"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"




မှူးသစ်

7DAY သတင်းစာ


ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့

ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ်

လိုက်ပြီးတဲ့ နောက်မှာ

ဒီသတင်းဟာ သတင်းစာမျက်နှာတွေပေါ်မှာ

နေရာယူလာခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုသွားနေတယ်

ဆိုတဲ့မြန်မာနိုင်ငံမှာသတင်းလွတ်လပ်ခွင့်ဆုံးရှုှုံးနေပြီဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ သတင်းစာသမားတွေ ယူဆလာကြပါတယ်။

ဒီဖြစ်စဉ်တစ်ခုလုံးကို လွှမ်းခြုံကြည့် လိုက်မယ်ဆိုရင်တော့

အစိုးရ၊ တပ်မတော်၊တရားစီရင်ရေးစနစ်စတဲ့ မဏ္ဍိုင်တွေနဲ့

သတင်းမီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်ကြားက အငြင်းပွားဖွယ်ရာတစ်ခုထက်ပိုတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြားက သတင်းစာပညာအပေါ်

နားလည်သဘောထားမှု၊ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရဲ့တန်ဖိုး၊

စံနှုန်းတွေအပေါ် အလေးထားမှုတွေဟာ စိုးရိမ်ဖွယ်ရာ

အခြေအနေတွေကိုပါ မြင်တွေ့နိုင်ရမှာပါ။ ဒီဆောင်းပါးမှာတော့

ရိုက်တာ သတင်းထောက် နှစ်ဦး ကြုံတွေ့ရတဲ့ဖြစ်ရပ်အပေါ်

ဆိုရှယ်နက်ဝါ့ခ်တွေပေါ်မှာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်မှုတွေကို

ချဉ်းကပ်ရေးသားသွားမှာပါ။

မြန်မာ့လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းများစွာစစ်အာဏာရှင် ရဲ့

ဝါဒဖြန့်ချိမှုအောက်မှာနေထိုင် ခဲ့ရပါတယ်။ ရုပ်ရှင်၊ စာပေ၊

မီဒီ ယာကဏ္ဍမျိုးစုံရဲ့ ဝါဒဖြန့်ချိမှုတွေ မှာလည်း အမျိုးသားရေး၊

အချုပ် အခြာအာဏာ၊ နိုင်ငံတော်လုံခြုံ ရေးစတဲ့စကားလုံးတွေကို

ထပ် တလဲလဲအသုံးပြုပြီး စစ်အာဏာ ရှင်စနစ်ကို တည်ဆောက်ခဲ့ပါ တယ်။ နည်းလမ်းပေါင်းစုံနဲ့ဝါဒ ဖြန့်ချိခဲ့မှုမှာ အထိရောက်ဆုံးကတော့ အကြောက်တရားရိုက်သွင်း ခြင်းပါပဲ။ ဘာမှန်းမသိတဲ့စိတ်ကူး ပုံဖော်မှုနဲ့ ‘ဒေဝေါကြီး’ဆိုတဲ့ စ ကားလုံးကို အသုံးပြုပြီးကလေးတွေကို

ခြောက်လှန့်လေ့ရှိခဲ့သလို ပဲ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မှာ

အမျိုးသားရေးအချုပ်အခြာ အာဏာ၊ နိုင်ငံတော်လုံခြုံရေးစတဲ့

အကြောက်တရားတွေရိုက်သွင်းခံထားရမှုက ဒီကနေ့အချိန်ထိ

အကျိုးသက်ရောက်မှုရှိနေဆဲ ပါ။

အဲဒီဝါဒဖြန့်ချိမှုတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့အမူအကျင့် နဲ့

အတွေးအခေါ်တွေအပေါ်မှာအခန်းကဏ္ဍတစ်ခုအနေနဲ့ လွှမ်းမိုး မှုရှိနေခဲ့တယ်ဆိုတာကို ရခိုင်အ ရေးအပါအဝင်၊ ထောင်ဒဏ်ခုနစ် နှစ်ချမှတ်ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးအပေါ် တုံ့ ပြန်ပြောဆိုမှုတွေက မီးမောင်းထိုး ပြလို့နေပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းကို ပုံ ဖော်ပြောဆိုကြတဲ့အခါ ကူညီရိုင်း ပင်းတတ်ခြင်း၊ ကိုယ်ချင်းစာတ ရားနဲ့ မေတ္တာတရားကိုလက်ကိုင် ထားခြင်းစတဲ့ ပုံသဏ္ဌာန်တွေပုံ ဖော်ပြောဆိုလေ့ရှိကြပါတယ်။

ဒီ လိုစိတ်ကူးပုံဖော်ပြောဆိုမှုတွေရဲ့ ဆန့်ကျင်ဘက်အခြေအနေကို တော့ ဖေ့စ်ဘွတ်ခ်ဆိုရှယ်နက်ဝါ့ခ် ပေါ်မှာ အလွယ်တကူတွေ့မြင်ရ မှာပါ။ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် ခံလိုက်ရတဲ့ သတင်းထောက်နှစ် ဦးအကြောင်းဖော်ပြတဲ့ သတင်း စာမျက်နှာတွေမှာ လူအများစုရဲ့ တုံ့ပြန်ပြောဆိုမှုတွေဟာ အမုန်း တရားတွေနဲ့ အမှန်တရားကို လက်ခံနိုင်မှုမရှိတာ၊ ကိုယ်ချင်းစာ တရားနည်းပါးတာတွေကို ရှင်း ရှင်းလင်းလင်းပုံပေါ်လို့နေပါ တယ်။

အများစုရဲ့ မှတ်ချက်တွေ ကတော့ ဒီသတင်းထောက်တွေ ဟာ နိုင်ငံကိုသစ္စာဖောက်သူတွေ၊ သတင်းရောင်းစားသူတွေ၊ သူတို့ ရေးသားမှုတွေကြောင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းရတယ်ဆို တာတွေပါဝင်ပါတယ်။ အဲဒီအ ကြောင်းပြချက်တွေနဲ့ပဲ ဒီသတင်း ထောက်တွေဟာ ခုနစ်နှစ်ထက်ပို တဲ့ ပြစ်ဒဏ်တောင်ခံရသင့်တယ် ဆိုပြီး မှတ်ချက်ပြုပြောဆိုကြတာ တွေရှိလာခဲ့ပါတယ်။

အဲဒီမတိုင် ခင်မှာလည်း သတင်းစာသမား တွေဟာ ဘက်လိုက်မှုရှိတယ်ဆို ပြီး သတင်းစာသမားတွေကိုပစ် မှတ်ထားတိုက်ခိုက်မှုတွေ အများ အပြားရှိခဲ့ပါတယ်။ ကိုဝလုံးနဲ့ ကို ကျော်စိုးဦးတို့ရိုက်တာသတင်း ဌာနမှာရေးသားဖော်ပြမှုတွေဟာ ဘက်လိုက်မှုတွေရှိခဲ့ပြီး အာဆာ အဖွဲ့ကဒေသခံရခိုင်တိုင်းရင်း သားတွေနဲ့ ဟိန္ဒူလူမျိုးတွေကို အ ကြမ်းဖက်သတ်ဖြတ်တာတွေကို တော့ ထုတ်ဖော်မရေးသားဘူးလို့ စွပ်စွဲပြောဆိုမှုတွေလည်း တော် တော်များများရှိနေခဲ့ပါတယ်။

တ ကယ်တော့ ဒါဟာမှားယွင်းနေတဲ့ ဝါဒဖြန့်မှုတစ်ခုဖြစ်တယ်ဆိုတာ ကို အသေအချာလေ့လာဖတ်ရှု မယ်ဆိုရင် သိမြင်နိုင်ပါတယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ အ ထက်ပါဖြစ်ရပ်တွေအပေါ်မှာ သ တင်းသမားပီသစွာရေးသားဖော် ပြခဲ့သူတွေဖြစ်ပါတယ်။

တကယ်တော့ သတင်းစာ ပညာဆိုတာ အမှန်တရားကိုဖော် ထုတ်ဖို့ပါ။ အမှန်တရားကိုဖုံး ကွယ်ဖို့မဟုတ်ပါဘူး။

သတင်းစာ ပညာဟာ အမှန်တရားကိုသစ္စာ ခံတာပါ။ သတင်းစာပညာဟာ လူ့အဖွဲ့အစည်းနဲ့စနစ်တစ်ခုအ တွင်းမှာ တကယ်ဖြစ်ပျက်နေတာ တွေကို ဖုံးကွယ်ပြီးစာဖတ်သူအ ကြိုက်ရေးသားနေမှာမဟုတ်ဘူး ဆိုတာကိုလည်း နားလည်နေဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတကာရဲ့ရှုမြင် မှုစတာတွေမှာလည်း ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်း၊ ဖုံးကွယ်ခြင်းက ကောင်းမွန်တဲ့ ဂုဏ်သိက္ခာလားဒါမှမဟုတ် ရက် စက်တဲ့ရာဇဝတ်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေကို အမှန်အ တိုင်းထုတ်ဖော်ရေးသားတာက ကောင်းမွန်တဲ့ဂုဏ်သိက္ခာလား ဆိုတာ အလေးအနက်ထားစဉ်း စားဖို့လိုအပ်ပါတယ်။

အဖြစ်အ ပျက်ပြသ၁နာတိုင်းကို ချဉ်းကပ် တဲ့အခါမှာ ပကတိအရှိတရားကို နားလည်လက်ခံဖို့က အရေးကြီး ပါတယ်။

အမှန်တရားကို အမှန်အ တိုင်းထုတ်ဖော်ပြောဆိုလက်ခံရ မယ့်အစား အဖြစ်အမှန်တွေကို ဖုံးကွယ်ပြီး သတင်းအမှားတွေနဲ့ တုံ့ပြန်ခြင်းကသာ နိုင်ငံရဲ့ဂုဏ် သိက္ခာကို ကျဆင်းစေမှာဖြစ်တယ် ဆိုတာ အထူးသတိပြုရမှာပါ။

အ မှန်တရားကို ထုတ်ဖော်ရေးသား တဲ့ သတင်းထောက်နှစ်ဦးကို နိုင် ငံသစ္စာဖောက်လို့ မှတ်ယူနေတာ ဟာ လူ့အဖွဲ့အစည်းအတွင်းကလွဲ မှားတဲ့အတွေးအခေါ်၊ ယူဆချက် တွေကို မီးမောင်းထိုးပြနေတာပါ ပဲ။

ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်နေတဲ့ အာဏာပိုင်အဖွဲ့အ စည်းတွေအနေနဲ့ ဒီလိုအဖြစ်အ ပျက်တွေကို ဖုံးကွယ်ဖို့ကြိုးစား တာ၊ လွဲမှားစွာပုံဖော်တာ၊ အမှန် တရားကိုဖော်ထုတ်ဖို့ ကြိုးစားသူ တွေကို အရေးယူအပြစ်ပေးတာ စတာတွေက အာဏာရှင်အဖွဲ့အ စည်းတွေအနေနဲ့ လုပ်လေ့လုပ်ထ ရှိပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်တွေ အပေါ်မှာ လူ့အဖွဲ့အစည်းတစ်ခု လုံးကိုယ်တိုင်က ဒါဟာ ဖုံးကွယ် ထားစရာတစ်ခုလို့မှတ်ယူနေပြီဆို ရင်တော့ အဲဒီလူ့အဖွဲ့အစည်းဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအ နေကိုရောက်နေပြီလို့ဆိုရတော့ မှာပါ။

အခုအခြေအနေကတော့ ဖုံးကွယ်ဖို့ကြိုးစားတာထက်ပိုပြီး အမှန်တရားအတိုင်းထုတ်ဖော် ရေးသားသူတွေကို ရန်သူသဖွယ် သဘောထားတာ၊ နိုင်ငံကိုသစ္စာ ဖောက်သူတွေအဖြစ် သတ်မှတ် တာစတဲ့ အဆင့်ကိုတောင်ရောက် ရှိလို့နေပါပြီ။

ဒီကနေ့ အခြေအနေတစ်ခု လုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် တော့ နှစ်ပေါင်းများစွာဝါဒဖြန့်ချိ ခံခဲ့ရတဲ့ အကျိုးဆက်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွေး အခေါ်၊ အမူအကျင့်တွေအားလုံး နီးပါးကို လွှမ်းမိုးလို့ထားနေပါ တယ်။

အမျိုးသားရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ စတာတွေကို တလွဲဝါဒဖြန့်ခံခဲ့ရ တဲ့လူအများစုစိတ်ထဲမှာ သတင်း စာပညာ၊ လူ့အခွင့်အရေးဆိုတာ တွေကို စိုးရိမ်စရာအန္တရာယ်တွေ အဖြစ် သဘောထားနေကြပါပြီ။

ဒီအခြေအနေကို ပြောင်းလဲဖို့ တာ ဝန်ရှိနေတဲ့နိုင်ငံရေးခေါင်းဆောင် တွေ၊ လူအများစုကိုလွှမ်းမိုးနိုင်တဲ့ ဩဇာရှိသူတွေ ကိုယ်တိုင်က လည်း လူ့အဖွဲ့အစည်းရဲ့အတွေး အခေါ်၊ အမူအကျင့်တွေကို ကောင်းတဲ့ဘက်ကိုပြောင်းလဲဖို့ ကြိုးစားရမယ့်အစား၊ လူ့အခွင့်အ ရေးတန်ဖိုး၊ စံနှုန်းတွေကိုနားလည် လက်ခံလာအောင် ကြိုးစားရမယ့် အစား လက်ခုပ်သံနဲ့နိုင်ငံရေး ထောက်ခံမှုတွေရရှိနေဖို့အတွက် လူအများစု သည်းခြေကြိုက် စကားလုံးတွေကိုသာ အသုံးပြုနေ ကြတာက ဝမ်းနည်းစရာကောင်း လှပါတယ်။

ဒီကနေ့မြန်မာကို ကမ္ဘာက ဘယ်လိုရှုမြင်စေချင်သလဲဆိုတာ က မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အ တွေးအခေါ်၊ အမူအကျင့်တွေအ ပေါ်မှာ များစွာမှီတည်နေမှာပါ။

မြန်မာ့လူ့အဖွဲ့အစည်းဟာ လူ့အ ခွင့်အရေးတန်ဖိုး၊ စံနှုန်းတွေကို အလေးထားတတ်တဲ့ လူ့အဖွဲ့အ စည်းလား၊ ဓမ္မနဲ့အဓမ္မမှာ ဓမ္မ ဘက်ကရပ်တည်တဲ့ လူ့အဖွဲ့အ စည်းလား၊ဒါမှမဟုတ်လူ့အခွင့်အ ရေးတန်ဖိုး၊ စံနှုန်းနဲ့ အမှန်တရားကို မျက်ကွယ်ပြုပြီး အဓမ္မတရား ဘက်ကရပ်တည်ခဲ့သလားဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အမူအ ကျင့်တွေနဲ့ အဖြစ်အပျက်တွေ ပေါ်မှာ တုံ့ပြန်မှုတွေက သက်သေ ပြသွားမှာပါ။

ဒီကနေ့ အဖြစ်အပျက်တွေကို နောင်တစ်ချိန်ကမ္ဘာ့ သမိုင်းစာမျက်နှာပေါ်မှာ ဘယ်လို ရေးသားကြမှာလဲ ဆိုတာက လည်း မြန်မာ့လူ့အဖွဲ့အစည်းအ ပေါ်မှာပဲမူတည်နေပါတယ်။ ဒီက နေ့ အချိန်မှာရပ်တည်ပြောဆိုမှု တွေ (အနည်းဆုံးဖေ့စ်ဘွတ်ခ်ပေါ် က ကွန်မန့်လေးတစ်ခုလေးပဲဖြစ် ဖြစ်) ဟာ နောင်တစ်ချိန်သမိုင်း စာမျက်နှာတွေအတွက် ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို ရှုမြင် မှုတွေအတွက် မှတ်တမ်းမှတ်ရာ တွေပါပဲ။

ဒါတွေဟာ အထူးသတိ ပြုဖို့လိုနေပါပြီ။

ပြသ၁နာတွေ၊ စိန်ခေါ်မှုအ ကျပ်အတည်းတွေ ကြားထဲမှာပဲ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အ စည်းဟာ ဘယ်လိုတန်ဖိုး၊ စံနှုန်း တွေနဲ့ ရပ်တည်နေတယ်ဆိုတာ ကမ္ဘာကိုပြသနိုင်ဖို့က မြန်မာ့လူ့ အဖွဲ့အစည်းမှာ တာဝန်ရှိပါ တယ်။

ဒီတာဝန်ဟာ အာဏာရှင် တွေရဲ့ အရိပ်နဲ့ရေးထိုးနေတဲ့အ မည်းစက်တွေကို ဖုံးကွယ်ပေးဖို့၊ ကာကွယ်ပေးဖို့ မဟုတ်ပါဘူး။ နောင်တစ်ချိန် ကမ္ဘာ့သမိုင်းစာ မျက်နှာမှာ တင်ကျန်ရစ်မယ့်အရာ တွေဟာ ဒီကနေ့မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ ဂုဏ်သိက္ခာကိုဘယ်လို ကိုယ်စားပြုနေမလဲ၊ ဘယ်လိုပုံ ဖော်နေမလဲဆိုတာက ဒီကနေ့ အရေးတကြီးလုပ်ဆောင်ရမယ့် အရာတစ်ခုပါပဲ။

လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံခြင်းအမူအကျင့် နှင့် မြန်မာ့ရုပ်ရှင်မီဒီယာ"



(ဒီမိုကရေစီနှင့်လူ့အခွင့်ရေးဂျာနယ်)

မှူးသစ်

__________________________________________________

Violence ( အကြမ်းဖက်မှု)တွေ ကို လေ့လာကြည့်မယ်ဆိုရင် အကြမ်းအားဖြင့် Structure Violence နဲ့ Cultural Violence ရယ်လို့ တွေ့နိုင်တယ်။ Structure Violence နဲ့ ပတ်သက်ပြီး အဓိက ရည်ညွန်းချင်တာက လက်နက်ကိုင် တိုက်ပွဲတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အထိကရုဏ်းတွေ နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ စတာတွေပဲဖြစ်တယ်။ Culture Violence ကတော့ အထက်မှာ ဆိုခဲ့တဲ့ Structure Violence ထက် ပိုပြီး နက်နဲလိမ့်မယ်လို့ ယူဆပါတယ်။

Structure အားဖြင့် ဖြစ်ပေါ်နေတဲ့ Violence တွေကို ဖြေရှင်းဖို့က စစ်ပွဲတစ်ပွဲ လူသတ်ပွဲတစ်ပွဲ လက်နက်ကိုင် အထိကရုဏ်းပွဲတစ်ပွဲ စတဲ့ ဖြစ်စဉ်တွေကို စေ့စပ်ညှိှုနိုင်းနိုင်မယ်ဆိုရင် အချိန်ကာလတစ်ခုနဲ့ ရည်မှန်းပြီး လုပ်ဆောင်နိုင်မယ်။ Cultural Violence ကတော့ ဒီလိုမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်တွေဖြစ်တဲ့ အတွက် ဖြေရှင်းရဖို့ အချိန်ကြာတတ်သလို ဖြေရှင်းနိုင်ရင်တောင် အကြမ်းဖက်စိတ ်မီး တွေဟာ အချိန်မရွေး ထလောင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဆိုရရင် Cultural Violence တွေ အပြီးသတ်ပျောက်သွားဖို့က လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကိုပါ ပြောင်းဖို့လိုအပ်တယ်။

နောက်ထပ် သတိထားဖို့ လိုတာက လူ့အဖွဲ့အစည်းအတွင်းမှာ မမြင်ရတဲ့ အကြမ်းဖက်စိတ်တွေ၊ စိမ့်ဝင်တွေနဲ့ အကြမ်းဖက်မှု အမူအကျင့်တွေဟာ လက်နက်ကိုင်တိုက်ပွဲတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ဘာသာရေး လူမျိုးရေး အထိကရုဏ်းတွေစသည့်ဖြင့် (Structure) အားဖြင့် ဖြစ်ပေါ်လာမယ့် (Violence) အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ ကို အဓိက တွန်းအားပေးနေတာပဲဖြစ်တယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်(Cultural Violence ) ပဲဖြစ်တယ်။

Cultural Violence တွေဖြစ်ပေါ်လာဖို့ ဘယ်က အခြေခံလာသလဲဆိုရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) တွေကြောင့်လို့ ပြောရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စိမ့်ဝင်ဆွဲကပ် နေသမျှ ကာလပတ်လုံး အထက်မှာ ဆိုခဲ့တဲ့ Structure Violence နဲ့ Culture Violence တွေ ဖြစ်ပေါ်လာဖို့ လွယ်ကူနေမှာပဲဖြစ်တယ်။

အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် လက်နက်ကိုင် အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ်မှု ၊ အုပ်စုဖွဲ့ ဗိုလ်ကျ ဖိနှိပ်မှုလို့ မြင်ကြမှာအမှန်ပါပဲ။ သို့ပေမယ့် လူ့အဖွဲ့အစည်းကြားထဲမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ကြတဲ့ အကြမ်းဖက်မှုတွေ ရှိနေသလို နူတ်အားဖြင့်အကြမ်းဖက်မှု၊ အမူအရာအားဖြင့် အကြမ်းဖက်မှုတွေကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ နေရာတိုင်း အချိန်တိုင်း လိုလို တွေ့ကြုံနေရပြန်တယ်။

ကျွန်တော့်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် ခွဲခြားဆက်ဆံခြင်း(Discrimination) အမူအကျင့်တွေ အများကြီး စွဲကပ်နေတာ စိမ့်ဝင်နေတာကို မလွဲမသွေ တွေ့ရမှာပဲဖြစ်တယ်။ အနီးကပ်ဆုံး ဥပမာပေးပြရမယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း၊ အခုလို ဝါတွင်းကာလမှာ အချို့သော အလှူခံမဏ္ဍပ်တွေရဲ့ အချိန်ပြည့်နီးပါးဖွင့်လေ့ရှိတဲ့ “ငါတို့ အရိုး စည်းရိုးထိုး ” ဆိုတဲ့ စာသားတွေပါ၊ ဘာသူတူရာဈေးဆိုင်မှာသာ ဈေးဝယ်ပါ၊ အိမ်ရှင်စော်ကား” စတဲ့စာသားတွေပါတဲ့ သီချင်းတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်နေတာကို ပြရ မှာပဲဖြစ်တယ်။

ဒါဟာ တနည်းအားဖြင့်တွေးမယ်ဆိုရင် လူမျိုးမတူ ဘာသာမတူသူတွေအပေါ် လူများစုတွေက နူတ်အားဖြင့် အကြမ်းဖက်မှုပဲဖြစ်တယ်။ သို့ပေမဲ့လည်း ဒီသီချင်းတွေကို ဘာသာရေးဆိုင်ရာ မဏ္ဍပ်တွေမှာ ကျေကျေနပ်နပ်ဖွင့်နေကြရုံသာမက မြို့ရွာ ရပ်ကွက်အနှံ့ ကားနဲ့လှည့်ပြီးလို့တောင် ဖွင့်ကြတယ်။

ဒီအပြုအမှုတွေ ဘာကြောင့် ရှိနေရသလဲ၊ ဘာကြောင့် ဖြစ်ပေါ်နေရသလဲဆိုတဲ့ လားရာ အခြေခံအကြောင်းအရင်းတွေကို ကြည့်လိုက်ရင်တော့ လူ့အဖွဲ့အစည်းအတွင်းက သိစိတ်၊မသိစိတ်တွေထဲမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စွဲကပ်နေတာကို အထင်အရှားတွေ့ရလိမ့်မယ်။

ခွဲခြားဆက်ဆံမှုဟာ sensitive ဖြစ်တဲ့ issue တစ်ခုလည်းဖြစ်ပြီး နေရာတိုင်းလိုလိုမှာ ရှိနေတယ်။ ခွဲခြားဆက်ဆံမှုတွေကနေတဆင့် ဘာသာ၊ လူမျိုး၊ စတဲ့မတူညီတဲ့ Identity တွေအပေါ် အကောင်းဘက်က မရှုမြင်နိုင်တာတွေ၊ လေးစားမှုမရှိတော့တာတွေနဲ့ ရန်သူသဖွယ် သတ်မှတ် ပြုမှုလာကြတော့တာပဲဖြစ်တယ်။

ခွဲခြားဆက်ဆံမှုတွေဟာ ဒေါသစိတ်တွေကို မွေးမြူပေးတယ်။ ဒေါသစိတ်တွေကတဆင့် မတူညီတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပဋိပက္ခမီးတွေဟာ တောက်လောင်စေတော့တာပဲဖြစ်တယ်။

ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ သာလျှင် ကြီးကျယ်မြင့်မြတ်တယ် ကိုယ်နဲ့မတူညီတဲ့ လူမျိုး၊ဘာသာ၊နိုင်ငံသားတွေဟာ နိမ့်ကျတယ် ဆိုတဲ့ အစွန်းရောက် ဘာသာရေး အမျိုးသားရေး စိတ်ဓါတ်တွေကြီးထွားလာဖို့အတွက် ခွဲခြားဆက်ဆံမှုတွေက အဓိက တွန်းအားပေးနေတယ်လို့ဆိုရမယ်။

ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေကို ဘယ်လိုအရင်းအမြစ်တွေကနေ စွဲကပ်စေသလဲ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ လူ့အဖွဲ့အစည်းအတွင်းကို အရိုးစွဲ စိမ့်ဝင်စေတဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ စတဲ့ အရင်းအမြစ်တွေကို ရှာဖွေကြည့်ရင်တော့ အများကြီးတွေ့နိုင်တယ်။ စာပေတွေ၊ ကျောင်းစာသင်ခန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ မိဘဘိုးဘွားတွေ၊ ရုပ်ရှင်ဖျော်ဖြေရေးတွေ စသည့်ဖြင့် အများကြီးပါပဲ။

လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ စွဲကပ်စေတဲ့ အရင်းအမြစ်တွေအားလုံးကို ဖေါ်ပြရေးသားရမယ်ဆိုရင်တော့ လေ့လာမှုများစွာနဲ့ အရမ်းကျယ်ပြန့်ပါလိမ့်မယ်။

အဲ့ဒီထဲကမှ ရုပ်ရှင်ဗီဒီယို ဖျော်ဖြေရေးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ဘယ်လို ရိုက်သွင်းနေတယ်၊ ဘယ်လိုဆွဲကပ်စေတယ်ဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးချင်ပါတယ်။

အာဏာရှင်လက်ထက်တစ်ခုလုံးမှာ ထွက်ပေါ်လာတဲ့ မြန်မာ့ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် လူ့အခွင့်အရေးတန်ဖိုးစံနူန်းနဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြသနိုင်တဲ့ ဇတ်ကားတွေဟာ မရှိသလောက် ရှားပါးခဲ့ပေမဲ့ လူ့အခွင့်အရေးတွေကို မသိလိုက်မသိသာနဲ့ သိသိသာသာချိုးဖေါက်မှုတွေကတော့ အများအပြားရှိနေတာကို တွေ့မြင်နိုင်တယ်။

အထင်ရှားဆုံးညွှန်းရရင် အခုလက်ရှိ အောင်မြင်မှုရနေတဲ့ ဟာသ ဇတ်ကားတွေနဲ့ အငြိမ့်ပြဇတ်တွေမှာ လိင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာစကား စတာ တွေကို လှောင်ပြောင်တာ၊ နှိမ်ချ ဟာသ လုပ်တာ အများဆုံးတွေ့ရလေ့ရှိတယ်။

ဂေးတွေကို လှောင်ပြောင်တာ ၊ မိန်းမလျာပုံစံနဲ့ ဟာသ လုပ်တာ၊ အသားမည်းတာကို ဟာသ လုပ်တာ တိုင်းရင်းသား ဘာသာစကားအသံတွေကို မပီမသအသံ တုပပြောဆိုတာတွေက မြန်မာ ရုပ်ရှင်ဗီဒီယို၊ အငြိမ့်တွေအတွက် ပြတ်လုံးဖန်တီးတဲ့ ဖေါ်မျူလာ တစ်ခုလိုတောင်

ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။

ဒီအပေါ်မှာကြည့်ရှုသူတွေအနေနဲ့ သဘောတကျ ရယ်မောကြသလို၊ ကိုယ့်နေထိုင်တဲ့ လူမှု ပတ်ဝန်းကျင်တွေမှာ အဲ့ဒီ ဟာသ ပြတ်လုံးတွေကို အသုံးပြုပြီး ကိုယ်နဲ့ မတူညီသူတွေကို ပြန်ပြီး လှောင်ပြောင်လေ့ရှိကြတယ်။ ဒါဟာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်စွဲကပ်ခံရခြင်း အရာတစ်ခုလို့လည်း ဆိုနိုင်တယ်။

အထူးသဖြင့် ဒီလို ခွဲခြားဆက်ဆံပြီး လှောင်ပြောင်တဲ့ စကားလုံးတွေဟာ အသိဉာဏ်နုနယ်သေးတယ် ကလေးတွေအတွက် အတုယုဖွယ်ရာ တစ်ခုဖြစ်လာပြီး၊ ကျောင်းစာသင်ခန်းတွေထဲအထိ သယ်ဆောင်လာတော့တယ်။ အဲ့ဒီမှာပဲ အခန်းဖေါ်တွေထဲက အသားမည်းတဲ့ ကျောင်းသားတွေ၊ နေထိုင်မှုပုံစံမတူတဲ့ သူငယ်ချင်းတွေ၊ ဘာသာကွဲ လူမျိုးကွဲ အတန်းဖေါ်တွေအပေါ်မှာ ခွဲခြားဆက်ဆံခြင်း စကားလုံးတွေကို အသုံးပြုပြီး စနောက် လှောင်ပြောင်ကြတော့တာပဲဖြစ်တယ်။

မြန်မာရုပ်ရှင်ဇတ်လမ်းတွေဟာ ဖျော်ဖြေရေးအရာတစ်ခုလို့ ဆိုပေမယ့်လည်း အဲ့ဒီ ဖျော်ဖြေရုပ်ရှင်တွေထဲက ဘယ်လိုဇတ်ကွက်တွေကတော့ဖြင့် ကြည့်ရှုသူတွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် လူ့အဖွဲ့အစည်းကို ဘယ်လို စရိုက်တွေ ကူးဆက်စေတယ်ဆိုတာကို ဇတ်ကားရိုက်ကူးသူတွေကိုယ်တိုင်က လေ့လာဆန်းစစ်ကြည့်ဖို့ သတိရကြဟန်တော့မရှိပါဘူး။

ဒါ့အပြင် ပညာပေးဇတ်ကားလို့ဆိုလိုက်ရင်၊ မိဘမေတ္တာနဲ့ ရိုးသားမှု ၊မတော်လောဘရဲ့ အကျိုးအပြစ်တွေ၊ ဥပဒေချိုးဖေါက်မှုတွေ စတာတွေလာက်ကိုသာ အသားပေးပြသကြပြီး။ လူ့အခွင့်အရေးတန်ဖိုးတွေ၊ တရားမျှတမှုတွေ၊ လူသားခြင်းစာနာမှုတွေ၊ လူလူခြင်းတန်ဖိုးထားမှုတွေကို ပြသနိုင်တဲ့ ဇတ်ကားတွေက မရှိသလောက် ရှားနေစဲဖြစ်တယ်။

အစိုးရသစ်ပြောင်းပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်တွေနဲ့အတ ဆင်ဆာလွတ်လပ်ခွင့်တွေရလာပေမယ့်လည်း မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေရဲ့ တိုးတက်မှုကတော့ မေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေတွေမှာ

ရှိနေတုန်းလို့ပဲ ဆိုရမယ်။

ဆင်ဆာလွတ်လပ်ခွင့်ရပြီးတဲ့နောက်မှာ စကားလုံးအားဖြင့် ခွဲခြားဆက်ဆံခြင်းပြုလုပ်တာတွေက ပိုလို့တောင်များလာတယ်လို့ ဆိုမယ်။

အင်တာနက်ပေါ်မှာ ဝေဖန်မှုခံခဲ့ရတဲ့ ဒါရိုက်တာ နေပိုင်ရဲ့ “ဂျောင်း”ဆိုတဲ့ ဇတ်ကားမှာဆိုရင် လူမျိုးနှစ်မျိုးကို ထိခိုက်ပြီး ဟာသလုပ်တဲ့ ဇတ်ဝင်ခန်းကို တွေ့ရမယ်။ ဒီဇာတ်ကားကို ရခိုင်တိုင်းရင်းသားတွေက တရားဝင်ကန့်ကွက် ဝေဖန်လို့သာ အများပြည်သူကြားကို ကျယ်ကျယ်ပြန့်ပြန့်ရောက်လာပြီး ပြန်လည်တောင်းပန်မှုတွေ ရှိခဲ့တာပဲဖြစ်တယ်။ အခြားသော ဇာတ်ကားတွေမှာလည်း ရုပ်ရှင်ကြည့်သူတွေကြားမှာ မသိလိုက်မသိသာ ရယ်ပွဲတွေနဲ့တင် ပြီးဆုံးသွားတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်လှောင်ပြောင်မှု ပါဝင်တဲ့ ဇတ်ဝင်ခန်းတွေ အများကြီး ကျန်နေနိုင်သေးတယ်။

“ဂျောင်း” ဆိုတဲ့ ဇတ်ကားက ဇာတ်ဝင်ခန်းပြောစကားနဲ့ပတ်သက်ပြီး သရုပ်ဆောင် မြင့်မြတ်ရဲ့ တောင်းပန်တဲ့စကားကို ကြည့်မယ် ဆိုရင် ရုပ်ရှင်လောကသား သရုပ်ဆောင်တစ်ယောက်ရဲ့ အမြင်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရလိမ့်မယ်။

“ကျနော် ဒီဇာတ်ကားကို ရိုက်တုန်းက သိပ်တောင် သတိမထားမိခဲ့ပါဘူး။ ကျနော်တို့က အနုပညာ တခုအပေါ်မှာ ဟာသ တခုကို ဖန်တီးလိုက်တဲ့ သဘောပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာပါစေလို့ မရည်ရွယ်ပါဘူး။” ဒါဟာ မြင့်မြတ်ရဲ့ တောင်းပန်မှု စကားကို ပေါ်ပြူလာဂျာနယ်ရဲ့ ဖေါ်ပြချက်ထဲက ဖြစ်ပါတယ်။

