တကယ်တော့ ဒီစာဟာ ၀မ်းနည်းလို့ရေးတဲ့စာပါပဲ

ကိုယ်ကိုယ်တိုင်က ဘာကောင်မှ မဟုတ်ပေမယ့် မြင်တွေ့ရတာ စိတ်မချမ်းသာတဲ့အတွက်ပြောမိခြင်းပါပဲ။
ဟိုလူက ခုမှ ကြေညာချက်ထုတ်လို့ ဒီအဖွဲ့က ဒီလိုကြေညာချက်ထုတ်လို့ အစိုးရက ဆောင်ရွက်တာ လိုလို့
ဒေါ်အောင်ဆန်းစုကြည်ကဘာမှမပြောလို့ အပြစ်တွေဝိုင်းပြောနေရုံနဲ့ အဆင်ပြေသွားမတဲ့လား။ ကိုယ်ကိုယ်တိုင်ကရော တကယ်လုပ်နေရရင် ပြေလည်သွားအောင်ဘယ်လောက်ဖြေရှင်းနိုင်ကြမလဲ။ ကိုယ်ကိုယ်တိုင် ဘယ်လောက်ထိလုပ်နိုင်မလဲ။ ဖေ့ဘုတ်မှာ စတေးတပ်လေးတစ်ခုရေးတာ၊ဓါတ်ပုံလေးတစ်ပုံတင်တာ Share ဆိုတာလေး ကို ကလစ်ထောက်လိုက်တာ
Comment တစ်ခုရေးလိုက်တာ။ အရမ်းကိုလွယ်လွန်းပါတယ်။ ကိုယ်ရေးလိုက်တဲ့ စားလေတစ်ကြောင်းကြောင့် ကိုပြောလိုက်တာလေးတစ်ခုကြောင့်
ပဋိပက္ခတွေ ပိုပြီးကြီးထွားလာခဲ့ရင်၊ အထိကရုဏ်းတွေ ဖြစ်ပေါ်လာခဲ့ရင်..အဲ့လိုများ မတွေးမိကြဘူးလား
အဲ့လောက်ထိမဟုတ်တောင်မှ ဘာမှ အပြစ်မရှိတဲ့သူတစ်ချို့ကို စိတ်ပိုင်းဆိုင်ရာ
နာကျင်မှုတွေ ခံစားသွားရမှာကို စိုးရိမ်ပေးတဲ့စိတ် စာနာပေးတဲ့စိတ်တွေ ဘာလို့များ မထားနိုင်ကြတာလဲ တည်ဆောက်စနိုင်ငံကို ဘာဖြစ်လို့ အပျက်သဘောကို ရောက်စေချင်တာလဲ
ဒီလိုပြသာနာတွေက စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ ဖြေရှင်းလို့ရမယ်လို့ ကျန်တော်မထင်ပါဘူး
။ပြသာနာတွေအဓိကဖြစ်ရတဲ့အကြောင်းအရင်ကတော့ ကျွန်တော့်အမြင်မှာ အဲ့ဒီဖြစ်ပွားနေတဲ့သူတွေရဲ့
ပညာရေးနဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းအားနည်းမှုကြောင့်လို့ထင်ပါတယ်။
ဒါပေမယ့် စဉ်းစားဆင်ခြင်နိုင်တဲ့ အနေအထားရှိတဲ့သူတွေကိုယ်တိုင်ရဲ့ စဉ်းစားမှုတွေးခေါ်မှု တွေက နားလည်ရခက်လွန်းပါတယ်။
တရားမျှတပြီးဖြစ်သင့်တာတွေ ဘာလို့မပြောကြတာလဲ။ ဘာဖြစ်လို့အတ္တတွေ မုန်းတီးမှုတွေ အခြေခံပြီး ပြောဆိုနေကြတာလဲမသိတော့ဘူး။
ကျွန်တော်ကတော့ လူမျိုးရေး၊ဘာသာရေးအစွန်းရောက်မှုတွေ၊ လူမျိုးရေးဘာသာရေး ခွဲ့ခြားမှုတွေကို
တဖြည်းဖြည်းပိုပြီးမုန်းတီးလာသလို ပိုပြီးကြောက်ရွံ့လာတယ်။
ကျွန်တော့်အနေနဲ့ထပ်ပြောရရင် မြင်တွေ့ရတာ ကြားသိနေရတာ တွေအပေါ် အရမ်းကိုဝမ်းနည်းမိပါတယ်။
တကယ်တော့ ကျွန်တော်တို့တွေဟာ သေဆုံးသွားလို့ လူ့အဖြစ်ကို ပြန်လည်ရရှိကြမယ်ဆိုရင်တောင်
ဘယ်နိုင်ငံမှာ ဘယ်လူမျိုး ဘယ်ဘာသာ ဆိုတာနဲ့ မွေးဖွားလာကြမယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ကြပါဘူး။
အဲ့ဒီလိုပဲ ကျွန်တော်တို့ဟာ မမွေးဖွားခင်ကာလတုန်းက ဘယ်ဘာသာ ဘယ်လူမျိုး ဘယ်နိုင်ငံသားဆိုတာကိုရော ရွေးချယ်ခွင့်ရခဲ့ကြရဲ့လား
ကျွန်တော်တို့ဟာ ကိုယ်တိုင်ရွေးချယ်မှုနဲ့ လူ့အဖြစ်ကို ရရှိခဲ့ကြတာလား
