Monday, October 29, 2012

တကယ်တော့ ကိုယ်ရထားတာ လွန်ခဲ့တဲ့ နှစ် (၂၀)တုန်းက မိုးတွင်းတစ်ခုလိုပဲ


ဓါတုဗေဒ ဆေးဝါတွေထဲကျိတ် မှိတ် ထိုးသိပ် ခံထား ရတဲ့ 
စိတ်ဆာလောင်မှုထွက်ပေါက်တွေဟာ
အလိုအလျောက် တုန့်ပြန်မှု စနစ်ကနေ ထွက်ကျလာတယ်
တစ်ယောက်ကိုတစ်ယောက် သတိတရ ရှိနေတတ်တာက လွဲလို့
တစ်ယောက်ကိုတစ်ယောက်ု ရှာဖွေမတွေ့နိုင်သေးဘူး
သွေးကြော ပါးပါး ကလေးတွေ တုန်ရီ ချည့်နဲ့နေတယ် ထရီဇာ

မပျှော်တော့ဘူးး

မနေ့က ပျှော်ရွှင်မှုတွေ ကျည်ဆန် ရထားနောက်မှာ
ပျှော်ရွှင်မှုတွေ နေရာရွေ့ကုန်ပြီ
ရင်ခုန်နူန်းတွေ မြန်ဆန်နေတာလား ရင်ဘတ်တစ်ခုလုံးမှာ လစ်ဟာနေတာလား
ကိုယ်မသိတော့ဘူး ထရီဇာ
အသက်ရှင်မှုတွေဟာ ဂယောင်ခြောက်ချား ဖြစ်ဖြစ် နေတယ်
ညဘက်တွေဆို အလန့်တကြားထနိုးတယ်
message box ကို အလိုလို ဖွင့်ကြည့်မိတယ်
ကိုယ် စီးကရက်တွေ ဆက်တိုက်ဖွာနေတယ် ထရီဇာ
ဆာလောင်မှုဟာ ၀မ်းဗိုက်မဟုတ်တဲ့ တစ်နေရာကနေ
သံစုံမြည်ထိုးထွက်လာနေတယ်
အစာအိမ် နံရံခြင်း ပွတ်တိုက်မှုတွေက တကယ်တော့ အရသာပဲ
ကိုယ်သဘောတကျ ဖြစ်နေပြီ
ဆံပင်တွေ ရှည်လာတာပဲ ဖြစ်ဖြစ်
နှုတ်ခမ်းတွေ ပြာလာတာပဲ ဖြစ်ဖြစ်
လက်သည်းထိပ်တွေမှာ ၀ါညစ်လာတာပဲ ဖြစ်ဖြစ်
ကျဆုံးမှုတွေ က သိပ်မထူးဆန်းတဲ့ အခြေအနေ
တကယ်တော့ ကိုယ်ရထားတာ လွန်ခဲ့တဲ့  နှစ် (၂၀)တုန်းက မိုးတွင်းတစ်ခုလိုပဲ
ကိုယ့်ကိုယ်ကို တောင် သတိတရ ရှိမနေတော့ဘူး
ဒဏ်ရာ အနာတရတွေ လူပြောသူပြောများတဲ့ နာကျင်မှုတွေ
သြဂုတ် မိုးရေတွေကနေ ကိုယ်ထွက်ပြေးချင်တယ် ထရီဇာ
ကိုယ့်ကို ခေါင်းလောင်းလေး ထိုးပေးပါ

လူ့အဖြစ်ဆိုတာ လုပ်ကြံခံရမှုသက်သက်ဖြစ်ကြောင်း
အဓိပယ်ဖွင့်တယ် ကိုယ်မေ့ထားတယ်
...............................................
တကယ်တော့ ကိုယ်ရထားတာ လွန်ခဲ့တဲ့  နှစ် (၂၀)တုန်း က မိုးတွင်းတစ်ခုလိုပဲ

                                                                                              မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...