ဆိုရရင် သူအနေနဲ့ ဒီဇာတ်ဝင်ခန်းက စကားနဲ့ ပတ်သက်ပြီး သတိမထားမိခဲ့ဘူး၊ ဒါကို သူက အနုပညာတစ်ခုအပေါ် ဟာသာတစ်ခုအနေနဲ့ ဖန်တီးတယ်လို့ ဆိုထားတယ်။ ကိုယ်နဲ့ မတူညီတဲ့ လူမျိုးစု နှစ်ခုဟာ ဟာသ ပြုလုပ်စရာမဟုတ်ဘူးဆိုတာ ဒါရိုက်တာရော သရုပ်ဆောင်ရော မသိရှာဘူး။ အနုပညာအရလည်း မလုပ်သင့်ဘူးဆိုတာ မသိရှာဘူး။ ဒါက ခွဲခြားဆက်ဆံမှု တစ်ခုဖြစ်တယ်ဆိုတာလည်း သူတို့ သတိမထားမိရှာဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့တောင် ဆိုရမယ်။

ဒါဟာ ဥပမာအားဖြင့် ထုတ်နုတ်ပြတာဖြစ်ပြီး အဲ့ဒီထက်ပိုမိုပြီး လူမျိုးရေးအရ လှောင်ပြောင်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်ကားတွေအများကြီးရှိနေတယ်ဆိုတာ သတိပြုဖို့လိုနေမှာဖြစ်တယ်။

မြန်မာ့ရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေမှာ အလှောင်ပြောင်ခံရဆုံး၊ ဟာသ အလုပ်ခံရဆုံးသူတွေကို ပြပါဆိုရင်၊ မိန်းမလျာ(ဂေး)တွေနဲ့ အသားမည်းသူတွေပဲ ဖြစ်တယ်။ အထူးသဖြင့် ဂေးတွေဟာ မြန်မာဟာသဇတ်ကားတွေအတွက် ပြတ်လုံးထုတ်ကုန်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ လူတွေ အပန်းဖြေကြည့်ရှုကြတဲ့ ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကနေတဆင့် မိန်းမလျာတွေကို ခွဲခြားဆက်ဆံဖို့ သင်ယူကြတဲ့အခြေအနေလို့ ဆိုရမှာပါ။

သရုပ်ဆောင် မိုးအောင်ရင် ၊ ဒိန်းဒေါင် နဲ့ နန်းခင်ဇေယျာတို့ ပါဝင်တဲ့ ဗီဒီယို ဇာတ်ကားတစ်ခုရဲ့ နာမည်ဆိုရင် “အခြောက်တို့ရဲ့ မာယာ”လို့ ပေးထားတာကို တွေ့ရတယ်။ ဇာတ်လမ်းတစ်လုံးကို

မကြည့်ဖြစ်ခဲ့ပေမယ့် ဇတ်ကားအမည်အရတော့ မိန်းမလျာ သဘာဝတွေကို

ဟာသ လုပ်တော့မယ်ဆိုတာ ကြိုတင်မှန်းစလို့ရနေပါပြီ။

သရုပ်ဆောင်မိုးအောင်ရင်ပဲ အဓိက မင်းသားအဖြစ် ပါဝင်တဲ့ ဇာတ်ကားတစ်ရဲ့ အမည်ကိုဆိုရင်လည်း မိန်းမလျာတွေကို နှိမ်ချလှောင်ပြောင်တဲ့အခါ သုံးလေ့ရှိတဲ့ စကားလုံး“ဂျော်ဒကီး”လို့ ပေးထားတာတွေရပြန်တယ်။

ဒါရိုက်တာ ကိုဇော်(အာရုဏ်းဦး) ရိုက်ပြီး နေတိုး၊ ဝေဌုကျော်၊သက်မွန်မြင့်တို့

အဓိက သရုပ်ဆောင်ထားပြီး လူကြိုက်များလှတဲ့ ရုံတင်ကား “လာထား အာဘွား”ဆိုတဲ့ ဇာတ်ကားတစ်ခုလုံးမှာဆိုရင် သရုပ်ဆောင် ခင်လှိုင်ဟာ မိန်းမလျာအဖြစ် သရုပ်ဆောင်ပြီး၊ ကြည့်ရှုသူတွေ ရယ်ရအောင် ဖန်တီးထားတာ တွေ့ရပြန်တယ်။

ဒီလိုပဲ အငြိမ့်တွေမှာလည်း ဟာသ ပြတ်လုံးထုတ်တဲ့အခါမျိုးမှာ လိင်ကွဲပြားမှု၊ အမျိုးသမီးတွေ၊ မိန်းမလျာတွေ။ အသားမည်းသူတွေ၊ လူမျိုးခြား ၊

ဘာသာခြားတွေ၊ တိုင်းရင်းသား ဘာသာစကားတွေကို ဟာသလုပ် ပြတ်လုံးထုတ်လေ့ရှိတာကို တွေ့နိုင်တယ်။

ခင်လှိုင်၊ဒိန်းဒေါင် တို့ အဓိက ပါဝင်တဲ့ အငြိမ့်တစ်ခုမှာဆိုရင် ပြတ်လုံးအနေနဲ့ ပြောတဲ့စကားမှာ “မင်းတို့လို နိမ့်ကျတဲ့ မိန်းကလေးတစ်ယောက် လက်ကို ဒို့လို မြင့်မြတ်တဲ့ ယောက်ကျားကလေးတစ်ယောက်က ကိုင်တာ

ဂုဏ်တောင်ယူရဦးမယ် ဟိုက်ရှားး ” ဆိုပြီး ကျားမ ခွဲခြားမှုနဲ့ ဟာသ လုပ်ကြပြန်တာကို တွေ့ရပြန်တယ်။

ဒါကို ပွဲကြည့်ပရိတ်သတ်တွေကလည်း သဘောတကျ ရယ်မောကြတယ်

ဆိုတာ က ခွဲခြားဆက်ဆံမှုကို အားပေးအားမြှောက်ပြုနေတဲ့ပုံစံကို သက်ရောက်နေတယ်။

အဲ့ဒီ အငြိမ့်မှာပဲ “အခု ၂၀၁၃ ရောက်နေပြီ မင်းတို့ မိန်းမတွေ ရင်ထုပြီး လင်လုရမယ်”လို့ ဆိုပြီး ပိုပြီးဆိုတဲ့ စကားလုံးတွေကိုတောင် ဟာသအနေနဲ့ ပြက်ထားပါသေးတယ်။

ဒီလို နာမည်ရ သရုပ်ဆောင်တွေ၊ လူရွှင်တော် အနေနဲ့တောင် သူတို့ ပြောဆိုသရုပ်ဆောင်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေ၊ သူတို့ ဟသအဖြစ် လုပ်လိုက်တဲ့ ပြက်လုံးတွေဟာ ဘယ်လို ခွဲခြားဆက်ဆံမှုတွေဖြစ်စေတယ်၊ လူ့အဖွဲ့အစည်းအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာကို သတိမထားမိဘဲ နေကြတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ အခြေအနေလို့လည်းဆိုနိုင်တယ်။

Five Star အငြိမ့်က လူရွှင်တော်အချို့ပါဝင်တဲ့ ဇာတ်ကားတစ်ခုမှာ ဆိုရင်

“လူကောင်းနဲ့ လူမည်း မခွဲတတ်ဘူးလား”ဆိုတဲ့ စကားလုံးအပါအဝင် သားရောင်မည်းတာကို ဇာတ်ဝင်ခန်းတစ်ခုလုံး ဟာသ လုပ်သွားတာ တွေ့ရပြန်တယ်။

ဒီထုတ်နုတ်ပြတဲ့ ဇာတ်ဝင်ခန်းတွေဟာ ဇတ်ကားအနည်းစုတွေထဲကသာ ဖြစ်ပြီး ဇတ်ကားအများစုမှာလည်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ တော်တော်များများပါနေတာကို မြန်မာ ရုပ်ရှင်ဗီဒီယိုတွေ မှာ သတိထားကြည့်ရင် တွေ့နိုင်တယ်။

ခွဲခြားဆက်ဆံမှုတွေကနေတဆင့်၊ မသိစိတ်တွေမှာ အကြမ်းဖက်စိတ်တွေ ဖြစ်လာမယ်၊ ကိုယ်နဲ့ လူမျိုး၊ဘာသာ မတူညီတဲ့ သူတွေကို ဖိနှိပ်ဖို့ လှောင်ပြောင်ဖို့၊ မုန်းတီးဖ ို့ အကြမ်းဖက်ဖို့ လွယ်ကူလာမယ်ဆိုတာကို သတိပြုရမယ့်အစား ရုပ်ရှင်ဗီဒီယိုတွေက လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ရလာဖို့ ပိုလို့တောင် တွန်းအားပေးနေတယ်လို့ ဆိုရမှာပါ။

တစ်ချို့အငြိမ့်ပြက်လုံးတွေမှာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့

ပင်ကိုစကားဝဲတတ်တဲ့ အသံကို ဟာသ လုပ်တတ်ကြတာ တွေ့နိုင်တယ်။

ဥပမာအနေနဲ့ ပြရရင် အခုချိန်မှာ အရမ်းရိုးသွားတဲ့ ပြက်လုံးတစ်ခုကို ပြရရင် စပါကရင်ဆိုတဲ့ အချိုရည်အမည်ကို ကရင်တိုင်းရင်းသားတွေ စကားသံဝဲ၀ဲနဲ့ ဆဲဆိုမှုအသံနဲ့ ပြက်ကြ တယ်။ ဒါတင်မကသေးဘူး တရုတ်အနွှယ်တွေရဲ့လူမျိုးရေး စကားအသံဟန်တွေ၊ အန္ဒိယအနွယ်တွေရဲ့ လူမျိုးရေး စကားအသံဟန်တွေကိုလည်း ပြက်လုံးထုတ်ကြလေ့ရှိတယ်။

မြန်မာ့လူ့အဖွဲ့အစည်းကို နောက်ထပ် အဆိပ်အတောက်ဖြစ်စေတဲ့ ဇတ်ကားမျိုးကတော့ အာဏာရှင်အကြိုက် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ထားတဲ့ ဇတ်ကားတွေနဲ့ ၊ တော်လှန်ရေးဇတ်ကားတွေပါပဲ။ တော်လှန်ရေး ဇတ်ကားတွေမှာဆိုရင် သမိုင်းကြောင်းတွေထက် လူမျိုးခြားမုန်းတီးမှု အပြည့်အ၀ အသုံးပြုထားတာတွေ့ရမယ်။ အဲ့ဒီဇတ်ကားတွေမှာ သူတစ်ပါးလူမျိုးကို အထင်သေး ရွံမုန်းအောင် ပြုလုပ်တဲ့ နည်းနဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို တန်ဖိုးထားစိတ်ကို ပြသလေ့ရှိကြတယ်။

သာမန်ချစ်ကြိုက်ကွဲညား ဇတ်လမ်းတွေမှာဆိုရင်လည်း ဗီလိန်ဇတ်ဆောင် နေရာကို ဖန်တီးတဲ့နေရာမှာ ကြည့်ရှုသူတွေအနေနဲ့ အဖွဲ့အစည်း နယ်ပယ်တစ်ခုကို ကိုယ်စားပြုပြီး မြင်အောင် ဖေါ်ပြလေ့ရှိကြတယ်။ ဥပမာပေးပြောရမယ်ဆိုရင် မိဘသဘောတူသူ ဗီလိန်သရုပ်ဆောင်တွေနေရာမှာ သင်္ဘောသားတွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေလို့သာ ရိုက်ကူးလေ့ရှိကြတယ်။ အထူးသဖြင့် သဘောၤသားဇာတ်ဆောင်ဆိုရင် ရှုပ်ပွေသူ HIV ကူးဆက်ခံရသူလို့တောင် ရိုက်ကူးပြကြတာကိုတွေ့ရတယ်။ ဘယ်သောအခါမှ ဗီလိန်သရုပ်ဆောင်နေရာမှာ မရှိတဲ့ ဇာတ်ရုပ်တွေကတော့ စစ်ဗိုလ်လို၊ ရဲဝန်ထမ်းလို ဇတ်ဆောင်မျိုးတွေပဲဖြစ်တယ်။ ဆိုလိုချင်တာကတော့ ကောင်းမှု၊မကောင်းမှု၊ ကောင်းသူ၊မကောင်းသူ ဆိုတာကို ရိုက်ကူးပြတာမှာ ယူနီဖေါင်းနဲ့ တွဲပြီးကြည့်တတ်တဲ့ အမူအကျင့်တွေရအောင် တွန်းပို့နေတဲ့ ဇာတ်ကားတွေလို့ ဆိုရမယ်။

ဝါဒဖြန့်ချီရေးကိုဆောင်ရွက်တဲ့နေရာမှာ ရုပ်ရှင်ဗီဒီယိုတွေက အကောင်းဆုံးစွမ်းဆောင်ပေးနိုင်တယ်ဆိုတာကို လက်ကိုင်ထားပြီး အရင်အစိုးရရဲ့ ဝါဒဖြန့်ချီရေး ဇတ်ကားတွေမှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် တစ်လွဲပုံဖေါ်ကြတဲ့အပြင် ခွဲခြားဆက်ဆံတဲ့ ဇတ်ကွက်တွေကိုလည်းတွေ့ရနိုင်တယ်။ အဲ့ဒီ ဇတ်ကားတွေကိုပဲ အစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်ရုပ်သံမီဒီယာတွေကနေ ထုတ်လွှင့်နေစဲဖြစ်တယ်။

တရားသူကြီးတစ်ယောက်မှားရင် အပြစ်မဲ့သူတစ်ယောက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရနိုင်တယ်။

ဆရာဝန်တစ်ယောက်မှားရင် အနည်းဆုံး လူနာတစ်ယောက်

အသက်ဆုံးရှုံးနိုင်တယ်။

အင်ဂျင်နီယာတစ်ယောက်မှားရင် လူရာနဲ့ ချီအောင် ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးရနိုင်တယ်။

မီဒီယာတစ်ခုမှားရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်ဆီးသွားနိုင်တယ်။

ဒါကတော့ ကျွမ်းကျင်လုပ်ကိုင်ရာ နယ်ပယ်တွေရဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုတွေအပေါ် သတိပေးလေ့ရှိကြတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။

မီဒီယာတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုအများကြီး ရှိနေနိုင်တယ်လို့ ဆိုရမယ်။

မီဒီယာတွေထဲကမှ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအခြေအနေမျိုးရောက်အောင် တွန်းပို့နေသလဲ၊ ဘယ်လိုလူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ဆွဲခေါ်နေသလဲဆိုတာ ဆန်းစစ်ကြည့်ဖို့တော့ လိုနေပါတယ်။ မြန်မာ့ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးအနေနဲ့လည်း ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ ပြုပြင်ဖို့ လိုအပ်နေမှာဖြစ်တယ်။

ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေနဲ့ အကြမ်းဖက်စိတ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် ထိတ်လန့်စရာအကောင်းဆုံး အရာတွေလို့ ဆိုရမယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်စိတ်တွေ၊ လူ့အခွင့်အရေးတန်ဖိုးစံနူန်းလျော့ကျမှုတွေ ရှိနေရင် အဲ့ဒီလူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမဖြစ်တော့ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရောက်နေပြီလို့ ပဲ ကောက်ချက်ချရမှာပါ။

Discrimination Act ကို ဒီမိုကရေစီနိုင်ငံတွေမှာ ပြဌန်းလေ့ရှိကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) မှာလည်း "နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။"

လို့ဆိုပြီး ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ပြဌန်းထားတာကို တွေ့ရမယ်။

ခွဲခြားဆက်ဆံခြင်းဆိုတာဟာ "လူ့အခွင့်အရေးတည်ရှိမှုကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး က အဓိပါယ်ဖွင့်ဆိုမှုမှာ ထည့်သွင်းဖွင့်ဆိုထားတယ်။ ဆိုရရင်တော့ မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေဟာ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေပါဝင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ ဒိုင်ယာလော့တွေကို အသုံးပြုနေဦးမယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးကို ချိုးဖေါက်နေတာဖြစ်သလို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖေါက်ရာရောက်တယ်လို့ သတ်မှတ်ရမယ်။ အဲ့ဒီ ဇာတ်လမ်းရုပ်ရှင်တွေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်ဖို့ အားပေးအားမြှောက်ပြုနေတဲ့ အရာတွေလို့လည်း ဆိုနိုင်တယ်။

ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေဖြစ်စေတယ်။ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေကတဆင့် လူတွေရဲ့ မသိစိတ်ထဲကို ကိုယ်နဲ့မတူညီတဲ့ လူတွေအပေါ် အကြမ်းဖက်လိုစိတ်၊ နှိမ်ချလိုစိတ်နဲ့ မုန်းတီးစိတ်တွေ ဖြစ်ပေါ်လာတယ်။ တနည်းအားဖြင့် ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်လို့ ပြောရမယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာအကြမ်းဖက် ပဋိပက္ခတွေဖြစ်ပေါ်စေဖို့ အဓိက အကြောင်းအရင်းတစ်ချက်လည်းဖြစ်တယ်။ ယုံကြည်ကိုးကွယ်မှု မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြားက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြန်သုံးသပ်လိုက်မယ်ဆိုရင်လည်း ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်နဲ့ ခွဲခြားဆက်ဆံမှု အမူအကျင့်တွေက အဓိက ကျတဲ့ အချက်ထဲမှာ

ပါနေတယ်လို ဆိုရမယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယိုကားတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးက လေ့လာဆန်းစစ်ကြည့်ဖို့ လိုနေပြီလို့ ဆိုရပါမယ်။

မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေနဲ့ ဇတ်ဝင်ခန်းသရုပ်ဆောင်မှုတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) ရဲ့ "နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။" ဆိုတဲ့ စံနဲ့ ကိုက်ညီမှုှရှိကြရဲ့လားဆိုတာ မဖြစ်မနေ ဆန်းစစ်ကြည့်ဖို့ လိုနေတယ်လို့ဆိုရမယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေတာကြောင့်ပါပဲ

ခွဲခြားဆက်ဆံမှု သံသရာထဲက ရုန်းထွက်ခြင်း.

