Monday, November 19, 2012

ကိုယ်ရေးကိုယ်တာ သမိုင်း (၂) မှူးသစ်



ကိုယ်တွေက အရေးမကြီးမှုများ နဲ့ အတူ မွေးဖွားလာတဲ့ သက်ရှိတွေ
ရပ်တည်ချက် ၀င်ငွေ ခပ်ပါးပါးကလေးက
မလုံခြုံတဲ့ ကိုယ့်စိတ်ကိုတောင် မစောင့်ရှောက်နိုင်ဘူး
စိတ်ရှိလက်ရှိ ဖေါက်ထုတ်ပစ်စရာ ဆိုလို့ လက်ဖျံရိုးသွေးကြောတွေပဲ ရှိတယ်
ရံဖန်ရံခါပဲ သတိတရဖြစ်မိပါတယ် ကိုယ်တို့တွေ ဘာကိုများလိုအပ်သလဲ
ကူးဆက်ရောဂါ မရှိလဲ ခဏ ခဏ ဘေးထွက်နေရတဲ့ အကြိမ်တွေ များလာ

စိတ်မှာ အနာတွေ ထွကြွလာတိုင်း
မလုံမလောက် ဖုံးဖိထားရတဲ့ ကိုယ်ရေးကိုယ်တာ သမိုင်းတွေက
တဖြည်းဖြည်း ရိုင်းဆိုင်းလာတယ်။
မကျေမနပ်ဖြစ်မိတဲ့ စိတ်တွေ က လောကတ်သီးလေးထဲ ထည့်သိမ်းထားလို့ အဆင်ပြေပါ့မလား
သေနေတဲ့ မျက်လုံးတွေက မျက်နာသေတွေ လိုက်လိုက်ကြည့်ရင်း တဖြည်းဖြည်း ပိုပြီး သေသွား
အရုပ်လိုမဖြစ်ချင်လဲ အရုပ်လို အသက်ရှင် နေထိုင်ရ
သင်ရိုးညွှန်းတန်းတွေ သီးသန့်စီ ပြဌန်းထားသလို
ကိုယ်တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက တသီးတသန့်ဆန်တယ်
တကိုယ်ရည်တကာယ အနာတရတွေ ပိုထင်ရှားလာတယ်
စိတ်မှာ ပေါက်ကွဲမိသလောက်
သက်တောင့်သက်သာဖြစ်စေတဲ့  စကားလုံးတွေပဲ ထုတ်လုပ်နေရ
ဘာမှ ပြောလို့မရတော့ အဆင်ပြေပါတယ်။
ညည စကားလုံးတစ်ချို့ အလွတ်ကျက် လေ့ကျင့်မိ   (ဟုတ်ကဲ့)
အဆင်ပြေတယ်ဆိုရုံ အဆင်ပြေပါတယ်။
အပေါစားတွေးခေါ်မှုတွေကို အထင်ကြီးယောင်ဆောင်နေရတဲ့ သောက်ပြဿနာကြားထဲမှာ
စိတ်ဓါတ်တွေ အရိုက်ချိုးမခံရဖို့ ရှောင်ပြေးနေရ..ဘယ်တော့ သေ သွား မလဲ ။
အောက်ဆုံးမှာ လာခံနေတယ်
လွတ်ထွက်တော့မယ့် တောက်ခေါက်သံတွေ အမေ့မျက်နာ တွေးမြင်တိုင်း
အထက်ကို ပြန်စီးလို့မရတော့ဘူး။
အဆင်ပြေတယ်ဆိုရုံ အဆင်ပြေပါတယ်
တိတ်တဆိတ် ရိုင်းလာရတဲ့ ကိုယ်ရေးကိုယ်တာ သမိုင်းထဲမှာ
ခန္ဒကိုယ်တွင်း ရှုပ်ယှက်ခပ်နေတဲ့ သောက်ပြဿနာတွေလို
သက်ရှိစစ်စစ်တစ်ယောက်ဟာ သက်ရှိမဆန်တော့တဲ့ အရုပ်လိုပဲ အသက်ရှင်နေရ  ။


                                                                                                                မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...