Tuesday, October 30, 2012

တော်မတော် စမ်းဝတ်ကြည့်လို့ရပါတယ်(ဟံလင်း)




ဆရာဝန်ကအတည်ပြုလိုက်တော့
အဝတ်ဖြူနဲ့လွှမ်းလိုက်ကြတယ်

ပျောက်နေတဲ့ အတွင်းခံဘောင်းဘီအဟောင်း
ဗီရိုအောက်ကပြန်ထွက်လာတယ်

နှင်းတွေအရမ်းသည်းနေတယ်
သိုးမွေးအင်္ကျီဝတ်ထားရတယ်

လက်ဝါးကပ်တိုင်ကို
လည်မှာဆွဲထားတယ်



ဦးထုပ်တွေကိုချွတ်ပြီး
လေထဲမြှောက်ပစ်ကြတယ်

ခြေထောက်မှာလည်းစွပ်လို့ရတယ်
ခေါင်းမှာလည်းစွပ်လို့ရပါတယ်

မီးသတ်ဝတ်စုံတွေ
အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်

ထီးတစ်ချောင်းကို
အတူတူဆောင်းကြတယ်

သခင်ဝတ်စုံဝယ်ရင်
ကျွန်ဝတ်စုံလက်ဆောင်ပေးတယ်

ဒေါက်ဖိနပ်ကိုချွတ်ပြီး
လယ်ကွင်းကိုဖြတ်ပြေးတော့တယ်

ကုတ်အင်္ကျီအောက်မှာ
ကျည်ကာရှိတယ်

ဝရန်တာမှာလှန်းထားတဲ့ ပုဝါ
လေထဲလွင့်သွားတယ်

ဘူရ်ခါထဲမှာ
IPhone မြည်နေတယ်

သီချင်းကိုအကျယ်ကြီးနားထောင်တယ်
နားကြပ်ကိုအချိန်ပြည့်တပ်ထားတယ်

ဇစ်ကို ခဏခဏ
ဖြုတ်လိုက်တပ်လိုက်လုပ်နေတယ်

ညဝတ်အင်္ကျီနဲ့
ဧည့်ခံပွဲကိုရောက်လာတယ်

ယူနီဖောင်းကို ခုထက်ထိ
ဆွဲချွတ်မရဖြစ်နေတယ်

လက်အိတ်ကိုစွပ်လိုက်ပြီး
သဘောင်္သီးကိုသုပ်ပါတယ်

နားကပ်ကိုချွတ်မရလို့
နားရွက်ကိုဖြတ်လိုက်ရတယ်

လက်ပတ်နာရီကို
ကြည့်ကြည့်နေကြတယ်

ယောဂီထဘီအောက်မှာ
Levis 501 ရှိပါတယ်

သရဖူကို
လက်နဲ့လွှဲပြောင်းပေးလိုက်တယ်

သားရေခါးပတ်ကို
လွယ်လွယ်နဲ့ဆွဲဖြုတ်မရဖြစ်နေတယ်

ကလေးတအားငိုတယ်
အနှီးလဲပေးဖို့လိုပါတယ်

အလံကြီးတစ်ခုနဲ့
သေသေချာချာပတ်ပေးကြတယ်

နေကာမျက်မှန်တွေ
အမြန်တပ်လိုက်ကြတယ်

မျက်နှာဖုံးအမျိုးမျိုး
ပြဇာတ်မင်းသားမှာရှိတယ်

ကျောပိုးအိတ်ကြီးထဲမှာ
ကျောပိုးအိတ်လေးထည့်ထားတယ်

ကြောင်ကိုချီပြီး
လည်ပင်းမှာ ရာဘာကွင်းစွပ်ပေးလိုက်တယ်

သင်္ဃန်းကို ထိုင်ကန်တော့ခဲ့ပါတယ်     ။            ။




ဟံလင်း

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...