[Unicode]


မှူးသစ်
(ဒီမိုကရေစီနှင့် လူ့အခွင့်ဂျာနယ်ကို ပေးပို့ထားသည့် ဆောင်းပါး)

ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အရိုးစွဲနေတဲ့ အမူအကျင့်တွေလို့ဆိုရင် မှားနိုင်ဖွယ်မရှိဘူး။ ခွဲခြားဆက်ဆံမှုတွေကြောင့်ပဲ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ကနေ သွေဖီနေသလို၊ လူ့ဂုဏ်သိက္ခာအပေါ် တန်ဖိုးထားမှုတွေကလည်း ပျောက်ဆုံးနေတယ်လို့ ဆိုရမယ်။
ခွဲခြားဆက်ဆံမှုဆိုတာဟာ လူသားအချင်းချင်း တန်းတူညီမျှမှုကို ငြင်းပယ်ခြင်းဖြစ်တယ်။ ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ အရာတစ်ခုအဖြစ် ခိုင်ခိုင်မြဲမြဲရှိနေတာပါ။
ခွဲခြားဆက်ဆံမှုဆိုတာဟာ ကမ္ဘာတလွှား နိုင်ငံအသီးသီးမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ ရှိနေသလို မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာလည်း ပုံသဏ္ဍန်မျိုးစုံနဲ့တည်ရှိနေတယ်။ အထူးသဖြင့် နိုင်ငံတစ်ခုရဲ့ အခန်းကဏ္ဍမှာ ဘာသာရေးအယူသီးမှုကို ရှေ့တန်းတင်လွန်းတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်ဓလေ့ စိုးမိုးတဲ့ နိုင်ငံတွေမှာဆိုရင် ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ ပိုပြီးတော့ ထွန်းကားနေတာကို တွေရနိုင်တယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတွေကတော့ ခွဲခြားဆက်ဆံမှုကို ရွံရှာဖွယ်ရာတစ်ခုလို၊ ရာဇဝတ်မှုတစ်ခုလိုတောင် သတ်မှတ်ထားကြတယ်။

တကယ်တော့ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေဟာ လူ့အဖွဲ့အစည်းတိုင်း၊ လူ့မှုအသိုက်ဝန်းတိုင်းလိုလိုမှာ အနည်းနဲ့အများ ရှိနေကြတာ မှန်ပေမယ့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီး၊ လူ့မှုအသိုင်အဝန်းအသီးသီးတွေကလည်း ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေကို လျော့နည်း ပပျောက်သွားအောင်ဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင် ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ တခြားလူတွေအပေါ်ကို မကျူးလွန်မိဖို့ ရှောင်ရှားဖို့လိုအပ်ပါတယ်။
ခွဲ့ခြားဆက်ဆံခြင်း အမှုအကျင့် အရိုးစွဲ စွဲကပ်ခြင်း
ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ လူ့အဖွဲ့အစည်းအတွင်းမှာ အရိုးစွဲခိုင်မာစေတဲ့ အကြောင်းအရင်းတွေကြည့်လိုက်မယ်ဆိုရင်လည်း ပုံသဏ္ဍန်မျိုးစုံနဲ့ လွှမ်းမိုးထားတာကို တွေ့ရနိုင်တယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆုံးအမတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစွဲတွေ၊ ပညာရေးစနစ်တွေ၊ မီဒီယာနဲ့ ဖျော်ဖြေရေးတွေ စသည်ဖြင့် လူထုအပေါ် လွှမ်းမိုးမှုများတဲ့ အရာတွေဟာ လူ့အဖွဲ့အစည်းကို ပြုပြင်ထိန်းကျောင်းနိုင်သလိုပဲ လူ့အဖွဲ့အစည်းအတွင်းက လူတစ်ဦးချင်းစီထံကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ထည့်သွင်းပေးနိုင်တယ်။ အဲ့ဒီအပြင် အာဏာရှင်လောင်းရိပ်ရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် ခွဲခြားဆက်ဆုံခြင်းအပြုအမှုတွေ ဥပဒေပြဌာန်းမှုတွေမှာတောင် ထည့်သွင်းပြဌာန်းထားကြတာမျိုးှရှိကြတယ်။
ဥပမာအားဖြင့်ဆိုရရင် “လူတိုင်းသည် နိုင်ငံတစ်နိုင်ငံဧ။် နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်” အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ ရေးသားထားပေမယ့် လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံပြီး နိုင်ငံသားဖြစ်ခွင့််အခွင့်အရေးကို ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားတာမျိုးတွေ၊ လည်း ရှိနေစဲပါပဲ။
“လူတိုင်းတွင် မိမိနိုင်ငံဧ။် အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များတဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်”လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာရေးသားထားပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာအရွေးချယ်ပိုင်ခံခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့်ကို ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားတာမျိုးတွေဟာ ဥပဒေနဲ့ ခွဲခြားဆက်ဆံထားတာမျိုးလို့ ဆိုနိုင်တယ်။ အနီးကပ်ဆုံးဥပမာပေးရဦးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံနိုင်ခွင့်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့်တွေမှာ နိုင်ငံသားအခွင့်အရေးတွေကို ခွဲခြားပြီး ပြဌာန်းထားမျိုးရှိနေတယ်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ များစွာ လွှမ်းမိုးနေပြီး တည်ရှိနေတာကိုငြင်းလို့မရနိုင်ဘူး။ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးဆိုတဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင်ကို မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေကို ထင်ထင်ရှားရှားတွေ့ရနိုင်တယ်။ ဘာသာရေးအရ၊ လူမျိုးရေးအရ လူများစုအခြေအနေဆိုတဲ့ အခွင့်ထူးခံအခြေအနေကို ရယူပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အပြုမှု၊ အပြောဆိုတွေ ကျူးလွန်အောင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဟောပြောမှုတွေရှိနေပေမယ့်လည်း ဒီအပေါ်မှာ အစိုးရအဆက်ဆက်အနေနဲ့ အရေးယူဆောင်ရွက်ခြင်း အလျင်းမရှိတာကိုကြည့်ခြင်းအားဖြင့် အုပ်ချုပ်သူတွေကိုယ်တိုင်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ ဖြေရှင်းဖို့ဆန္ဒမရှိတာ၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ပြဿနာတစ်ရပ်အဖြစ်၊ တရားဥပဒေစိုးမိုးရေးအတွက် ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ထားခြင်းမရှိတာလို့ပဲ သတ်မှတ်ရမယ်။

တကယ်တော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေ၊အားလုံးရဲ့ အခြေခံအကြောင်းတရား အရင်းအမြစ်များဟာ ခွဲခြားဆက်ဆံခြင်းအမှုအကျင့်တွေ စွဲကပ်နေခြင်းကြောင့်သာလျှင်ဖြစ်တယ်။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့အရင်းခံအကြောင်းအရင်းကို ကြည့်မယ်ဆိုရင် နိုင်ငံသားအများစုက သူတို့ကိုးကွယ်တဲ့ ဘာသာသာလျှင် အမွန်မြတ်ဆုံးဆိုတဲ့ အတွေးအခေါ်၊ ကိုယ့်လူမျိုးကသာလျှင် သာလွန်မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ် စသည်ဖြင့် ကိုယ်နဲ့ ဘာသာမတူသူတွေအပေါ် နှိမ်ချခွဲခြားဆက်ဆံတာမျိုးတွေအပြင် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူတွေဟာ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းရောက် အတွေးအခေါ်တွေကို ကြီးမြတ်သယောင်ဝါဒဖြန့်ပြီး လူ့အဖွဲ့အစည်းအတွင်းက ဘာသာမတူ၊လူမျိုးမတူသူတွေအပေါ် ခွဲခြားဆက်ဆံဖို့၊ ဖိနှိပ် လှုံဆော်တာတွေကြောင့်သာဖြစ်တယ်။
အဲ့ဒီလို ဆောင်ရွက်မှုတွေအပေါ်မှာ အုပ်ချုပ်သူတွေအနေနဲ့ ကလည်း နိုင်ငံသားအများစုရဲ့ ထောက်ခံမှုလျော့ကျမှာစိုးရိမ်ပြီး လျစ်လျူရှုထားတာ စတာတွေကြောင့်ဆိုတာကို အထင်းအရှားတွေ့ရနိုင်တယ်။

အနီးကပ်ဆုံးဖြစ်ရပ်တွေကိုကြည့်မယ်ဆိုရင် ရွေတံဂုံဘုရားအနီးမှာ ဈေးရောင်းတဲ့ ဘာသာခြားတစ်ဦး င်္သကန်းဝတ်တစ်ပါးက အနိုင်ကျင့်တားမြစ်တာ၊ ကရင်ပြည်နယ်အတွင် ခရစ်ယာန်ဘုရားကျောင်းဝန်းထဲနဲ့ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ရပ်ကွက်အတွင်းဗလီဘေး လမ်းအလည်တွေမှာ ကျူးကျော်ပြီး စေတီတည်တာ စတာတွေဟာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေအပေါ် ဘာသာရေးအရ ခွဲခြားဆက်ဆံတာ နှိမ့်ချတာတွေလို့ ဆိုရမှာပါ။ အစိုးများအနေနဲ့ တရားဥပဒေနည်းလမ်းအတိုင်း ဖြေရှင်းဆောင်ရွက်ပေးတာ၊ တရားဥပဒေရဲ့ အကာအကွယ်အစောင့်အရှောက်ကို လူမျိုး၊ ဘာသာ ခွဲခြားခံရပြီး မရရှိတာတွေကို ကြည့်ခြင်းအားဖြင့် ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံခြင်းတွေဟာ လောင်အားကောင်းကောင်းနဲ့ တောက်လောင်နေတဲ့ ရွံရှာဖွယ်ရာ ခွဲခြားဆက်ဆံခြင်းတွေသာဖြစ်တယ်။ ဒီမိုကရေစီလို့ ပြောလိုက်ရင် တပါတည်းမဖြစ်မနေ တွဲပါနေဖို့ လိုအပ်တာက ခွဲခြားဆက်ဆံခြင်းမရှိတာ၊ လူ့အခွင့်စံနူန်းအပြည့်အဝရှိတာတွေပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လို ခွဲခြားဆက်ဆံမှုတွေရှိနေသလဲဆိုတာကို လေ့လာကြည့်လိုက်ရင် ထိတ်လန့်ဖွယ်ရာ အခြေအနေတွေကိုသာတွေ့ရမှာ အသေအချာပါပဲ။
ကျား၊မ၊ ဖြစ်တည်မှု လိင်အရခွဲ့ခြားဆက်ဆံမှုတွေ၊ လိင်တူနှစ်သက်သူတွေအပေါ် ခွဲခြားဆက်ဆံပြီး ဖိနှိပ်မှုတွေပြုလုပ်တာတွေ၊ လူမျိုးရေး၊ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ၊ အုပ်ချုပ်ရေးအခန်းကဏ္ဍက အင်စတီးကျူးရှင်းတွေ ကြားထဲက ခွဲခြားဆက်ဆံမှုတွေ၊ ပညာရေးစနစ်နဲ့ စသင်ခန်းတွေအတွင်းထဲက ခွဲခြားဆက်ဆံမှုတွေ စသည် စသည်ဖြင့် များစွာတွေ့ရနိုင်တယ်။
ဟိုးသက်ဦးစံပိုင်ပဒေသရာဇ်ခေတ်ထဲက အရိုးစွဲပါလာတဲ့ ဓလေ့ထုံးတမ်းတွေကို ဘာသာရေးအဆုံးအမအောက်မှာ ထည့်သွင်းပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျသူအဖြစ် သတ်မှတ်ပြီး ဘာသာရေးကိုးကွယ်မှုပုံစံတွေမှာ ခွဲခြားဆက်ဆံထားတာ။ လိင်တူနှစ်သက်တွေအပေါ်မှာလည်း အလားတူပဲ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ထားတာတွေဟာ ယနေ့အထိ ခိုင်ခိုင်မာမာရှိနေစဲဖြစ်တယ်။ ယောက်ကျားသားများက ကြီးကျယ်မြင့်မြတ်တဲ့ဆိုတဲ့ အယူအဆမျိုးလိုမျိုး လူ့အဖွဲ့စည်းအပေါ်လွမ်းမိုးထားစေတဲ့ ဓလေ့ထုံးတမ်းတွေကို မဖြစ်မနေ ထိန်းသိမ်းရမယ့် ယဉ်ကျေးမှုကြီးတစ်ခုသဖွယ် ကာကွယ်စောင့်ရှောက်နေကြတာဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ပိုပိုပြီး အမြစ်တွယ်ခိုင်မြဲနေစေတာဖြစ်တယ်။

နေ့စဉ်ရှင်သန်နေတဲ့ လူ့မှုအသိုက်အဝန်းအတွင်းမှာဆိုရင်လည်း ကျား၊မ လိင်ခွဲခြားဖိနှိပ်မှုတွေကို အမူအရာအားဖြင့်ပဲဖြစ်ဖြစ် ဘာသာစကားအသုံးအနူန်းတွေအရပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ်ကျူးလွန်နေကြတယ်။ ဒါ့အပြင် လူထုကို လွှမ်းမိုးထားတဲ့ ဖျော်ဖြေရေးမီဒီယာတွေ၊ ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွေမှာဆိုရင်လည်း အလားတူ ခွဲခြားဆက်ဆံမှုတွေကို ပုံမှန် လုပ်ရိုးလုပ်စဉ် သာမန်အမူအကျင့်တစ်ခုလို သုံးစွဲပြီး လူထုကို ဖြန့်ဝေနေတာတွေ့ရနိုင်တယ်။
ကလေးတွေရဲ့ ကျောင်းစာသင်ခန်းတွေ၊ ရှင်သန်ရာ လူ့မှုပတ်ဝန်းကျင်တွေမှာဆိုရင်လည်း ကလေးတွေအချင်းချင်းကြား လူမျိုးရေး၊ဘာသာရေးကို နှိမ့်ချခေါ်ဝေါ်တဲ့ အပြုအမှုအပြောဆိုတွေကို ပြောဆိုသင်ယူနေကြတာဟာ ခွဲခြားဆက်ဆံခြင်း မျိုးစေ့တွေ ကြီးထွားလာစေဖို့သာဖြစ်စေတယ်။ ဒီကနေ နည်းပညာခေတ်၊ ဆိုရှယ်မီဒီယာခေတ်ရောက်လာတဲ့အခါမှာလည်း လူမှုကွန်ယက်တွေပေါ်မှာ ခွဲခြားဆက်ဆံခြင်း၊အပြုအမှုအပြောအဆိုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြတာတွေ့ရနိုင်တယ်။ လူသာအချင်းချင်းကြား၊ ရုပ်ရည်မလှပသူတွေကို လှောင်ပြောင်တာ၊ တခြားလူတစ်ယောက်ရဲ့ အပြုအမှုဝါသနာတွေကို လှောင်ပြောင်စရာအဖြစ်ဖြန့်ဝေတာ၊ နှိမ့်ချပြောဆိုတာ စတာတွေကို ဟာ တကယ့်ကိုပဲ လျင်လျင်မြန်မြန် ပြန့်နှံံနေတယ်။
တကယ်တော့ ခွဲခြားဆက်ဆံမှုမှာ သေးတယ်၊နည်းတယ် ၊ မဖြစ်စလောက်ပါ၊ မရည်ရွယ်ပါပဲ ဆိုတာမျိုးတွေ မရှိပါဘူး။ လူတစ်ယောက် ခွဲခြားဆက်ဆံမှုတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုပဲ မရည်ရွယ်ပါဘူးဆိုဆို သူရဲ့ မသိစိတ်မှာတော့ လူသာအချင်းချင်း တန်းတူညီမှုကို မျက်ကွယ်ပြုပြီး တခြားလူတစ်ယောက် သူ့ထက် နိမ့်ကျတယ်ဆိုတဲ့ နှိမ့်ချလိုစိတ် စွဲကပ်နေတာပဲဖြစ်တယ်။

ခွဲခြားဆက်ဆံလိုက်သူအနေနဲ့ သေးငယ်တဲ့ အရာတစ်ခုလို ထင်ကောင်းထင်နိုင်ပေမယ့်လည်း ခွဲခြားဆက်ဆံခံရသူအတွက်တော့ စိတ်ဒဏ်ရာရသွားနိုင်တာချည်းပါပဲ။
လူ့အဖွဲ့အစည်းအတွင်းမှာ တည်ရှိနေတဲ့ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေကို ပပျောက်သွားအောင်၊ လျော့နည်းသွားအောင် မလုပ်ဆောင်ဘဲနဲ့ အထက်မှာပြောခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့မလွယ်ကူနိုင်ဘူး။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင် ကာလတိုအတွင်းသာ ပြေလည်နိုင်ဖို့သာ ရှိပါတယ်။

ခွဲခြားဆက်ဆံမှု သံသရာထဲမှ ရုန်းထွက်ခြင်း..

