"မှန်​ကြည့်​ခြင်း"


ကိုယ့်​ကိုယ်​ကို သတိထားကြည့်​မိ​တော့ 
ခေါင်း​ပေါ်က ဆံ​ပင်​​တွေက
တော်​​တော်​ဖြူ​နေပြီ
အသက်​အရွယ်​​တွေရလာတာနဲ့အမျှ
အလိုမကျ​မှု​တွေများလာ
ကိုယ့်​ကိုယ်​ကို ယုံကြည်​မှု​တွေက
တစတစ နည်းလာတယ်​။
အဆိုးမြင်​ဝါဒီသမားတစ်​​ယောက်​အဖြစ်​ကို
မသိမသာ​ရောက်​ရှိလာတယ်​။
ဘုရား​တွေကို မယုံ​တော့ဘူး၊
လူ့အဖွဲ့အစည်းကို မယုံ​တော့ဘူး။
ယုံကြည်​ချက်​​တွေကို မယုံ​တော့ဘူး။
အသက်​က ၃၄
ကမ္ဘာကြီးကို ငြီး​ငွေ့​နေချိန်​မှာ
အင်္ဂါဂြိုဟ်​ခရီးစဉ်​ကိုပဲ
စောင့်​​မျော်​​နေချင်​​တော့တယ်​။

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...