စိတ်တွေ သေ သွား ပြီ..
အဖြစ် အပျက် အားလုံးဟာ
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ဆုံးရှုံးမှုက စတင်ပြီး
ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ဆုံးရှုံးလိုက်ရခြင်းနဲ့အဆုံးသတ် တယ်
ဘေးထွက်ဆိုးကျိုးတွေအားလုံး နောက်ဆက်တွဲ အသင့်အနေထားတစ်ခုမှာ ရပ်စောင့်နေပါ
တစ်ခုခုဆို ကျွန်တော့ကိုယ်ကျွန်တော် ပြန် အ စ တေး ခံ လိုက်တော့..မယ်
ဒါ……….. ဒီကဗျာရဲ့ အဓိက အဖြစ်အပျက်တစ်ခု အဲ့ဒီကနေလဲ စတင်လာတယ်။
ဒီ ကဗျာရဲ့ နာဖျားမှုဟာ ကျွန်တော့ခန္ဒာကိုယ်ရဲ့ ကိုယ်ပူချိန်ထက် အဆမတန် မြင့်မားနေပြီ
မနက်ခင်းတွေ တိုင်းကို ကြောက်လန့်စရာ အခြေအနေလို့ စတင်.ပြီး..သတ်မှတ်လိုက်ရပြီ
ကျွန်တော် …
ကျွန်တော့်ကိုယ်ကျွန်တော် ရှာမတွေ့တော့ခြင်း အစိတ်အပိုင်းတစ်ခုလို..
ပျောက်နေတဲ့ ညအဟောင်းလေးထဲမှာပဲ ထပ်ပျောက်သွားတယ်
ပိတ်မိနေတာလား ဒါမှမဟုတ် ကျွန်တော် ပိတ်မိခံလိုက်တာလား ပိတ်မိခံလိုက်ရလားး
နားထဲမှာ အလိုအလျောက် ကြားကြားနေတယ် သီးချင်းသံ ဖုန်းမြည်သံ စကားပြောသံ
မျက်လုံးထဲက မြင်တွေ့ရမှုဟာ
အလင်းရောင်အားနည်းတဲ့ အ၀ါရောင် မီးလုံး ကလေးက လွဲလို့ အားလုံးဟာေ၀၀ါး မှောင်မှိုက် လွန်းတယ်
အ၀ါရောင်တွေ မှာ အန္တရယ်ရှိနေပြီ မျက်လုံးက စတယ်.. ကျွန်တော် ဖျားနေတာသေချာနေပြီ်
စိတ်ကနေ စတင်ပြီး
ခံစားမှုရော မျှော်လင့်ချက်ရော အားလုံးကို ကူးဆက်ပျံပွား နေမှု မှာ
မသင်္ကာ စရာ အခြေတစ်ခုထက် မက ရှိနေတယ်
“တကိုယ်ကောင်းဆန်မှု တွေ သိပ်များလွန်းတဲ့ လူ့အဖွဲ့အစည်းပဲ"
လူတစ်ယောက်ရဲ့ ရိုးသားမှု ချစ်ခြင်းမေတ္တာ ယုံကြည်မှု တန်ဖိုးထားမှု အားလုံးကို
ရိုက်ချိုး ၊ စော်ကားပစ်ဖို့ ချောင်းမြောင်းနေတဲ့ လူ့အဖွဲ့အစည်း
အဲ့ဒီ လူ့အဖွဲ့အစည်းကို ကျွန်တော် အယုံအကြည်မရှိတော့ဘူး
အောင်မြင်ကျော်ကြားမှု ၊ တံဆိပ်ကပ်မှု နောက်တော့ လိုလိုလားလား တံဆိပ်အကပ်ခံမှု
