*နွေရာသီတရား*



သူက
ကိုယ့်ရှင်သန်မှုတစ်ခုလုံးရဲ့
လိုအပ်ချက်ဖြစ်ပြီး
ကိုယ်က
သူ့ဖြစ်တည်ခံစားမှုတွေထဲက
ဘယ်လိုမျိုး လိုအပ်ချက်ဖြစ်နေမလဲဆိုတာ
စဉ်းစားကြည့်လို့မရတဲ့အခါ..
ဟော့ဒီ စကြ၀ဠာကြီးတစ်ခုလုံး ပျက်သုဉ်းသွားသလို
နာကျင်ရပါတယ်။
နာကျင်သမျှ ဟာ ပျက်သုဉ်းသွားတဲ့
စကြ၀ဠာကြီးထဲက
အမှုန်စကလေး တစ်စလို
သိမ်ငယ်ရပါတယ်။
တစ်ခါတစ်ခါတော့
မဆုံးနိုင်တဲ့ လမ်းတွေကနေ
မဆုံးနိုင်တဲ့ ခရီးတွေအထိ
ထွက်ပြေးလိုက်ချင်ရဲ့
နာကျင်မှုဟာ ရုန်းရင်းကန်ရင်း
ဘလက်ဟိုးထဲ နှစ်မြုပ်သွားတဲ့
အမှုန်လေးတစ်စပေါ့
လူမသိမသိ ဒီလိုပဲ နာကျင်ခဲ့ရပါတယ်။
ချစ်ခြင်းမေတ္တာက
ကိုယ့်ကိုစွန့်ခွာတဲ့အခါ
ကိုယ်က ချစ်ခြင်းမေတ္တာတွေကနေ ထွက်ပြေးမယ်
နာကျင်လွမ်းဆွတ်မှု
ပျော်ရွှင်နေထွေးမှု
ရှင်သန်ခြင်း နေ့ရက်တွေကနေ
ပုန်းကွယ်လို့
ရလောက်တဲ့ အထိ
လူသားတစ်ယောက်ရဲ့ရှင်သန်ခြင်းမှာ
အဓိပ္ပါယ်​တွေ ပါလာရမယ်လို့
ဘယ်ဘုရားကမှ မဟောခဲ့ဘဲ.။
မနက်​ဖြန်​ပြီးတဲ့အခါ
မဆုံးနိုင်တဲ့ မနက်ဖြန်တွေ လာမယ်
ဖြေဖျောက်ခြင်းတရားကို
နာကျင်မှုနဲ့ ပါရမီဖြည့်မယ်
ပျောက်ဆုံးသွားတဲ့ ဒိုင်​ယာရီ စာရွက်ဟောင်းတစ်ရွက်လို့
လူ့အဖြစ်ရဲ့ မေ့ပျောက်ခြင်းကို ခံယူမယ်
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးနေမှတော့
ခလုတ်တိုက်ရင်းရတဲ့ ဒဏ်ရာဟာ
ဘယ်လောက်များ နာကျင်နေဦးမှာပဲ
ဒီလိုနဲ့ပဲ
ကိုယ့်လျှာကိုယ်ကိုက်
ကိုယ့်အံကို ကိုယ်ခဲလို့
နာကျင်သမျှ
ဒဏ်ရာဆိုတာ မျိုချလို့ ကောင်းပါရဲ့
မှူးသစ်
3,11,2017
5:52 PM



No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...