လူတစ်ယောက်ဟာ တစ်ခြားလူတစ်ယောက်ဒါမှမဟုတ် တစ်ခြားလူ့အသိုက်အဝန်းတစ်ခုကို ခွဲခြားဆက်ဆံခြင်း အပြအမူတွေကျူးလွန်သလို သူကိုယ်တိုင်လည်း တစ်ခြားလူတွေ၊ လူ့အသိုက်အဝန်းတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရနိုင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းအတွင်းရှိနေတာကြောင့်ပါ။

“ခွဲခြားဆက်ဆံခြင်းဆိုတာဟာ လူ့အခွင့်အရေး တည်ရှိမှုကို ငြင်းပယ်ခြင်းဖြစ်တယ်” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဆိုထားပါတယ်။ တကယ်ပဲလည်း ခွဲခြားဆက်ဆံတယ်ဆိုတာက တခြားလူတစ်ယောက်ရဲ့ လူ့အခွင့်အရေးကို တန်းဖိုးမထားတာ၊ တစ်ခြားလူတစ်ယောက်ရဲ့ လူ့အခွင့်အရေးတည်ရှိမှုကို ငြင်းပယ်လိုက်တာပဲဖြစ်တယ်။
ခွဲခြားဆက်ဆံပြီးဆိုကတည်းက တစ်ခြားလူတစ်ယောက်ဒါမှမဟုတ် ကိုယ်နဲ့ မတူတဲ့ တခြားလူ့အသိုက်အဝန်းတစ်ခုဟာ လူ့အခွင့်အရေးကို ခံစားခွင့်မရှိဘူးလို့ လက်ခံလိုက်ပြီး ကျူးလွန်လိုက်တာပဲဖြစ်တယ်။ လူသားတိုင်း၊ လူသားတိုင်းဟာ လူ့အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိပါလျက်နဲ့ ဘယ်လို လူမျိုး၊ ဘယ်လို လူ့အသိုက်အဝန်းကတော့ဖြင့် လူ့အခွင့်အရေးခံစားခွင့်မရှိဘူးဆိုတဲ့ အတွေးအခေါ်ရှိနေတာ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အတွေးအခေါ်သာလျင်ဖြစ်တယ်။ ဆိုရရင် လူဖြစ်ပြီးတော့မှ လူ့အခွင့်အရေးကို တန်းဖိုးမထားတဲ့ အတွေးအခေါ်ဟာ ကိုယ်တိုင်လူ့အဖြစ်ကနေ လျော့ကျသွားစေတဲ့ အတွေးအခေါ်သာဖြစ်တယ်။

ကိုယ်ကိုယ်တိုင်က လူ့အခွင့်အရေးကို ချိုးဖေါက်လိုက်ပြီ၊ ခွဲခြားဆက်ဆံခြင်းအပြုအမှုကို ကျူးလွန်လိုက်ပြီဆိုရင် ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းဟာလည်း လူ့အခွင့်အရေး ချိုးမှုတွေရှိနေတဲ့ လူ့အဖွဲ့အစည်း၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်သွားမှာပါ။ ဒါကြောင့် တခြားတစ်ဖက်မှာ ကိုယ်တိုင်လည်း လူ့အခွင့်အရေးချိုးဖေါက်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာတွေဟာ မလွဲမသေ ကြုံတွေ့လာရမှာပါ။
ခွဲခြားဆက်ခြင်းအမူအကျင့်တွေ ပပျောက်သွားဖို့ဆိုရင် လူတစ်ဦးခြင်းစီကနေစပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။

အဓိကအားဖြင့်တော့ ခွဲခြားဆက်ဆံမှု အမူအကျင့်တွေ ပပျောက်သွားဖို့ဆိုရင် လူတစ်ဦးစီက ပြုပြင်ဖို့ လိုအပ်သလို လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အတွေးအခေါ် အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ရာလည်း လိုအပ်လှတယ်။ ဆိုရရင်တော့ ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပျောက်ကွယ်စေဖို့ဆိုရင် ကိုယ်တိုင် ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ မပြုလုပ်ရုံတင်မဟုတ်ဘဲ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်ခြင်းကို လုပ်ဆောင်ဖို့လိုအပ်တယ်။
ခေတ်သစ်တစ်ခု စနစ်သစ် တစ်ခု သွားတဲ့နေရာမှာ အရိုးစွဲနေတဲ့ အတွေးအခေါ်အမူအကျင့်တွေ ပြောင်းလဲပစ်လိုက်ဖို့ တော်လှန်ပစ်လိုက်ဟာ အလွန်အရေးပါတယ်။ ယဉ်ကျေးမှုကြီးတစ်ခုလို လက်ခံထိမ်းသိမ်းထားတဲ့ ဓလေ့တွေ၊ အမူအကျင့်တွေဟာ မကောင်းတဲ့ အတွေးအခေါ်အမူအကျင့်တွေဖြစ်နေရင် ရဲရဲဝင့်ဝင့် ဆန့်ကျင်ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ လူ့ယဉ်ကျေးမှုတွေ ပိုမို တိုးတက်မြင့်မားလာတာနဲ့အမျှ လူ့ဖြစ်တည်မှု၊ လူသားဂုဏ်သိက္ခာရဲ့ တန်းဖိုးဟာ ပိုပြီး မြင့်မားလာပါတယ်။ လူ့သားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာတွေကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဓလေ့ထုံးတမ်းတွေ၊ အတွေးအခေါ်တွေကို မဆန့်ကျင်ဘူဆိုရင်တော့ ခွဲခြားဆက်ဆံမှုသံသရာထဲမှာ ရုန်းထွက်ဖို့ရာ မဖြစ်နိုင်ဘူး။
အထက်မှာ ခွဲခြားဆက်ဆံခြင်း သံသရာထဲက ရုန်းထွက်ဖို့ဆိုရင် လူတစ်ဦးခြင်းစီကနေစလို၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အတွေးအခေါ်အမူအကျင့်တွေ ပြောင်းလဲဖို့ လိုအပ်တာကြောင့် နိုင်ငံလုံးချီတဲ့ အတွေးအခေါ် အပြောင်းအလဲ၊ လူမှုစံနူန်းအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ မဖြစ်နေ လိုအပ်ပါတယ်။ ဆိုရရင် တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရများရဲ့ မူဝါဒတွေကနေအစပြုပြီး လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ ဆောင်ရွက်ရမယ်။
လူများစုရဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး အခွင့်ထူးခံပေးတာ၊ လူနည်းစုတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးဖြစ်တည်မှုကို ဖိနှပ်ထားတာ စတာတွေကို မူဝါဒတွေ၊ ဥပဒေတွေအရ တည်ရှိနေတယ်ဆိုရင် ပြင်ဆင်ပြောင်းလဲဖို့၊ ဥပဒေရဲ့ အကာအကွယ်အစောင့်အရှောက်မှာ တန်းတူညီမျှမှု အပြည့်အဝရှိဖို့ အစိုးရက မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အခုလို ဘာသာရေး လူမျိုး ပဋိပက္ခမီးတွေ လောင်လုစဲစဲဖြစ်နေတဲ့ အခြေအနေမှာ ထိလွယ်ရှလွယ်မို့လို့ မျက်ကွယ်ပြုထားမယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်လာမှာပါ။ အစိုးရများအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တာကတော့ ဥပဒေအရ ခွဲခြားဆက်ဆံထားတာတွေ သေချာကိုင်တွယ်ဖြေရှင်းဖို့နဲ့ လူမျိုးရေး၊ဘာသာရေး ၊ လိင်၊ စသည်ဖြင့် ခွဲခြားဆက်ဆံမှုတွေကို ပြစ်မှုတစ်ခုအဖြစ် ရှုမြင်ပြီး ကိုယ်တွယ်ဆောင်ရွက်ရမှာပါ။
ဒါ့အပြင် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပုံဖေါ်လာမယ့် ပညာရေးစနစ်နဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေထဲက ခွဲခြားဆက်ဆံမှုကို အားပေးထားတာတွေရှိနေတာမျိုးတွေနဲ့ လူမျိုးကြီးဝါဒနဲ့ ဘာသာရေးစိတ်ကြီးဝင်မှုတွေကို တွန်းအားပေးနေတာတွေ ရှိနေတယ်ဆိုရင် စိစစ်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေထံကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ကူးဆက်သွားစေနိုင်တဲ့ အပြုအမှုတွေဟာ ကျောင်းစာသင်ခန်းတွေနဲ့ လူ့မှုပတ်ဝန်းကျင်တွေမှာများစွာ လွှမ်းမိုးမှုတွေ များစွာရှိနေစဲဖြစ်တယ်။ပညာရေးစနစ်ဟာ လွတ်လပ်တဲ့ အတွေးအခေါ်ကို အားပေးတာ၊ တိုးတက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ အခြေခံကောင်းတွေ ရှိထားပေးတာ၊ အစွန်းရောက်စေတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေ ငြင်းပယ်တတ်စေတာ စတဲ့ အခြေအနေမှာ ရှိနေဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ ခွဲခြားဆက်ဆံမှုဟာ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ပြဿနာကြီးတစ်ရပ်အဖြစ်ရှိနေတာအမှန်ပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ခွဲခြားဆက်ဆံမှု သံသရာထဲက ရုန်းထွက်ဖို့ ဆိုတာကတော့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတစ်ရပ်လို့ပဲ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေဟာ နေ့စဉ်ပြုမှုနေကြ လုပ်ရိုးလုပ်စဉ် တစ်ခုလိုတောင် အရိုးစွဲနေတဲ့ အရာတစ်ခုအဖြစ် ရှိနေတာကြောင့်ပါပဲ။ သိစိတ်ကပဲဖြစ်ဖြစ် မသိစိတ်ကပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ မကျူလွန်မိစေဖို့ဆိုရင်တော့ တခြားလူတွေရဲ့ လူ့အခွင့်အရေးတည်ရှိမှုကို လေးစား အသိအမှတ်ပြုတာကသာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး အသိစိတ်ဖြစ်တယ်။

မြန်မာ့ရုပ်ရှင်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် အမူအကျင့် အပြောင်းအလဲ

