ကျွန်တော်နဲ့ အရုပ်ကလေး အောင်ပြည့် (သမုတိ)

မထင်မှတ်ပဲ ကြယ်တွေ အထွေးလိုက်ဆော့ကစားနေတယ်
အလင်းတွေ လမ်းကိုတိုးလို့မပေါက်နိုင်တော့ဘူး
အရုပ်ကလေးက ကျွန်တော့် လက်ကိုကိုင်ထားတယ် ... ကျွန်တော်က အရုပ်လေးလက်ကိုဆုပ်လို့
ကျွန်တော်က အရုပ်ကလေးကိုမေးတယ် ... 

“ ကျွန်တော်နဲ့အရုပ်ကလေး ဘယ်သူကဘယ်သူ့ ကိုပိုချစ်သလဲ ” လို့ ...


အရုပ်ကလေးက ကျမပိုတယ် ... ကျွန်တော်ကလည်း ကျွန်တော်ပိုတယ် ...အရုပ်ကလေးကျွန်တော် ရင်ဘတ်ကိုထုပြီး စိတ်ကောက်တယ်
ကျွန်တော်က အရုပ်ကလေး လက်ကိုတင်းတင်းဆွဲလို့ ...
ကျွန်တော်က အရုပ်ကလေး ပါးကို ပုခုံးပေါ်ထမ်းထားတယ် ... အရုပ်ကလေးက ကျွန်တော့်အကျီင်္စလေးကို ကစားလို့
အရုပ်ကလေးက ကျွန်တော့်ကိုမေးတယ် ...

“ အရုပ်ကလေးနဲ့ ကျွန်တော် ဘယ်သူကဘယ်သူ့ ကိုပိုချစ်သလဲ ” လို့ ...

ကျွန်တော်က မောင်ပိုတယ် ... အရုပ်ကလေးက ချစ်ပိုတယ်နဲ့ ... အရုပ်ကလေး နှုတ်ခမ်းလေးစူလာတယ် ... ကျွန်တော် ဖွဖွလေးနမ်းလိုက်တယ်
အရုပ်ကလေး မအားလပ်နိုင်တော့ဘူး ...
အရုပ်ကလေးက ကလေးလေးတစ်ယောက်ကို ဆွဲလို့ တစ်ဖက်ကကျွန်တော့် လက်မောင်းကို ဆုပ်ကိုင်ထားတယ် ... ကျွန်တော်က ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီး
အရုပ်ကလေးကိုမေးတယ်

“ ကျွန်တော်နဲ့အရုပ်ကလေး ဘယ်သူကဘယ်သူ့ ကိုပိုချစ်သလဲ ” လို့ ...

အရုပ်ကလေးက မေကြီးကပိုတယ် ... ကျွန်တော် ကဖေကြီးကပိုတယ်နဲ့ ... အရုပ်ကလေး မျက်နှာတစ်ခုလုံး ပြုံးလို့ ... ကျွန်တော် သားလေးကို ပုခုံးပေါ်ထမ်းလိုက်တယ်
ကျွန်တော်တို့ အားအင်တွေအပြည့်ပဲ ...
ကျွန်တော်က အရုပ်ကလေးပုခုံးလေးကို တွဲလို့ထိန်းလို့ ... အရုပ်ကလေး မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့လို့
ကျွန်တော့်ကိုမေးတယ် ...

“ အရုပ်ကလေးနဲ့ ကျွန်တော် ဘယ်သူကဘယ်သူ့ ကိုပိုချစ်သလဲ ” လို့ ...

ကျွန်တော်က အဖွားကြီးကပိုတယ် ... အရုပ်ကလေးက အဖိုးကြီးကပိုတယ်နဲ့ ... အရုပ်ကလေး ပါးစပ်ထဲမှာ သွားတွေမရှိတော့ဘူး ...
ကျွန်တော့် မျက်လုံးအိမ်ထဲမှာလည်း အကြည်ဓာတ်တွေသိပ်မရှိတော့ဘူး  ....ကျွန်တော့်တို့ တစ်ယောက်ပါးတစ်ယောက်အပ်လို့ ....

ကျွန်တော်နဲ့ အရုပ်ကလေး
အရုပ်ကလေးနဲ့ ကျွန်တော်
ဘယ်သူက ဘယ်သူ့ကိုပိုချစ်သလဲ

                                                                             အောင်ပြည့် (သမုတိ)
                                                                               20.12.12

1 comment:

  1. ကျွန်တော်နဲ့ အရုပ်ကလေး
    အရုပ်ကလေးနဲ့ ကျွန်တော်
    ဘယ်သူက ဘယ်သူ့ကိုပိုချစ်သလဲ။

    ReplyDelete

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...