အားလုံးဟာ လူသားတွေပဲ ဆိုတဲ့ လူသားဆန်တဲ့ အတွေးအခေါ်တွေ ဘာလို့ မတွေးခေါ်ကြတာလဲ ဘာလို့ မမှတ်ယူနိုင်ကြတာလဲ။
အစွန်းရောက်မှုတွေရဲ့ အဓိကအကြောင်းအရင်းက ပညာရေးမှာ အားနည်းမှုပါပဲ အဲ့ဒါကို ဖြေရှင်းဖို့ထက်
အစွန်းကိုပဲ ဘာလို့ထက်ပို့နေကြတာလဲ။သိပ်ကိုဝမ်းနည်းစရာပါပဲ ကိုယ့်ယုံကြည်ကိုးကွယ်မှုတစ်ခုအတွက်
တစ်ခြားသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကို တိုက်ခိုက်တာကလည်း တရားမျှတခြင်းမဟုတ်ဘူးလို့ ကျန်တော်ယူစပါတယ်။
မဖွံဖြိုးတဲ့ဒေသမှာရှိနေတဲ့ ကိုယ့်လူမျိုး ဒါမှမဟုတ် ကိုယ်နဲ့ ကိုးကွယ်ရာခြင်းတူတဲ့ သူတွေက ပညာအားနည်းလို့ အစွန်းရောက်နေကြတာကို သူတို့ထက်ဖွံ့ဖြိုးတဲ့နေရာဒေသမှာရှိနေတဲ့သူတွေကထိန်းညှိပြုပြင်ပေးဖို့ထက် ကိုယ်ကိုယ်တိုင် အစွန်းရောက်မှုကို
လိုက်ပါကြဖို့ အစွန်းရောက်မှုကိုသွားဖို့ အားပေးနေကြတဲ့ အတ္တတွေကလည်း သိပ်ကိုကြောက်လန့်စရာပါပဲ
ဆရာကြီးဒဂုံတာရာရဲ့ လက်ကိုင်ထားတဲ့ စကားလေးတစ်ခွန်းက အမှတ်ရစရာပါ "ရန်သူမရှိ မိတ်ဆွေသာရှိ မုန်းသူမရှိ ချစ်သူသာရှိတဲ့"
ကျန်တော်တို့လူ့အဖွဲ့အစည်းထဲက လူသားတွေအားလုံး အဲ့လိုတွေးခေါ်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကျန်တော်ရွှေပြည်အေးတရားပြောတာမဟုတ်ပါဘူး
အဲ့ဒီလို စရိုက်လေးတွေ ရှင်သန်လာအောင် မွေးဖွားကြရင် ဘယ်လောက်ကောင်းလိုက်မလဲ
ကျန်တော်ဟာ Free Thinker တစ်ယောက်ပါ အဲ့ထက်ပိုပြောရရင် ဗုဒ္ဒဘာသာကိုလေ့လာစဲ Free thinker တစ်ယောက်ပါ။
ကျန်တော်နားလည်သလောက် ဗုဒ္ဒဘာသာဝင်ဆိုတာရဲ့ အနက်အဓိပယ်က ဗုဒ္ဒ=ဘုရား ၊ ဘာသာ = စကား
ဘုရားစကားကိုနားထောင်ခြင်းလို့ နားလည်ထားပါတယ် အဲ့ဒီလိုကိုက်ညီလားဆိုတာတော့
ကိုယ်တိုင်စဉ်းစားဆင်ခြင်ဆုံးဖြတ်ကြရမှာပါ။
ဒီနေ့တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်ကဖွင့်ထား တရားခွေထဲမှာ ဆရာတော်တစ်ပါး
ဟောသွားတာက သာသနာတော်ကွယ်ပျောက်ဖို့ဆိုရင် တစ်ခြားလူတွေ တစ်ခြားအရာတွေ ထက်
ကိုယ့်အတွင်းပိုင်းကြောင့်ပဲ ကွယ်ပျောက်ဖို့ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သံချေးက သံကနေပဲ တက်တယ်ဆိုတဲ့ ဥပမာလေးနဲ့ ဟောပြသွားတယ်။
ဒါက ဆက်စပ်လို့ စိုးရိမ်နေကြတဲ့သူတွေအပေါ်ပြောမိခြင်းပါပဲ။
တကယ်တော့ ကျွန်တော့် လူ့အဖွဲ့အစည်းမှာ တရားသဖြင့်ဆိုတဲ့ စိတ်အရင်းခံလေးတွေ ကိုယ်စီရှိနေကြမယ်ဆိုရင် တရားမျှတခြင်း
တရာဥပဒေဆိုတာ အလိုလို ရရှိလာလိမ့်မယ်လို့ ကျန်တော်တော့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့လူ့အဖွဲ့အစည်းဆိုတာ လူမျိုးစုတစ်စုထည်းကိုပြောတာမဟုတ်ပါဘူး
လူသားအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းပါပဲ။ ဒီလောက်ပါပဲ ကျန်တော်ဝမ်းနည်းလို့ရေးမိတာပါ။
မှူးသစ်
No comments:
Post a Comment