Friday, February 22, 2013

ငါ..နဲ့.နံနက်ခင်းအား.သော့ပိတ်ထား (မှူးသစ်)




မမြင်ရတဲ့အရောင်တွေ..လွင့်လာတယ်
အနံအသက်တွေ.စိမ်းဆို.ကြောင်းကျိုးဆက်စပ်မဲ့သူ
ဝံပုလွေလာဆင်ကို..လွမ်းသူ။
ငါ့ကိုယ်ငါ တစ်ခုခုပြန်မပြောရသေးဘူး
အ၀ါရောင်အဆင့် မုန်တိုင်းတစ်ခုဟာ ကိုယ်ပူချိန်နဲ့ရွေ့လျားလာ..
အမှုန်စကလေးတစ်စ နံရံကိုပြေးအကပ်.
အသိတရားဟာ အမှတ်တမဲ့ ဖြတ်ပြေးသွားတဲ့ စကားသံ

အသံတွေမကြားရခင်မှာပဲ ဘာမြူဒါ တြိဂံနယ်မြေထဲ ခုန်ဆင်းသွားးးး
သွားပြီ..အနက်ရောင်နယ်မြေထဲမှာ တစ်စုံတစ်ရာကို ချန်ရစ်သွားပြီ။
မမြင်ရတဲ့အသံတွေလွင့်လာတယ်။
အမှတ်စဉ်(၁)ကနေ ပြန်ရည်တွက် တစ်ခုခုပြောလိုက်ဖို့ လိုကိုလိုနေမယ်
ဖုန်းမြည်သံကို ပိတ်ပစ်လိုက် လက်ထဲက..မောက် ခလုတ်က ဟမ်းနေပြီ။
မျက်လုံးတစ်ဖက်ကို အသာအယာမှိတ်ပြီးတဲ့နောက်
ကိုယ်ကျင့်တရားမှာ
ကျည်ဆန်တွေ တစ်တောင့်မှ မရှိတော့ဘူးး
ငါ.နဲ့ နံနက်ခင်းကို..သော့ခတ်သွားပါ။
အတ္တကို မီးရှို့ကြည့်တယ်။ညက အိပ်မက်မှာ ၀ံပုလွေလာဆင်ကို အသက်သွင်းကြည့်တယ်။
ကမ္ဘာမြေရဲ့လိုအပ်ချက်အရ..ကို့ကိုယ်ကို ပြန်ပြီးဆုံးရှုံးကြည့်ကြမယ်။
နားရွက်တစ်ဖက်ကို..အ၀ါရောင်တွေ တိုက်စားသွားကြောင်း
ကဗျာ !အနုပညာ !၊နိုင်ငံရေး၊ ! တစ်ခုခု ဆီကနေ တိတ်တဆိတ်ဖေါက်ပြန်ကြည့်ကြမယ်။
သီးစားပင်တွေ ရိတ်သိမ်းပြီးနောက် နယ်မြေသစ်ကိုရွေ့ကြမယ်။
သဘောတရားများအရ
တစ်ယောက်ကို တစ်ယောက် ကျောခိုင်းထားခြင်းဖြင့် လုံခြုံမှုအပြည့်အ၀ယူပါ
သက်သက်လွတ်စားသုံးခြင်းမှအစ..အသက်အိုးစည်းစိမ် သိမ်းယူးခြင်းအထိ
ဆွဲဆန့်ထားသော အတ္တများအား အ၀ါရောင်အဆင့်ထိ မြှင့်တင်ပါ။
မနက်စာသတင်းတစ်ပုဒ်မှာ.ကိုယ်ကျင့်တရားများ စားသုံးပါ။
ဗျာဒိတ်တော်အား အိပ်မက်တွေ မှတဆင့် ကောင်းချီးပေးတော်မှုပြီးနောက်
ငါ့..နဲ့နံနက်ခင်းဟာ...သော့ပိတ် ကျန်ရစ်တယ်။
                                                                                         မှူးသစ်
                                                                                         1/4/2012  AM;1:45
မှတ်ချက်။    ။(ငါ့..နဲ့.နံနက်ခင်း)ဆရာတာရာမင်းဝေဧ။်ဝတ္တုခေါင်းစဉ်တစ်ခုမှီးယူရေးခြင်းဖြစ်သည်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...