Sunday, February 24, 2013

အရေးပေါ် (မှူးသစ်)


ကြိုး စား ရ မယ်
အာခေါင်တွေ ပိုကျယ်လာသလောက် တိမ်ဝင်သွားတဲ ခြေသံ
ကော်ဖီသောက်ရင်း ဘီယာဆိုင်ထိုင်ရင်း
စပိတ်တစ်ကို ရင်ခုန်စွာပွတ်ရင်း
သီချင်းသံ ခပ်တိုးတိုးကလေးဖွင့်ရင်း
ခွေးကလေးတွေလို မလုံခြုံမှုတွေ ထိုးထိုး ဟောင်နေရင်း
တစ်နှစ်ပတ်လုံးတွေးတောသမျှ ဒီစကားနဲ့ဒီအရသာ
ဝယ်ယူ့ရမယ့်အရာ တစ်စုံတစ်ခုအတွက်
ဖြေ လျော့ ချ လိုက် လည်း ဘာ တစ်ခု မှ မ ရှိ မယ့် အ တူ တူ
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်
ကောင်းကင်မော့ကြည့်ပါ

က မ္ဘာ တစ် ခု ဟာ ဖြစ် တည် နေ ခဲ့ လိမ့် မယ် လို့
ဘယ် လို လုပ် ပြီးေ တော့ များ တွေးမိလာလဲ
ချစ်ခြင်းမေတ္တာ နဲ့နွေးထွေးမှု မှာ နည်းပညာတွေ အပြည့်
အနံ့အသက်ဆိုတာ အဆုံးထိအောင် ရူရှိုက်လာရတာမျိုး
ကျွန်တော်တို့ဟာ တစ်နေရာမဟုတ်တစ်နေရာကနေ ထွက်သွားကြရမှာပဲ
ဘယ်ကို မှ မရောက်တဲ့ နေ့မှာ တွေးမိတယ်
မိသားစုဆိုတာ အရေးကြီးဆုံးလို့ တွေးဖြစ်တဲ့ အချိန်ကြတော့မှ
မိသားစုဆိုတာ ကိုယ်မ၀ယ်နိုင်သေးတဲ့ လူတန်းစား အသစ် တစ်ခု ဖြစ်လို့
ခေါင်းအုံးကို တစ်ဖက်လှည့်လိုက်ရုံနဲ့ မက်လက်စ အိမ်မက်တွေ အခန်းဆက်နိုင်ပါ့မလား
ထွက်မသွား သလိုနဲ့ ထွက်သွားချင်ယောင် ဆောင်ခဲ့ရတဲ့ အချိန်တွေ
သက်တမ်းတွေ ပိုပိုရှည်လာရင်း တစ်ယောက်ထည်း အဝေးမှာ လွင့်နေတာတွေ
ကဗျာယောင် ဆောင်ဖြစ်တယ်
၂၄ နာရီ အတွင်း ၂၈ နှစ်လုံးလုံး လွဲချော်မှုကို ဆယ် ယူချင်မိတာ
တစ် ခု တည်း  ။

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...