အဲ့ဒီလို လူ့အဖွဲ့အစည်းထဲက စောက်တလွဲဖြစ်နေတဲ့အသက်ရှင်သန်နေထိုင်မှု ကို
ကျွန်တော် နာကျင်တယ်။ ကျွန်တော်ရွံ့ရှာတယ်။ ကျွန်တော် မုန်းတီးတယ်။
စူးစူးဝါးဝါး အော်ဟစ်လိုက်မှု ဘာတစ်မှ မရှိပါဘူး
အသက်အောင့်ထားတာမဟုတ်ပဲ အသက်ရူသံတွေ အလိုအလျောက် ပျောက်ဆုံးနေရတယ်
အသက်ရူသံတွေ ကော်ဖီခွက်ထဲမှာတင် ပျောက်ဆုံးသွားပြီ
ကော်ဖီခွက် မြင်တိုင်း ခန္ဒာကိုယ်တစ်ခုလုံး တုံရီချည့်နဲ့လာခြင်း
နှုတ်ခမ်းတွေ ခြောက်ကပ်လားခြင်း စကားလုံးတွေကွဲအက်လာခြင်း
ဒါ သာမန် ဖြစ်ရိုး ဖြစ်စဉ်တစ်ခုမဟုတ်တော့ဘူး
ကံကြမ္မာနဲ့ ကျွန်တော်ဟာ အပြန်အလှန် ကျိမ်စာတွေ ရွတ်ဆိုထားမှု တစ်ချိန်တုန်းက ရှိခဲ့ဖူးလိမ့်မယ်
အသက်ရှင်နေထိုင်မှု ၊အဓိပ္ပာယ်တွေပျာက်ဆုံးမှု၊ တိတ်တဆိတ်အေးစက်မှု
ဘာနဲ့မှ ညီမျှခြင်းချကြည့်လို့မရတဲ့ ပျော်ရွှင်မှု
ချစ်ခြင်းမေတ္တာ၊ တစ်ဦးတစ်ယောက်ထဲ ချောင်ပိတ်ခံရမှု
ဒါ…ပဲ ……………ဒါ လူ့တစ်ယောက်ရဲ့ “ဖြစ် တည် မှု” တဲ့ သိပ်မရိုးရှင်းဘူးလား
အသက်ရှင်နေထိုင်မှုအတွက် တစ်ခုခု အပေါ်မှာ အာမခံထား နေရတဲ့ အခြေအနေကို မကြိုက်တော့ဘူး
စိတ်က သေ..သွားပြီ။
အဲ့ဒီလိုဆိုရင် မနက်ဖြန်ကို လှမ်းမျှော်ကြည့်ဖို့ ပျော်ရွှင်မှုဆိုတာလဲ မလိုအပ်တော့ဘူးပေါ့
မနက်တွေ မရှိတော့ ရင် ဘာဖြစ်မလဲ…
မနက်ဖြန်တွေ မရှိတော့ရင်.. မနက်ဖြန်တွေသာ မရှိတော့ရင်
မနက်ဖြန်တွေဆိုတာ လဲ ....လိုအပ် ဦးမလား
နှုတ်ခမ်းတွေ တဆတ်ဆတ် တုံရီ နေတယ် ခပ်ပါးပါးဆေးလုံးကလေးအတွက် အချိန်
တကယ်တော့ အားလုံးဟာ ခဏလေးပဲ မျက်လုံးတမှိတ် လောက်ဆို လုံလောက်နိုင်တယ်
တကယ်ဆို ကမ္ဘာကြီးဟာ သူ့ကိုယ်သူ ဆူဆိုက် လုပ်လိုက်ဖို့ သင့်နေပြီ
ငြင်းပယ်ခွင့်မရှိတဲ့ နောက်ဆုံးအခြေအနေ မှာ ထိပ်တိုက်တွေ့ဆုံလိုက်ခြင်းက အကောင်းဆုံးလို့
ကျွန်တော်ယူစလိုက်တယ်။
မှူးသစ်
10/9/2012 AM; 2;45

No comments:
Post a Comment