ပုံပြင်
by မှူး သစ် on Monday, July 16, 2012 at 11:35am ·
မညီမညွတ်ခြင်းတွေ အကြောင်းအရာတစ်ခုထက်ပိုလာတဲ့အခါ
အခန်းတံခါးကို စေ့စေ့လေးဟကြည့်တာပေါ့
မနေ့တစ်နေ့ကလို မထုံတက်ထေး အဖြူရောင်ကလေးပြုံးနေတယ်
ပလက်ဖေါင်းပေါ်ကျနေတဲ့ ကြယ်ပွင့်ကလေးကိုမှ မြတ်နိုးသတဲ့လား
ဖြူ……
ဟိုးရှေးရှေးတုန်းကပေါ့..
ဇာတ်လမ်းကိုအစချီ…နုတ်ခမ်းစတွေ အညိုရောင်မှာ
တီးမိခေါက်မိ..
အသစ်ဖြစ်သွားတဲ့ ခန္ဒာကိုယ်မှာ စိတ်ဓါတ်ဟာ အရောင်ခပ်ဖျော့ဖျောလေး လွင့်လို့
အနားသတ်ကို မမိလိုက်တဲ့ မျဉ်းကလေးတွေ
တစ်ကြောင်းပေါ်တစ်ကြောင်း ခြစ်မိနေတယ်
မီးတောက်သံမှာ ပူလောင်မှုဟာ စတင် အငွေ့ပျံစပြုနေပြီ
စမတ်ကျတယ်ဆိုတာ ကဗျာအရေးအသားနဲ့များ ဆိုင်သလား
နားရွက်တစ်ဖက်က ဆေးစက်ပေါ်ပြုတ်ကျလာတယ်………" မစ္စတာ ဗင်ဂိုး"
"အကောင်း"ကို မေတစ်ယောကခင်မျာ ရှာမတွေ့သွားရှာဘူး….".ဒဂုံတာရာ"
အသက်ကိုလောင်းကြေးထပ်ထားတယ် ဆုံးရှုံးမှု
အိမ်အပြန်မှာ ညနေခင်းဟာ မှုံရည်မှိုင်းဝေ
မိုးဆွေ..တဲ့နေ့မှာ သီချင်းတွေ မဆိုဖြစ်တော့ဘူး ရေရွတ်မိရုံကလေး
အသက်ကိုဖြည်းဖြည်းချင်း..ရူရတယ်..ပညာ.
နုတ်ဖျားပေါ်ကျလာတဲ့ ပျှော်ရွှင်မှုလေးတစ်စက်ကို
ဖြစ်သလိုပဲ တစ်စုံတစ်ခုနဲ့ ပေါင်း(+)..မြှောက်(x)..ကြည့်လိုက်ပါ.လား
အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာပွေရတယ်
ပျှော်ရွင်မှုဟာ တစ်ရာပြည့်ဖို့ ကိုးဆယ့်ကိုးအလို
ယောက်ကျားဆိုတာ မျက်ရည်မကျကြေး ဂုဏ်သိက္ခာတွေက မလိုတဲ့နေရာတွေမှာ
သူရဲကောင်းဆန်နေမှ ဖြစ်မှာပေါ့
နံရံကို လက်သီးနဲ့ ပိတ်ထိုးလိုက်တယ်.. "စိုင်းခမ်းလိတ်"
တစ်ချို့တွေ အနံခံကောင်းရုံတစ်ခုထည်းနဲ့
သူဌေး စားရင်ဝင်လာတယ်..
ပေါ်ပင်နဲ့ ခါတော်မီကို ခွဲခြမ်းစိတ်ဖြာ
ခပ်ချာချာ ဟာသဇာတ်ကားတစ်ပုဒ်လောက် နမည်မကြီးတဲ့ ကဗျာဆရာတွေ
အနုပညာသမား စားရင်း သွတ်သွင်းခံရရန် မလိုအပ်ပါဘူး..အန်တီ
ရွှေခေတ်ဆိုတာ ပဒေသရာဇ်တွေသာ ကြီးစိုးတဲ့ နေရာ..
ကျမ်းစာအုပ်တွေ လှန်လှောကြည့်တဲ့အခါ ပုံပြင်တွေ နားထောင်ကောင်းလာပါလိမ့်မယ်
ရေးလို့ မပြီးဆုံးနိုင်သေးတဲ့ သမိုင်းစာအုပ်တွေ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရတယ်
ဆိုမာလီပင်လယ်ဓါးမြတွေ ရှိနေသေးလား
ရ၀မ်ဒါမှာ အခြေအနေ ဘယ်လိုလဲ..
မာတင်လူသားကင်းကိုပဲ စကားပြောခိုင်းဖို့လိုနေပြီ
ကို့ယ်နေရာမှာ ကိုယ်အေးအေးဆေးဆေးလေး ပြန်နေမှ ဖြစ်တော့မှာ
မှူးသစ်
15/7/2012

No comments:
Post a Comment