7day သတင်းစာ
မှူးသစ်

ရုပ်ရှင်အနုပညာဆိုတာ လူ့အဖွဲ့အစည်းပေါ် လွှမ်းမိုးမှုရှိတဲ့ သိမ် မွေ့တဲ့ စွမ်းအား (Soft Power) တစ်ခုအဖြစ် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြီးခဲ့တဲ့နှစ် အကယ်ဒမီ ပေးပွဲ မိန့်ခွန်းအတွင်းမှာထည့်ပြီး ပြောဆိုခဲ့ဖူးပါတယ်။
တကယ်တမ်းလည်း ကမ္ဘာပေါ်မှာ လူ့အဖွဲ့အ စည်းရဲ့
အတွေးအခေါ်တွေ၊ အ မူအကျင့်တွေ ပြောင်းလဲတဲ့အခါ
ရုပ်ရှင်ဇာတ်ကားတွေကို ၀ါဒဖြန့် ချိတဲ့ အရာတစ်ခုအဖြစ်
အသုံးပြု လေ့ရှိကြပါတယ်။
ဒါတင်မကသေးပါဘူး။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုတွေ၊
ထုတ်ကုန်ပစ္စည်းတွေကို ကမ္ဘာမှာ ထွန်းကား ပြန့်ပွားစေဖို့အတွက် ရုပ်ရှင်ဇာတ်ကားတွေကတစ်ဆင့် လုပ်ဆောင်ကြတာတွေလည်း
ရှိ ပါတယ်။ ဖြတ်သန်းခဲ့တဲ့ သမိုင်း အတွင်းက နောင်တရစရာ
အဖြစ် အပျက်တွေကို သတိပြုမိစေဖို့၊ သင်ခန်းစာယူနိုင်ဖို့
ပြန်လည်ရိုက် ကူးပုံဖော်ထားကြတဲ့ ရုပ်ရှင်ဇာတ် ကားတွေလည်း အများအပြား ရှိ ကြသလို လူ့အဖွဲ့အစည်းအတွင်း က အမုန်းတရားတွေ၊ ခွဲခြားဆက် ဆံမှုတွေ ပပျောက်ပြီး လူသား ချင်းစာနာမှုတွေ ထွန်းကားလာ အောင် ရိုက်ကူးခဲ့ကြတဲ့ နာမည် ကျော် ရုပ်ရှင်ဇာတ်ကားတွေ လည်း အများအပြား ရှိကြပါ တယ်။ ဆိုရရင်တော့
ရုပ်ရှင်ဇာတ် ကားတွေဟာ ဖျော်ဖြေရေးနဲ့ အနု ပညာသက်သက်သာ မဟုတ်ဘဲ အနုပညာကို အသုံးပြုပြီး လူ့အ ဖွဲ့အစည်းကို တည်ဆောက်တဲ့ အရာတစ်ခုအဖြစ်ပါ အရေးပါ တယ်လို့ ယူဆနိုင်ပါတယ်။
၂၀၁၆ လောက်အတွင်းမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေဟာ ‘ပေါကားများရပ်’ဆိုတဲ့ လှုပ်ရှား မှုနဲ့အတူ ကျယ်ကျယ်လောင် လောင် ဝေဖန်ခံခဲ့ရပါတယ်။ တကယ်တမ်းလည်းပဲ မြန်မာ့ရုပ်ရှင်ဇာတ်ကား အများစုဟာ အရိုးစွဲနေတဲ့ ပြက်လုံးတွေနဲ့ ဟာသဇာတ်ကားတွေသာ အများအပြားဖြစ်ခဲ့ပါတယ်။ စိတ်အပန်းဖြေလိုသူတွေ ကြည့်ရှုနိုင်ဖို့ ရိုက်ကူးကြတဲ့ ဟာသဇာတ်ကားတွေကလည်း ရိုက်သမျှ ပြည်တွင်းမှာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဇာတ်လမ်းတွေက ရိုးအီပြီး အခါခါထပ်နေတာ၊ ရိုက်ကူးချိန် နည်းနည်းနဲ့ ဖန်တီးထားတာကြောင့် အရည်အသွေး ပိုင်းဆိုင်ရာ အားနည်းနေတာတွေ ရှိခဲ့ပါတယ်။
ဒါတင်မက သေးပါဘူး။ ဟာသဇာတ်ကားတွေဟာ လိင်စိတ်ကွဲပြားသူတွေကို လှောင်ပြောင်ဟာသ လုပ်ကြတာ၊ အသားအရောင်နဲ့ ဘာသာစကားတွေအပေါ် လှောင်ပြောင်ဟာသ လုပ်ကြတာ အများအပြား ပါဝင်နေခဲ့ပြီး ဒါဟာ လူ့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံမှုတွေ၊ မတူကွဲပြားမှုတွေကို လှောင်ပြောင်နှိမ်ချတတ်ဖို့
သင်ကြားပေးနေ သလိုတောင် ဖြစ်စေခဲ့ပါတယ်။
ဒီဘက်နှစ် ၂၀၁၇ နဲ့ ၂၀၁၈ခုနှစ် ကာလအပိုင်းအခြားအတွင်း ဟာ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေ ရဲ့ လှုပ်ခတ်ပြောင်းလဲမှုတွေ မြင်တွေ့လာရတဲ့ အချိန်တစ်ခုလို့ ဆိုရမှာပါ။ ရိုးအီနေတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ၊ သရုပ်ဆောင် ဟန်ပန်တွေကို ငြင်းပယ်ပြီး အသစ်ကို ဖန်တီးလိုကြတဲ့ လူငယ်တွေ၊ဒါရိုက်တာတွေ ပေါ်ထွက်လာခြင်းနဲ့အတူ မြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြည့်ရှုသူတွေကြား ထဲမှာ အရည်အသွေးဆိုတဲ့ ကဏ္ဍတစ်ခု ပေါ်ထွက်လာခဲ့ ပါတော့တယ်။ ဖျော်ဖြေရေး လမ်းကြောင်းပေါ် ကနေပဲ အနုပညာဖန်တီးမှုကို အသစ်ဖြစ်စေမယ့် ရုပ်ရှင်ဇာတ်ကားတွေ ပေါ်ထွက်ခဲ့သလို ပရိသတ်တွေ အသိအမှတ်ပြု အားပေးသံတွေလည်း ကျယ်လောင် လာခဲ့ပါတော့တယ်။ လူငယ်ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီရဲ့ ‘မုဒြာရဲ့ခေါ်သံ’ နဲ့ ‘ဥပါယ်တံမျဉ်’၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ‘ည’၊ ဒါရိုက်တာ အာကာရဲ့ ‘ဒုဌ၀တီကိုလွန်၍’စတဲ့ ဇာတ်ကားတွေက စလို့ ဒါရိုက်တာဏကြီးရဲ့ ‘မီ’စတဲ့ ဇာတ်ကားတွေဟာ မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းနဲ့ အနုပညာဖန်တီးမှုကို ခေါင်းလောင်းထိုးလိုက်တဲ့ ဇာတ်ကားတွေအဖြစ် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။
ဒီအချိန်ကာလတွေ မတိုင်ခင် လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်
တုန်းလောက်ကတော့ ဆာတိုရီ ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား​တွေဟာ အနုပညာအသစ် ဖန်တီးမှုတွေနဲ့ ဗီဒီယိုလောကကို ထိုးဖောက်ခဲ့ဖူးပေမယ့် ရုပ်ရှင်ဇာတ်ကားတွေ အနေနဲ့တော့ ပေါ်ထွက်လာတာ မရှိခဲ့ပါဘူး။
ဒီဆောင်းပါးအတွင်းမှာ မြန်မာရုပ်ရှင်လောကရဲ့
အရွေ့ကောက်ကြောင်း အချို့ကို ဖော်ပြခဲ့တာက မြန်မာ့ရုပ်ရှင်
ဇာတ်ကားတွေရဲ့ ဦးတည်မှု အခြေအနေတွေကို တီးခေါက်မိနိုင်ဖို့
ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင် ဇာတ်ကားအများစုမှာ လူမျိုး၊ ဘာသာစကားနဲ့ လိင်၊ အသားအရောင်၊ အဆင့်အတန်းတွေကို
ခွဲခြားဆက်ဆံတတ် တဲ့ အမူအကျင့်တွေ၊ သင်ကြားတဲ့
ပုံသဏ္ဌာန်တွေ ပါဝင်နေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ
လူ့အဖွဲ့အစည်း အတွင်းက ပြဿနာတွေကို နားလည်လာဖို့
အရိုးစွဲနေတဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့၊ လူသားချင်း စာနာမှုတွေ ဖြစ်တည်လာစေဖို့၊ စစ်ပွဲနဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့ ဖန်တီးတဲ့ အခြေအနေကို ဦးတည်နေတာ မရှိခဲ့ပါဘူး။ ပြည်တွင်းစစ်ကို ဖန်တီးတဲ့ဇာတ်ကားတွေမှာ ဆိုရင်လည်း အခြားတစ်ဖက်ကို ဗီလိန်အဖြစ်ပုံဖော်ပြီး ယုံကြည်မှုတည်ဆောက် ဖို့ ခက်ခဲသွားတဲ့
ဇာတ်လမ်းဇာတ်ကွက်တွေကို ပုံဖော်ခဲ့တာမျိုး တောင်
ရှိခဲ့ပါသေးတယ်။
ဒီဘက်နှစ်ပိုင်းအတွင်းမှာ ပရိသတ်တွေ ကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ ဇာတ်ကားတွေထဲမှာ ဆိုရင်လည်း မုဒြာခေါ်သံ ဇာတ်ကား
တစ်ကား လောက်ကသာ မြန်မာ့ယဉ်ကျေး မှုနဲ့ အစဉ်အလာကို
ကမ္ဘာမှာ ချပြချင်တဲ့ စိတ်ဆန္ဒမျိုးကို မြင်တွေ့ခဲ့ရတဲ့
ဇာတ်ကားအဖြစ်မင်တွေ့ခဲ့ရပါတယ်။
အနုပညာဟာ အနုပညာဖန်တီးမှု​သက်သက်အတွက်လား၊
အနုပညာဟာ လူ့အဖွဲ့အစည်းအတွက်လားဆိုတာက
ခေတ်အဆက်ဆက် တည်ရှိခဲ့တဲ့ ငြင်းခုံမှုတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေဟာ လူ့အဖွဲ့အစည်းအပေါ်
လွှမ်းမိုးမှုကြီးမားတဲ့ အရာတစ်ခုဖြစ်တဲ့ အတွက်
ရုပ်ရှင်အနုပညာ ဖန်တီးမှုတိုင်းမှာ လူ့အဖွဲ့အစည်းဆိုတာ ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေတာ အမှန်ပါပဲ။
ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှုကို ဖြစ်တည်လာစေမယ့် နာမည်ကျော် ဇာတ်ကားတွေ၊ စစ်ပွဲနဲ့ ပဋိပက္ခတွေ နောက်ထပ်ဖြစ်ပေါ် မလာရအောင် ဖန်တီးပုံဖော်ထား တဲ့ နာမည်ကျော်ဇာတ်ကားတွေ အများပြားရှိခဲ့ပါတယ်။ ရ၀မ်ဒါနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ပုံဖော်ထားတဲ့ Hotel Rwanda ဇာတ်ကား၊ လူသားချင်းစာနာမှု ကို နှလုံးသားထဲအထိ ထိုးဖောက်စေနိုင်တဲ့ Beyond Border
ဇာတ်ကား၊ စစ်ပွဲကြားက မေတ္တာတရား ကို ဖော်ညွှန်းပြနိုင်တဲ့ Hack Saw ဇာတ်ကား၊ တောင်အာဖရိကနိုင်ငံရဲ့
အမျိုးသားရင်ကြားစေ့ရေးမှာ အမှန်တရားနဲ့ ထိခိုက်နစ်နာသူ
တွေအ​​ပေါ်ပြန်လည်စာနာပေးမှုကိုပုံဖော်ထားတဲ့ Forgiven
ဇာတ်ကား စတဲ့ ဇာတ်ကားတွေအပြင် လူမျိုးရေး ခွဲခြားမှုတွေရဲ့
အကျိုးအပြစ်တွေကို မြင်လာဖို့၊ ခံစားနိုင်လာဖို့နဲ့
အသားအရောင် ခွဲခြားမှုတွေထပ်ဖြစ်မလာစေဖို့
ဖန်တီးပုံဖော်ကြတဲ့ နာမည်ကျော်ဖြစ်ရပ်မှန် ဇာတ်ကားတွေဟာ
စံနမူနာယူစရာတွေ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်းက လွဲမှားနေတဲ့ အတွေးအခေါ်တွေ ကို ရဲရဲတင်းတင်း ပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာ ဘောလိဝုဒ် ဇာတ်ကားတွေဟာ သတိပြုစရာ ကောင်းလှပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီ ရင့်ကျက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် အိန္ဒိယလူ့အဖွဲ့အစည်းကတော့ အယူဝါဒမျိုးစုံနဲ့ ရှေးရိုးစွဲ အယူအဆတွေ
ကြီးကြီးမားမား ရှိနေတဲ့ လူ့အဖွဲ့အစည်းမျိုးလို့ မြင်ကြလေ့ ရှိပါတယ်။ အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် အယူအဆတွေကို ရဲရဲတင်းတင်းပဲ ပြောင်းလဲဖို့ ကြိုးစားတဲ့ ဘောလိဝုဒ်နာမည်ကျော် ဇာတ်ကားတွေ လည်း အများအပြား ရှိပါတယ်။ ဘာသာရေး အယူသီးမှုတွေကို မေးခွန်းထုတ်ထားတဲ့ PK ဇာတ်ကား၊ ပညာရေးစနစ်နဲ့ လူငယ်တွေရဲ့ အိပ်မက်တွေကို တန်ဖိုးထားဖို့ ထောက်ပြထားတဲ့ 3 adios ဇာတ်ကား၊ ဓလေ့ထုံတမ်း အစဉ်အလာတွေနဲ့ ကျား၊မ ခွဲခြားမှုတွေရဲ့ လွဲချော်မှုတွေကို ထောက်ပြထားတဲ့ Water ဇာတ်ကား၊ နောက် ကျား၊မခွဲခြားမှုတွေကိုပဲ မေးခွန်းထုတ်ထားတဲ့ PINK ဇာတ်ကား၊ အိန္ဒိယနဲ့ပါကစ္စတန် ၂ နိုင်ငံကြားက အမုန်းတရားနဲ့ မေတ္တာတရားကို ပုံဖော်ပြထားတဲ့ Bajrangi Bhaijaan ဇာတ်ကား၊ ဖိုဝါဒလွန်ကဲမှုနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကို သတိပြုစေနိုင်တဲ့ Secret Superstarဇာတ်ကား စသည်ဖြင့် လူ့အဖွဲ့အစည်းရဲ့ လွဲချော်နေတဲ့ အယူအဆတွေကို ထောက်ပြထားတာ၊ မတူကွဲပြားမှုတွေကြား လူသားချင်းစာနာဖို့၊ လေးစားတတ်ဖို့ ထောက်ပြထားတဲ့ ဘောလိဝုဒ်ဇာတ်ကား တွေ အများအပြားရှိပါတယ်။ ဇာတ်ကားအများစုဟာ မြင့်မားလှတဲ့ နည်းပညာအကူအညီ ယူထားတဲ့ ဇာတ်ကားတွေ မရှိသလောက်ပါပဲ။ ရုပ်ရှင်ဇာတ်ကား တွေကို ဖန်တီးသူတွေရဲ့ အတွေးအခေါ် ပွင့်လင်းမှု၊ ရင့်ကျက်မှုနဲ့ အနုပညာဖန်တီးနိုင်မှုတွေကသာ အရေးပါခဲ့တဲ့ ဇာတ်ကားတွေ
ဖြစ်ပါတယ်။
ဟောလိဝုဒ်၊ ဘောလိဝုဒ်ဇာတ်ကားတွေနဲ့ ယှဉ်လာခဲ့ရင်မြန်မာရုပ်ရှင် ဇာတ်ကားတွေအနေနဲ့ ဖန်တီးမှုနဲ့ နည်းပညာပိုင်းအရ အမီလိုက်နိုင်ဖို့ ခဲယဉ်းတယ်ဆိုပေမယ့် အတွေးအခေါ် ခံယူချက်နဲ့
အနုပညာဖန်တီးမှုတွေကတော့ စိတ်စေတနာနဲ့ စံနှုန်းတွေကို
အလေးထားမှုရှိမယ်ဆိုရင် ဖြစ်လာနိုင်တဲ့အရာတွေပါ။
ဒီကနေ့ မြန်မာ့လူ့ အဖွဲ့အစည်းအတွင်းမှာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရား တွေ ကို အခြေခံတဲ့ ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှ ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်နက်ဝပ်ခ်တွေမှာ အမုန်းစကားပြော ဆိုမှုတွေကို မြင်တွေ့နေရတဲ့ အခြေအနေလည်း ရှိလို့နေပါတယ်။ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်တွေ ကြောင့် ထိခိုက်နစ်နာနေရတဲ့ သူတွေလည်း အများအပြားရှိနေခဲ့ ပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ ဆိုတာက လမ်းခရီး တစ်ဝက်မှာပဲရှိနေပါသေးတယ်။ ဒီလိုအခြေအ နေမျိုးမှာ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ ပြောင်းလဲဖို့ လိုနေတဲ့အတွေးအခေါ် အမူအကျင့်တွေ ပြောင်းလဲနိုင်ဖို့ လူသားချင်းစာနာမှုနဲ့ မတူကွဲပြားမှုတွေအပေါ် သဟဇာတဖြစ်လာဖို့ဆိုတာက လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှုကြီးမားတဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေကလည်း အရေးပါနေတာ အမှန်ပါပဲ။
မြန်မာ့လူ့ အဖွဲ့အစည်းအ တွင်းမှာ အမုန်းတရားနဲ့ အမုန်းစကားတွေ မပြောကြဖို့၊ မတူကွဲပြားမှုတွေကို နားလည်နိုင်ဖို့၊ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေကို ခံစားလာနိုင်ဖို့ ဖန်တီးပုံဖော်ကြတဲ့ စာပေတွေ၊ ကဗျာနဲ့ ဂီတတေးသီချင်းတွေ ထွက်ရှိခဲ့တာ ရှိပေမယ့် ပင်မရေစီးကြောင်းထဲက ရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့ရခြင်းတော့ မရှိနိုင်သေးပါဘူး။ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်တွေမှာ ၀င်
ရောက်ပြသကြတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စသည်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ ချဉ်းကပ်မှုတွေ၊ စံနှုန်းတွေ ဖန်တီးကြတဲ့ ဇာတ်ကားတွေရှိပေမယ့် ဒါတွေက ပင်မရေစီးကြောင်းအတွင်းက ရုပ်ရှင်ဇာတ်ကားတွေ မဟုတ်သလို အများပြည်သူကို ပျံ့နှံ့နိုင်ဖို့က
လည်း အခက်အခဲတွေ ရှိနေဆဲပါ။
ရုပ်ရှင်ဇာတ်ကားတစ်ကား ဖန်တီးဖို့ ဆိုတာဟာ လူအင်အား၊ငွေအင်အားနဲ့ နည်းပညာ အခက်အခဲများစွာ ရှိနေတယ်ဆိုတာ မှန်ပေမယ့် လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အခန်းကဏ္ဍကို အသုံးချပြီး တိုင်းပြည်တည်ဆောက်ရေး၊ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေ တည်ဆောက်ရေးအထိ ရည်မှန်းသင့်တာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ နှစ် အကယ်ဒမီပေးပွဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုခဲ့တဲ့ မိန့်ခွန်းအတွင်းမှာ မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေးမှာ ရုပ်ရှင်လောကသားတွေက ပံ့ပိုးကူညီပေးကြဖို့ ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒီမိုကရေစီ တည်ဆောက်ရေးကို ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပံ့ပိုးကူညီပေးရေးဆိုတာက ပါတီတစ်ခုရဲ့မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တာ၊ မဲဆွယ် ဇာတ်လမ်းရိုက်ကူး တာထက်ပိုပြီး သာလွန်တဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေ စီ တည်ဆောက်တယ်ဆိုတာမှာ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီမိုကရေစီစံနှုန်းတွေ၊ အမူအကျင့် တွေ နားလည်လက်ခံလာဖို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးစံနှုန်းတွေကို အလေးထားလာဖို့ တည်ဆောက်ရတာပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်း အပေါ် လွှမ်းမိုးနိုင်တဲ့ အခန်းကဏ္ဍမှာ နေရာယူထားပြီး ဖန်တီးသူတွေကိုယ်တိုင်နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဟာ ခွဲခြားဆက်ဆံမှု အမူအကျင့်နဲ့ လုပ်ငန်းစဉ်တွေနဲ့မှာ လည်ပတ်နေသလား၊ ဒီလိုမှမဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်းက လွဲမှားနေတဲ့ အတွေးအခေါ် အမူအကျင့်တွေကို ရဲရဲထောက်ပြပြီး လူသားချင်းစာနာမှုတွေ၊ မတူကွဲပြားမှုတွေအပေါ် သဘောထားကြီးမှုတွေ၊ မေတ္တာတရားတွေ ဖြစ်တည်လာဖို့ ဦးတည်နေသလားဆိုတာ ပြန်လည်သုံးသပ်ရမယ့် အချိန်တစ်ခုကို ရောက်ရှိနေပါပြီ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ရုပ်ရှင် ဟာ ဖန်တီးမှုအသစ်တွေကို စောင့်ဆိုင်းနေကြတဲ့ ပရိသတ်များနဲ့အ တူ ပုံသဏ္ဌာန်အဟောင်း၊ အတွေးအခေါ် အဟောင်းများကနေ ရုန်းထွက်နိုင်မယ့် လမ်းကြောင်းတစ်ခု ပေါ်ကို ရောက်ရှိလာပြီလို့ ယူဆ နိုင်တာကြောင့်ပါပဲ။ ။

• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အယူအဆ အရွေ့


မှူးသစ်
သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာရဲ့ အားပြိုင်မှုကို နိုင်ငံတော်အတိုင်ပင်ခံက စိတ်ဝင်စားတယ်ဆိုတဲ့ မှတ်ချက်အပေါ်မှာ ဆွေးနွေးစရာ အတော်များများရှိလာပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ တစ်ချိန်က ညွှန်းဆိုခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ဘယ်လို များရှုမြင်နေသလဲဆိုတာ စိတ်ဝင်စားဖွယ်ရာတစ်ခုပါ။
• ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာ
တစ်ချိန်က သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို လေးလေးနက်နက် အသိအမှတ်ပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD ပါတီ အာဏာရပြီးနောက်ပိုင်း၊ နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီးနောက်ပိုင်းမှာ သတင်းမီဒီယာတွေနဲ့ တစ်စတစ်စဝေးကွာလို့လာပါတယ်။ သတင်းမီဒီယာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် အထင်လွဲနေသလားဆိုတဲ့ ယူဆမှုတွေလည်း ရှိလာခဲ့ပါတယ်။ ဒီလိုဆိုရင် ဘယ်အရာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာတွေကို အထင်လွဲနေသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တစ်ချိန်က ခက်ခဲကြမ်းတမ်းလွန်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခရီးလမ်းမှာ အတူတကွလျောက်လှမ်းခဲ့ကြတဲ့ အထင်က သတင်းစာသမားကြီးတွေ၊ စာပေသမားကြီးတွေ များစွာရှိခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာလည်း သတင်းစာသမားတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ခဲ့ကြတာက ပြန်ပြောနေစရာမလိုတော့တဲ့ သမိုင်းတွေပါ။ စစ်အာဏာရှင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖြစ်ပေါ်လာခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလမှာလည်း အတော်အတန်အသင့် လွတ်လပ်ခွင့်ရလာတဲ့ သတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေနဲ့ လှုပ်ရှားမှုတွေသာ လွင့်ပျံလို့နေပါတယ်။ တစ်ဖက်မှာတော့ လူထုစိတ်ဝင်စားပြီး ချစ်ခင်တဲ့သူများတဲ့ ပုံရိပ်ကို အသုံးပြုပြီး ဂျာနယ်ရောင်းကောင်းဖို့ လုပ်ဆောင်ကြတာဖြစ်တယ်လို့ ပြောကောင်းပြောနိုင်ပေမယ့် ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ ဒီမိုကရေစီအပြောင်းအလဲတစ်ခု အောင်မြင်စေလို့တဲ့ တွန်းအားတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက် ကြွေးကြော်ချက်နဲ့အတူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပြီး လွှတ်တော်အတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည့်နဲ့ သတင်းမီဒီယာတွေကြားက ထိတွေ့မှု အပြန်အလှန်နားလည်မှုတွေ တည်ရှိနေဆဲပါပဲ။ ရန်ကုန်ရွေဂုံတိုင်ရုံးချုပ်နဲ့ ခြံအမှတ်(၅၄)မှာ သတင်းစာရှင်းလင်းပွဲတွေလုပ်တယ်။ နေပြည်တော် လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့တယ်၊ မကြာခဏ အတူတကွ လဘက်ရည်ဝိုင်းသောက်ကြရင်း သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေးရင်း သတင်းမီဒီယာတွေကတဆင့်
ပြည်သူကိုစကားတွေပါးတယ်
• ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာ ဝေးကွာလာမှု
အစိုးရဖြစ်ပြီးနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာတွေဟာ တစ်စတစ်စ ဝေးကွာလာခဲ့တာ အမှန်ပါပဲ။တိုင်းပြည်ရဲ့ အရေးပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံတော်သမ္မတတို့ဟာ အစိုးရသက်တမ်းအတွင်းမှာ သတင်းစာရှင်းလင်းပွဲရယ်လို့ တစ်ကြိမ်မှ
လုပ်ဆောင်တာမျိုးမရှိခဲ့ပါဘူး။ ကြီးလေးတဲ့တိုင်းပြည်တာဝန်
တွေကြားမှာ မအားလပ်နိုင်ဘူးဆိုတာ သိပေမယ့် သတင်းမီဒီယာတွေကတဆင့် ပြည်သူတွေအသိပေးတာ၊ ပြည်သူကြားက ထိခိုက်နစ်နာမှုတွေ၊ လူ့အဖွဲ့အစည်းအတွင်းဖြစ်ပျက်နေမှုကို သိရှိအောင်လုပ်တာ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားတာဆိုတာတွေကလည်း အရေးပါတဲ့ လုပ်ငန်းတာဝန်တွေလို့ ဆိုနိုင်ပါတယ်။ သတင်းမီဒီယာတွေနဲ့ မကြာခဏ ပြဿနာတက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တောင်မှ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲရယ်လို့ ရှိပါတယ်။ တစ်ဖက်ကနေ ပြောမယ်ဆိုရင်တော့ အစိုးရအနေနဲ့ လုပ်ဆောင်နေတာတွေ မူဝါဒတွေကို အစိုးရပိုင်းသတင်းစာတွေ၊ မီဒီယာတွေကနေ တဆင့် အသိပေးမယ်။ ဆိုရှယ်နက်ဝပ်တွေကနေ ထုတ်ပြန်ချက်တွေ ထုတ်ပေးမယ်။ သမ္မတရုံးကနေ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်ဆိုတာလောက်နဲ့ ယူဆချက်မျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အစိုးရပိုင်မီဒီယာတွေဟာ အစိုးရဲ့ အာဘော်ကိုဖြန့်ချိရတဲ့ ၀ါဒဖြန့်မီဒီယာတစ်ခုသာဖြစ်ပါတယ်။ ပြည်သူတွေထိခိုက်နစ်နာမှုတွေ၊ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်နေတာတွေကို စုံစမ်းထောက်လှမ်းပြီး မေးခွန်းထုတ်တာမျိုးကို အစိုးရပိုင်မီဒီယာတွေက လုပ်ဆောင်လေ့မရှိကြပါဘူး။ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ကတိက၀တ်တွေ မဖေါ်ဆောင်တာ အားနည်းတာတွေရှိလာရင် သတင်းမီဒီယာတွေက မေးခွန်းထုတ်ထောက်ပြကြတဲ့ လုပ်ငန်းစဉ်မျိုးဟာ အပြန်အလှန်ထိန်းကျောင်းခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်ကို အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ အစိုးရပိုင်မီဒီယာတွေကနေ အသိပေးတာ၊ ဆိုရှယ်မီဒီယာတွေကတဆင့် ထုတ်ပြန်ချက်တွေ မူဝါဒတွေ ပြောပြတာဟာ တစ်လမ်းသွားတဲ့နည်းလမ်းပါပဲ။ တစ်လမ်းသွားနည်းလမ်းဟာ ဒီမိုကရေစီအလေ့အထမဟုတ်ဘဲ အာဏာရှင်အလေ့အထတစ်ခုသာဖြစ်တယ်ဆိုတာ ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သိရှိပြီးဖြစ်တယ်ဆိုတာ ပြောဖို့ မလိုတော့ပါဘူး။ ဒီလိုဆိုရင် ဘာကြောင့်သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထားတဲ့သဖွယ် ဖြစ်နေသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းခံတွေကို စဉ်းစားကြည့်ရအောင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ အရေးပါတဲ့ အာဏာတွေအားလုံးကို မရယူထားနိုင်ပါဘူး။ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး အတွက် စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်နေရတဲ့ အကျပ်အတည်း၊ ၂၀၀၈ ကြောင့် ဖြစ်နေတဲ့ အကျပ်အတည်းတွေကို နိုင်ငံရေးအင်အားစုအချို့အပါအ၀င် သတင်းမီဒီယာတွေက နားလည်မှု မပေးဘူးဆိုတဲ့ အမြင်ရှိကောင်းရှိနေနိုင်ပြီး ဒါကလည်း ဖြစ်နိုင်ချေ အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ရခိုင်နယ်စပ်က ပြဿနာများနဲ့ နိုင်ငံတကာဖိအားဖြစ်ပါတယ်။ ရခိုင်နယ်စပ်ပြဿနာကို အခြေခံပြီး ကြုံတွေ့လာရတဲ့ နိုင်ငံတကာဖိအားတွေဟာ သတင်းမီဒီယာတွေကြောင့် ပိုပြီး ဆိုးရွားလာခဲ့တယ်ဆိုတဲ့ ထင်မြင်မှုလည်း ရှိကောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးတန်ဖိုးစံနူန်းနဲ့ အမျိုးသားရေးအယူဝါဒကြားမှာ မေးခွန်းထုတ်ခံရမှုတွေမှာ သတင်းမီဒီယာတွေ ရပ်တည်မှုကို နားမလည်နိုင်ဖြစ်လာတာလည်း ပါဝင်နိုင်ပါတယ်။ ရိုက်တာသတင်းထောက် ၂ ယောက် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး NHK သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ မှတ်ချက်ကို ကြည့်ခြင်းအားဖြင့် ဒီအခြေအနေက ပေါ်လွင်နေပါတယ်။ ဒီဘက်နှစ်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာနိုင်ငံတစ်ငံလုံးအနေနဲ့ပါ နိုင်ငံတော်ဖိအားတွေ ကြီးကြီးမားမားကြုံတွေ့နေရပါတယ်။ သမိုင်းတစ်လျောက်အကြီးမားဆုံး နိုင်ငံတကာဖိအားလို့ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး သူရဲကောင်းအဖြစ်သတ်မှတ်ခံထားရသူတစ်ယောက်အဖြစ်ကနေ မတရားမှုမှာ နူတ်ဆိတ်နေသူအဖြစ် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အချို့က ဝေဖန်တာ ပေးအပ်ထားတဲ့ ဆုတွေကို ပြန်သိမ်းတာ စတဲ့ အခြေအနေကို ကြုံတွေ့လာရပါတယ်။ ဒီအခြေအနေမျိုးမှာ သတင်းမီဒီယာတွေက သူနဲ့အတူ မရပ်တည်ဘဲ ဖိအားတွေကြုံရစေဖို့ ပိုမိုတွန်းအားတွေ ဖြစ်စေနေတယ်လို့ ထင်မြင်ကောင်းထင်မြင်နေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်က လူထုထောက်ခံမှုပါ လူထုထောက်ခံမှုရှိနေသ၍ မီဒီယာရဲ့ အခန်းကဏ္ဍဟာ မလိုအပ်ဘူး မီဒီယာတွေဟာ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် လူထုထောက်ခံမှုမရှိဘူး၊ ကိုယ်စားပြုမှု မရှိဘူးလို့ ယူဆနေနိုင်ပါတယ်။ တကယ်တော့ သတင်းစာပညာဆိုတာ လူထုထောက်ခံမှုနဲ့ရှင်သန်တာမျိုးမဟုတ်ဘဲ အမှန်တရားပေါ်မှာ ရပ်တည်တာသာဖြစ်ပါတယ်။
• သတင်းစာပညာနဲ့ အမျိုးသားရေးဝါဒ
ရိုက်တာသတင်းဌာနက ရခိုင်နယ်စပ်ပြဿနာအတွင်းက ဖြစ်ရပ်တစ်ခုကို ဖေါ်ထုတ်ရေးသားတာနဲ့ပတ်သက်ပြီး အမျိုးသားရေး အယူဝါဒအောက်ကနေ သတင်းမီဒီယာတွေကို ရန်သူသဖွယ် တုံ့ပြန်တာတွေ ကြုံတွေ့လာကြပါတယ်။ အထူးသဖြင့် ပြည်ပသတင်းမီဒီယာတွေဟာ ဘက်လိုက်ဖေါ်ပြတယ်ဆိုတဲ့ ယူဆချက်တွေ၊ အမျိုးသားရေးအကြောက်တရားနဲ့အတူ မြန်မာနိုင်ငံက မခေါ်ဝေါ်စေလိုတဲ့ လူမျိုးအမည်တစ်ခုကို သတ်မှတ်ခေါ်ဆိုကြတယ်ဆိုတဲ့ စွပ်ဆွဲပြောဆိုမှုတွေ မ​ကျေမနပ်​မှုတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ လွှမ်းမိုးလို့ထားပါတယ်။ လူအစုလိုက်သတ်ဖြတ်မှုကို ဖေါ်ထုတ်ဖို့ ကြိုးစားခြင်းက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်ခြင်းဖြစ်တယ်၊ နိုင်ငံကို အကျပ်အတည်းတွေ့အောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သတ်မှတ်ကြသလို သတင်းမီဒီယာတွေဟာ ကိုယ်ကျိုးစီးပွားအတွက် သတင်းရောင်းစားကြတယ်ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေလည်း အားကောင်းလာခဲ့ပါတယ်။ တကယ်တော့ သတင်းစာပညာဆိုတာ အမှန်တရားကို ဖေါ်ထုတ်ဖို့ဖြစ်ပါတယ်၊ အမှန်တရားကို ဖုံးကွယ်ဖို့မဟုတ်ပါဘူး။ တကယ်တော့ သတင်းစာသမားဆိုတာ ဟိုဘက်ဒီဘက် ဆိုတာတွေထက် ​ရရှိတဲ့ အချက်အလက်မှန်ကန်မှုတွေပေါ်မှာ ရေးသားကြသူတွေဖြစ်တဲ့ အတွက် တစ်ဖက်ရဲ့ နစ်နာမှုတွေကို မြင်တွေ့လာရင် ရေးသားဖေါ်ပြရမယ့် တာဝန်ရှိနေပါတယ်။ လူမျိုးအမည်နာမဆိုတာမှာလည်း သတင်းမီဒီယာတွေဟာ လူ့အခွင့်အရေးတန်ဖိုးစံနူန်းတွေအရ လူတစ်ယောက်က ခံယူထားတဲ့ အမှတ်သရုပ်ကို ဖျောက်ဖျက်ပိုင်ခွင့်မရှိပါဘူး။ ဒီအပေါ်မှာ ရှုမြင်မှုတွေ မတူညီနိုင်တာကြောင့်ပဲ သတင်းမီဒီယာတွေအပေါ် အမြင်စောင်းမှု ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။
• မြန်မာပြည်သူများနဲ့ သတင်းမီဒီယာ
ဒီဘက်နှစ်ပိုင်းအတွင်းမှာ ပြောဆိုမှုမြှင့်တက်လာတာကတော့ သတင်းမီဒီယာတွေရဲ့ သြဇာကျဆင်းလာတယ်၊လူတွေက မီဒီယာတွေကို မယုံကြတော့ဘူးဆိုတဲ့ ပြောဆိုမှုတွေပါ။ ဒါဟာ တကယ်ပဲ ဖြစ်လာတာလား ဘယ်အပေါ်မှာ အခြေတည်နေပါသလဲ။ အခြေခံကျကျ စဉ်းစားကြည့်မယ်ဆိုရင် တကယ်ပဲ သတင်းမီဒီယာတွေအပေါ် လူတွေရဲ့ မယုံကြည် ရန်လိုဝေဖန်မှုတွေဟာ မြင့်တက်လာနေပါတယ်။ အကြောင်းအရင်းအားဖြင့် လွဲမှားတဲ့ သတင်းတွေ တင်ဆက်မိတာတွေ ပါဝင်နေသလိုပဲ ပြည်သူတွေအနေနဲ့ သူတို့ဘက်က ရပ်ရမယ့်အစား တစ်ဖက်ကနေရပ်တယ်၊ သူတို့ သဘောကျချစ်ခင်တဲ့သူတွေကို ဝေဖန်တယ် ကောင်းကြောင်းသက်သက် မရေးဘူးဆိုတဲ့ စိတ်ခံစားမှုတွေလည်း ပါဝင်နေပါတယ်။ မှားယွင်းဖေါ်ပြခဲ့မိရင် အပြည့်အ၀ တာဝန်ယူရမယ်လုပ်ငန်းစဉ်တွေရှိနေတဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာရင် သြဇာကျဆင်းလာရင် သတင်းအမှားတွေနဲ့ ၀ါဒဖြန့်ချိမှုတွေက အားကောင်းလာမှာ အမှန်ဖြစ်သလို လူတွေအနေနဲ့ ဒါဟာ လုပ်ကြံဖန်တီးထားတာတွေလား ၀ါဒဖြန့်ထားတာတွေလား အမှန်တရားလားဆိုတာ ဝေခွဲရခက်ခဲလာနိုင်ပါတယ်။ သတင်းစာသမားတွေရဲ့ အလုပ်ဟာ လူကြိုက်များအောင် လုပ်ဖို့မဟုတ်ဘူး အမှတ်တရားကို ရှာဖွေဖို့နဲ့ နိုင်ငံ့ခေါင်းဆောင်တွေထံကနေ အဖြေတွေထွက်လာဖို့ စဉ်ဆက်မပြတ် တွန်းအားပေးနေဖို့ဖြစ်တယ် လို့ အမေရိကန်သတင်းစာဆရာမကြီး ဟယ်လန်သောမတ်စ်က ပြောဆိုခဲ့ဖူးပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ နှစ်ခြိုက်သဘောကျသူတွေကိုကောင်းကြောင်းရေးပြီး သူတို့ရပ်တည်ထားတဲ့ တန်ဖိုးစံနူန်းတွေ အတိုင်း ရပ်တည်ဖို့ဆိုတာ သတင်းစာသမား​တွေထံ
ကနေ မျှော်လင့်လို့မရပါဘူး။ သတင်းစာပညာဆိုတာ အမှန်တရားကို ဖေါ်ထုတ်ရေးသားတာဖြစ်တဲ့အတွက်​ တချို့သော အကြောင်းအရာနဲ့ ရေးသားဖေါ်ထုတ်မှုတွေဟာ လူကြိုက်များမှုများတဲ့ အမျိုးသား​ရေး ဝါဒနဲ့ထပ်တူကျနိုင်မှာ​​မဟုတ်ပါဘူး
-ပါတီနိုင်ငံရေးနဲ့ သတင်းမီဒီယာကြားက ကွဲပြားခြားနားမှု
အတိုက်အခံဘ၀မှာတော့ NLD ပါတီနဲ့ သတင်းမီဒီယာတွေဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုတဲ့ ဘက်မှာ တစ်ဖက်တည်းရပ်တည်ခဲ့ကြတဲ့ ပုံသဏ္ဍန်ရှိခဲ့ပါတယ်။ ကွဲပြားခြားနားမှုကတော့ ပါတီနိုင်ငံရေးသမားများက နိုင်ငံရေးအာဏာရယူလို့မှုရှိခဲ့ပြီး သတင်းမီဒီယာတွေကတော့ အာဏာရယူရေးအတွက် ရပ်တည်ခဲ့ကြတာမဟုတ်ပါဘူး။ အာဏာဆိုတဲ့ ကိစ္စရပ်ပါဝင်လာတဲ့ အခါ မဲပေးမယ့်သူတွေအကြိုက် အထူးသဖြင့် လူအများစု သဘောကျတဲ့ လမ်းကြောင်းတွေ ရွေးချယ်လျောက်လှမ်းရတယ်၊ လူအများမကြိုက်နိုင်မယ့် မဲတွေဆုံးရှုံးရမယ့်အရာတွေကို ရှောင်ရှားရတယ်ဆိုတာ သဘောတရားအားဖြင့် မှန်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုဟာ မှန်ကန်တဲ့ မူဝါဒနဲ့ ခိုင်မာတဲ့ စံနူန်းရပ်တည်မှုတွေကို ရှိနေဖို့ လိုအပ်သလို အဲ့ဒီစံနူန်းတွေဟာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပြောင်းလဲမသွားသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ တချိန်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနူန်းပေါ်မှာရပ်တည်ခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်၊ အခုချိန်မှာတော့ အဲ့ဒီစံနူန်းတွေက ရွေ့လျားသွားခဲ့ပြီဆိုတဲ့ ဝေဖန်မှုတွေဟာ ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့ပါပြီ။ ဒီလို ဝေဖန်မှုဖြစ်လာစေဖို့ သတင်းမီဒီယာတွေက တွန်အားပေးနေတယ်လို့ ယူဆလိုက်တာထက် တကယ်ပဲ ဒီမိုကရေစီနဲ့ လူအခွင့်အရေးစံနူန်းတွေက ရွေ့လျားနေပြီလားဆိုတာကို သုံးသပ်ဖို့လိုနေပါပြီ။ နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုတာထက် မြန်မာတစ်နိုင်ငံလုံးရဲ့ ခေါင်းဆောင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာကရော မြန်မာကပါ လက်ခံထားခဲ့ကြပါတယ်။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဟာ ပါတီရဲ့ အာဏာရရှိရေးနဲ့ ပါတီရဲ့ မူဝါဒတွေအပေါ်မှာ ရပ်တည်ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ကတော့ အာဏာအပေါ်မှာ မရပ်တည်ဘဲ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ တန်ဖိုးစံနူန်းတွေနဲ့ အမှန်တရားပေါ်မှာ ရဲရဲတင်းတင်းရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။ တချို့အရာတွေက လူအများကြိုက်ဖြစ်ချင်မှဖြစ်မယ်၊ တစ်ချို့အရာတွေက လူတွေအတွက် ခါးသီးတဲ့ အရာဖြစ်ကောင်းဖြစ်မယ် ဆိုပေမယ့် အာဏာနဲ့လူကြိုက်များကို မကြည့်ဘဲ လုပ်ဆောင်သင့်တဲ့အရာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
• ဒီမိုကရေစီနဲ့ သတင်းမီဒီယာတွေရဲ့ အချိတ်အဆက်၊ သဘောသဘာဝများ
ဝါရှင်တန်ပို့စ်သတင်းစာကြီးရဲ့ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ အဲ့ဒီဆောင်ပုဒ်ကတော့ “အမှောင်ခေတ်မှာ ဒီမိုကရေစီ သေဆုံးတယ်” ဆိုတာပါ။ အမှောင်ခေတ်ဆိုတာ ဘယ်လို အရာမျိုးလဲ ပြောရရင်ကျယ်ပြန့်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေဟာ နားမျက်စိတွေ အပိတ်ခံထားရမယ် လွတ်လပ်စွာရေးသားဖေါ်ထုတ်ခွင့်မရှိဘူး တစ်လမ်းသွားဝါဒဖြန့်ချိမှုအောက်မှာ နေထိုင်ရမယ် ကမ္ဘာ့လူ့အဖွဲ့အစည်းနဲ့ဝေးကွာမယ် စတဲ့ အခြေအနေတွေဟာ အမှောင်ခေတ်ကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ သတင်းစာတွေကတော့ အမှောင်ခေတ်ကို ဆန့်ကျင်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရရဲ့ အာနည်း​ချက်တွေကို ဝေဖန်ထောက်ပြမယ်၊ မေးခွန်းထုတ်မယ် လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်နေတာတွေကို အမှန်အတိုင်းဖေါ်ပြမယ်၊ ပြည်သူတွေရဲ့ နစ်နာမှုတွေကို ဖေါ်ထုတ်မယ် စတဲ့ လုပ်ငန်းစဉ်တွေဟာ ဒီမိုကရေစီစနစ်ထဲက သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီဆိုတဲ့ ယန္တယားတစ်ခုလည်ပတ်နိုင်ဖို့ အလုပ်လုပ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ မလိုအပ်ဘူးလို့ ယူဆလာတာ၊ အဲ့ဒီ အစိတ်အပိုင်းတွေရဲ့ အခန်းကဏ္ဍကို ဘေးဖယ်လို့ရတယ်လို့ ယူဆလာတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ငြင်းပယ်ပြီး အမှောင်ခေတ်ထဲက အာဏာရှင်အမူအကျင့်တွေဖြစ်တည်လာတာပါပဲ။သမိုင်းသင်ခန်းစာတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း အာဏာရှင်တွေဟာ သူတို့ကို စောင့်ကြည့်ထိန်းကျောင်းတာကို ငြင်းပယ်ပြီး သူတို့ကောင်းမယ်ထင်လို့ လုပ်ဆောင်တာတွေကို ထောက်ခံဖို့သာ လိုလားတတ်ကြပါတယ်။ ဒီမိုကရေစီစနစ်ကတော့ ဒီလိုမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အရေးပါတဲ့ မဏ္ဍိုင်တွေအားလုံးဟာ အပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်နဲ့ သဟဇာတရှိရှိ လည်ပတ်ရပါတယ်။
• ဆိုရှယ်မီဒီယာနဲ့ Mainstream မီဒီယာများ အားပြိုင်မှု
နည်းပညာခေတ်ကြီးထဲမှာ ဒီပြဿနာဟာ ကမ္ဘာတစ်ခုလုံးနဲ့
ယှဉ်ပြီး ဖြစ်နေတဲ့ ပြဿနာလို့တောင်ဆိုရမှာပါ။ နိုင်ငံတကာမှာလည်း သြဇာကြီးမားတဲ့ ပုံနှိပ်မီဒီယာကြီးတောင်မှ
ဆိုရှယ်မီဒီယာကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဆိုရှယ်နက်ဝပ်တွေကို မီဒီယာပလက်ဖေါင်းတစ်ခုအဖြစ်အသုံးပြုပြီး စာဖတ်သူတွေနဲ့ ပိုမိုထိတွေ့နိုင်ဖို့ သတင်းတွေ
အချိန်နဲ့တပြေးညီ တင်ဆက်ပေးနိုင်ဖို့ ကြိုးစားလာရတဲ့ အချိန်ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အလွယ်တကူသတင်းအချက်အလက်တွေရယူနိုင်တယ် ကိုယ်တိုင်ဖန်တီးနိုင်တယ် ထိတွေ့နိုင်တယ်ဆိုတဲ့ အားသာချက်တွေလည်း အများအပြားရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ သုတေသန မှတ်တမ်းတစ်ခုအရဆိုရင် အမေရိကန်နိုင်ငံသား ၄၀ ရာခိုင်နူန်းလောက်က ဖေ့စ်ဘုတ်ကနေ သတင်းအချက်အလက်တွေ ဖတ်ရှုတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ်လောက်ရာခိုင်နူန်းက ဆိုရှယ်မီဒီယာကနေ သတင်းအချက်အလက်ရယူနေပြီး ဘယ်လောက်ရာခိုင်နူန်းက သတင်းစာဂျာနယ်တွေကနေ သတင်းအချက်အလက်တွေရယူနေတယ်ဆိုတဲ့ သုတေသန အချက်အလက် မတွေ့ရသေးပါဘူး။ အမေရိကန်လိုနိုင်ငံမျိုးနဲ့ မြန်မာနိုင်ငံကို ယှဉ်လို့မရတာ အမေရိကန်နိုင်ငံဟာ အင်စတီကျူးရှင်းတွေ ခိုင်မာပြီးသားဖြစ်တယ် ပြည်သူအများစုက Media Literacy ကို နားလည်ပြီးသားဖြစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အဆင့်ဆင့်ကျော်ဖြတ်ပြီးသားဖြစ်တယ်ဆိုတဲ့ အခြေအနေတွေကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာအခန်းကဏ္ဍတစ်ခုတည်း ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုကို ခံနေရတာမဟုတ်ဘူး ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုဟာ နိုင်ငံရေး လူမျိုးရေး ကစလို့ လူတစ်ယောက်ခြင်းစီရဲ့ လူမှုဘ၀တွေအထိ လွှမ်းမိုးမှု အကျိုးသက်ရောက်မှုတွေ များစွာရှိပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ သဘောသဘာဝအရ လူမှုကွန်ယက်ကို အခြေခံထားတာဖြစ်တဲ့ ဘယ်သူမဆို သတင်းအချက်အလက်တွေ ဖြန့်ဝေနိုင်တယ် အယူအဆတွေ ထုတ်ဖေါ်နိုင်တယ် စတဲ့ အားသာချက်တွေ ရှိသလို တစ်ဖက်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိနိုင်တာ သတင်းအမှားတွေ ဖန်တီးဖြန့်ဝေနိုင်တာ ၊ ၀ါဒဖြန့်ချိနိုင်တာ စတဲ့ အခြေအနေလည်း တပါတည်းရှိနေတာပါ။ ဥပမာပေးပြရရင် လူမျိုးရေးပဋိပက္ခတွေဖြစ်ဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သတင်းအမှားတွေ ၊ အမုန်းတရားတွေ ဖြန့်ချိတာရှိခဲ့ပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ နဲ့ ဆိုရှယ်မီဒီယာပေါ် ဘယ်သူဘယ်ဝါက ဖြန့်ချိမှန်း မသိနိုင်တဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက် အတုတွေထွက်ရှိလာတာမျိုး ရှိခဲ့ဖူးပါတယ်။
Mainstream မီဒီယာတွေကတော့ ဒီအခြေအနေနဲ့ကွာခြားပါတယ်။ သတင်းတစ်ပုဒ်ဖြစ်ဖြစ်၊ ဆောင်းပါးတစ်ပုဒ် အယ်ဒီတာ အဆင့်ဆင့် စီစစ်တည်းဖြတ်မှုနဲ့ ဖေါ်ပြရတာဖြစ်ပါတယ်။ တစ်စုံတစ်ရာမှားယွင်းမှုဖြစ်လာခဲ့ရင်လည်း တာဝန်ယူတာဝန်ခံရမယ့်သူတွေရှိရပါတယ်။ Mainstream မီဒီယာတွေကို လုပ်ကိုင်နေသူတွေကလည်း လူပုဂိုလ်များဖြစ်တဲ့ အမှားအယွင်းတွေရှိနေနိုင်ပါတယ်။ နိုင်ငံရေးအရဘက်လိုက်မှုတွေ စီးပွားရေးအရ ကိုယ်ကျိုးကြည့်တာတွေ ရှိကောင်းရှိနေနိုင်ပေမယ့် ဒါတွေအားလုံးအပေါ် တာဝန်ခံထားရသူ ဘယ်သူဘယ်ဝါဆိုတာ ထင်ထင်ရှားရှိပါတယ်။ ဒါဟာ မီဒီယာတစ်ခုခြင်းစီအလိုက်ပြဿနာဖြစ်ပြီး မီဒီယာအင်စတီကျူးရှင်းတစ်ခုလုံးနဲ့ ယှဉ်ပြီး ​ကောက်ချက်ချရမယ့် ​​​​ကိစ္စမျိုးမဟုတ်ပါဘူး။
• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အယူအဆ အရွေ့
နည်းပညာခေတ်ကြီးထဲမှာ ဆိုရှယ်မီဒီယာနဲ့ Mainstream မီဒီယာ အားပြိုင်မှု ဘယ်သူအနိုင်ရမလဲဆိုတာက စိတ်ဝင်စားသင့်တဲ့ အရာတစ်ခုဖြစ်သလို ကမ္ဘာတစ်ခုလုံးရဲ့ မေးခွန်းတစ်ခုပါ။ ဒီအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က သိချင်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာရဲ့ သြဇာနဲ့ Mainstream မီဒီယာတွေရဲ့ သြဇာ အခန်းကဏ္ဍပိုင်းယှဉ်လာခဲ့ရင်တော့ ဘယ်အရာရဲ့ သြဇာကြီးမားလာမှုက မြန်မာ့လူ့အဖွဲ့အစည်းအတွက် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအတွက် ကောင်းကျိုးသက်ရောက်မှု ရှိစေနိုင်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်စားဖို့လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ NLD ကို ထောက်ခံပြီး အမြဲတစေ ကောင်းကြောင်းသာရေးသားနေသူတွေရှိသလို၊ တစ်ဖက်မှာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးဘက်ကရပ်ပြီး NLD ကို တိုက်ခိုက်နေသူတွေ၊ သတင်းအမှားနဲ့ အမုန်းတရာဖြန့် ၀ါဒဖြန့်နေသူတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမျိုး လူ့အဖွဲ့အစည်း အခြမ်းနှစ်ခြမ်းခွဲပြီး ဟိုဘက်မှာ ရပ်မလား ၊ ဒီဘက်မှာရပ်မလား၊ အနီလား အစိမ်းလားဆိုတဲ့ ရွေးချယ်မှုပဲ ပေးမှာလား။ ဒါမှမဟုတ် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးပေးပြီး ဘယ်အရာကတော့ အမှန် ၊ ဘယ်အရာကတော့ အမှားဆိုတာ သုံးသပ်နိုင်တဲ့ အခြေအနေတွေကို ဖန်တီးပေးမှာလားဆိုတာ နိုင်ငံခေါင်းဆောင်တစ်ယောက်က မဖြစ်မနေ စဉ်းစားပေးရမှာဖြစ်သလို ဒီမိုကရေစီအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအရေးဆိုတာက တစ်ယောက်တည်းပြေးပြီး ပန်းဝင်နိုင်တဲ့
မာရသွန်ပြေးပွဲတွေနဲ့ မတူနိုင်ပါဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ၊ အခန်းကဏ္ဍတွေ တန်ဖိုးထားရမယ့် စံနူန်းတွေ မလွဲမသွေလိုအပ်ပါတယ်။ ဒါတွေအားလုံးဟာ ဒီမိုကရေစီစနစ်အောင်မြင်တည်တံ့ဖို့ အလုပ်အလုပ်ပေးနေတဲ့ အရာတွေဖြစ်တာကြောင့် ဒီမိုကရေစီရလာမှ
ဒါ​တွေကို လုပ်​​ဆောင်​မယ်ဆိုတဲ့ ​စိတ်ကူးယဉ်မှုမျိုး
စိတ်ကူးယဉ်လို့မရနိုင်ပါဘူး။
သတင်းမီဒီယာဆိုတာလည်း ဒီမိုကရေစီစနစ်ထဲက လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကျရှုံးတာကို မြင်ချင်နေတယ်ဆိုတာက တနည်းအားဖြင့် ဒီမိုကရေစီကို ငြင်းပယ်တာပါပဲ။ အတူတကွလျောက်လှမ်းရမယ့် ခရီးမှာ အစိတ်အပိုင်းတစ်ခုခုကို ဖြုတ်ချထားချင်တယ်ဆိုတဲ့ ယူဆချက်မျိုးရှိလာနေရင် ဒါဟာ ဒီမိုကရေစီခရီးလမ်းကို လျောက်လှမ်းနေတယ်လို့ ဆိုနိုင်မှာမဟုတ်တော့ပါဘူး။

