင်မြင်မှုနဲ့ တိုင်းတာပါ။
စိုးရိမ်ထိတ်လန့်နေတဲ့ စိတ်တွေဟာ အလိုအလျောက် ကောင်းကင်ကို ငေးမောကြည့်နေမယ့် အခွင့်အရေးက လွဲပြီး
ဘာတစ်ခုမှ အသုံးမ၀င်တော့တဲ့ လက်ဖ၀ါးတွေကို ဆုပ်ကိုင်တတ်ဖို့ မကြိုးစားတော့ဘူး
တန်းဖိုးထားမှုတွေကို တန်းဖိုးထားခံရဖို့ မလိုအပ်တော့တဲ့ နောက်
ဆုတောင်းမလိုဘူး ကျိမ်စာမလိုဘူး၊ မေးခွန်းမလိုဘူး အဖြေမလိုဘူး အခြေအနေမလိုဘူး
ဖုန်းနံပါတ်တွေ မလိုဘူး။ ဆက်သွယ်မှုကွန်ယက်တွေ မလိုဘူး၊social network တွေ မလိုဘူး
ချိန်းဆိုမှုတွေ မလိုဘူး ကော်ဖီဆိုင်တွေ မလိုဘူး ၊ အနီးအမှုန် မျက်လုံးတွေ မလိုဘူး
အသေချာ တွေးကြည့်ရင်း မရေရာတာတွေ ကိုယ် ငေးကြည်နေတဲ့အခါ..
နောက်ဆုံးအခြေအနေအရ ရလဒ် ရှင်သန်မှုတွေဟာ ပုံမှန် နေထိုင်ခြင်းတွေထဲမှာ ပုံမှန်မရှိနိုင်တော့ဘူး
ညကို ကြောင် နေတဲ့ မျက်လုံးတွေဟာ အိပ်ရာပေါ်မှာ အထိတ်တလန့်
*မြင်နေတယ် မျက်လုံးတွေ ပြုတ်ကျမသွားရအောင် မြင်နိုင်တယ် မျက်လုံးတွေ ရူးရအောင်*
ဖွင့်ထားတဲ့ သီချင်းကို လိုက်မဆိုပဲ ဘာတွေကိုများ ရေ ရွတ် တမ်းတမိနေတဲ့ စိတ်ကူး စောက်ရူးတွေများလဲ
ဒီ အန္တရယ်ဇုံ ထဲမှာ ပိတ်မိနေတာ ၊ ကိုယ်အသက်ရူ ပိုကြပ်ချင်နေတယ်။

မှူးသစ်

*  ဒိုးလုံး သီချင်းစာသား

ရေးထားပြီး မတင်ဖြစ်ပဲ Draft ထဲမှာ သိမ်းထားမိတဲ့ ကဗျာတစ်ပုဒ်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...