ဒဏ်ရာတွေမှာ လျော်ကြေးဆိုတာသာ ရှိရကြေးဆို.( မှူးသစ်)


ဟိုးးးအဝေးမှာ လွင့်လာစဉ်ထဲက စတင်လို့
ေ၀၀ါးမှောင်မိုက်မှုတွေဟာ ပိုပိုသေချာလာ
စက္ကန့်ငယ် အချိုးကလေးတွေ ထောင့်စွန်းမှာ
ခဏတဖြုတ် တိတ်တဆိတ်နေထိုင်ခြင်း
ဆက်သွယ်ချက် ရှားပါးမှုတွေ တိုင်းထွာကြည့်တိုင်း
စကားလုံးသက်သက်နဲ့ လုံလောက်မှုမရှိ
မပီပြင်နိုင်တော့တဲ့ စိတ်ပိုင်းဆိုရာ ဆုံးဖြတ်ချက်တွေဟာ
နောက်ကြောင်းလှည့်ချင်စိတ်တို့ဖြင့်  အတုန်းအရုန်း ကျရှုံးသွားခဲ့ပါပြီ
ဒဏ်ရာတွေကို စနစ်တကျ ပြုစု၊ကုသဖို့ လည်း
ဟိုးးငယ်ငယ်ကတည်းက စာသင်ခန်းထဲမှာ မသင်ယူခဲ့ရ
ခါးသက်နေတဲ့ ရနံ့တွေ ပြန်လျှပ်ရင်း
တစ်ပေပတ်လည် အခန်းကျဉ်းလေးရဲ့
အသက်ရူသံအချို့ဟာ ကြောက်လန့်ဖွယ်ရာ အသံတွေ ဖြစ်လို့

ပုထုဇဉ် ဆန်မှုတွေလည်း ပုထုဇဉ်မဆန်တော့ဘူး
ယဉ်ကျေးမှုအချို့ကနေ အစွန်းထွက် တစ်ခုခု မြင်တွေ့လိုက်ရရင်
ဆန့်ကျင်ဘက်ဆီကို တွေးခေါ်တော်လှန်လိုက်ချင်တဲ့ အာသီသများ
လူ့ဘ၀ကြီးမှာ အသက်ရှင်နေထိုင်ခြင်း၊ အေးစက်မာကျောခြင်း၊
ဖြတ်ခနဲ မေ့လျာ့ထားတဲ့ ကိုယ်ချင်စာတရားနဲ့ ဖိုဝါဒ/မ၀ါဒ
နောက်တော့ ဥပက္ခာပြုခံလိုက်ရတဲ့ မေတ္တာတရားများ  စသည့်ဖြင့်......
အရာတစ်ချို့များနှင့် တစ်ချို့အရာများဟာ *မချိန်းပဲ တွေ့ခဲ့ကြသည်*
တစ်ယောက်နဲ့တစ်ယောက် မချိန်းဆိုဖူးပဲတွေ့ခဲ့ကြသလို
ဆန့်ကျင်ဘက်သို့မရောက်ခင် ချိန်းဆိုထားမှုတွေက အလိုလိုလွဲချော်၊
ဒီလိုပဲလေ "တစ်ယောက်ဒဏ်ရာတွေကို
တစ်ယောက်က တန်းဖိုးတစ်စုံတစ်ရာ ပေးလျော်လိုက်လို့ မရဘူးတဲ့"
(သက်ဆိုင်သည်ဖြစ်ဖြစ်၊ မသက်ဆိုင်သည်ဖြစ်ဖြစ်)
ဒဏ်ရာတွေမှာ  လျော်ကြေးဆိုတာသာ ရှိရကြေးဆို
စကားလုံးတစ်လုံးခြင်းစီကစ..နှလုံးခုန်သံ တစ်ချက်ခြင်းစီကစ.
ဟိုးးး အစစအရာရာတွေ ထိ
လူဆိုတာ ပုထုဇင်ပဲလေ၊ ပုထုဇင်ဆန်ဆန် အကြမ်းဖက်စော်ကားမှု၊
ပုထုဇဉ် ဆန်ဆန် နာကျင်မှု(စိတ်ပိုင်းဆိုင်ရာ..ကစ)၊ ပုထုဇဉ် ဆန်ဆန် ဖြစ်လိုက်ပျက်လိုက်
အန္ဒိယဆေးကျောင်းသူလေးဟာ အကြမ်းဖက်စော်ကားခြင်းကို
ကုသ/ကာကွယ်တဲ့ နည်းပညာကို ကျောင်းတွင်းမှာ မသင်ယူခဲ့ရရှာဘူးထင်ပါရဲ့
"ထားလိုက်ပါတော့ ညီမလေးရေ ..ယွိယွိကလေးခင်များလည်း ပုထုဇင်ဆန်တဲ့ ဥပက္ခာတရားတွေအောက်မှာ
ပုထုဇင် ဆန်ဆန် နာကျင်ခဲ့ရမှာပဲ မဟုတ်လား "
ပုထုဇဉ်ဆန်တဲ့စရိုက်နဲ့ စကားလုံးအအေးဓါတ်များ
လူ့အဖွဲ့အစည်းရဲ့ ယုံကြည်ချက်နဲ့ ခြောက်ခမ်းနေတဲ့ ကိုယ်ချင်းစာတရားများ
စသည်ဖြင့်...အရာအားလုံးကို တော်လှန်ချင်နေတဲ့ အာသီသတွေ ဟာ
တစ်ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ မွန်းကြပ်လို့
ဒဏ်ရာတွေမှာ  လျော်ကြေးဆိုတာသာ ရှိရကြေးဆို..

ဒဏ်ရာတွေမှာ  လျော်ကြေးဆိုတာသာ ရှိရကြေးဆို....ရင်..
ဒဏ်ရာတွေမှာ  လျော်ကြေးဆိုတာသာ ရှိရကြေးဆို...ရင်..

လူ့အဖြစ်မှာ အသက်ရှင်နေထိုင်ရတာ အနံ့တွေက ခါးသက်လို့
ဒီလိုပဲပေါ့......"တစ်ယောက်ဒဏ်ရာတွေကို
တစ်ယောက်က တန်းဖိုးတစ်စုံတစ်ရာ ပေးလျော်လိုက်လို့ မရဘူး"


                                                                                                    မှူးသစ်
                                                                                            Dec ,29. 2012

*မချိန်းပဲ တွေ့ခဲ့ကြသည်*___ကောက်ကွေ့အက်ဆေး ခေါင်းစဉ်

1 comment:

  1. "တစ်ယောက်ဒဏ်ရာတွေကို
    တစ်ယောက်က တန်းဖိုးတစ်စုံတစ်ရာ ပေးလျော်လိုက်လို့ မရဘူး"

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...