“အားကစားနဲ့ နိုင်ငံတည်ဆောက်ရေး”


The voice သတင်းစာ
မှူးသစ်
အားကစားနဲ့ နိုင်ငံတည်ဆောက်ရေးဆိုတာ အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ဆက်စပ်မှုနည်းပါတယ်။ မြန်မာနိုင်ငံလို မတူကွဲပြားမှုနဲ့ ယဉ်ကျေးမှုပေါင်းစုံတည်ရှိနေတဲ့ နိုင်ငံမှာ စုစည်းညီညွတ်မှုဆိုတာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်။ မတူကွဲပြားမှုတွေကြားမှာ ယုံကြည်မှုပျောက်ဆုံးတာတွေ၊ ပဋိပက္ခတွေနဲ့ အပြန်အလှန်နားလည်မှု နည်းပါးတာတွေ ရှိနေရင် နိုင်ငံတည်ဆောက်ရေးကို သွားဖို့ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတည်ဆောက်ရေးလို့ ပြောတဲ့အခါ ပညာရပ်ဆိုင်ချဉ်းကပ်မှုတွေအရ တိုင်းပြည်ရဲ့ စီးပွားရေးကို တည်ဆောက်တာ၊ စံနူန်းတွေနဲ့ နိုင်ငံရေးစနစ်ကိုတည်ဆောက်တာ စသည်ဖြင့် ချဉ်းကပ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးလို့ ပြောတဲ့အခါ နိုင်ငံရေး၊စီးပွားရေး သာမကဘဲ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းက ငြိမ်းချမ်းရေးကို တည်ဆောက်ရတာ၊ မတူကွဲပြားမှုကြားက ဘုံရည်မှန်းချက်နဲ့ တူညီတဲ့တန်ဖိုးစံနူန်းတွေကို တည်ဆောက်ရတာ စသည်ဖြင့်ရှိကြပါတယ်။ 

လက်ရှိ နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ 
NLD ပါတီရဲ့ ဦးစားပေးရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဖြစ်တယ်လို့ ပြောဆိုဖူးပါတယ်။ ဆိုရရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ကျန်တဲ့ ကဏ္ဍတွေဖြစ်တဲ့ နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေကို တပါတည်းလုပ်ဆောင်သွားဖို့ဆိုတာ နားလည်နိုင်ပါတယ်။ 

ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါ လက်နက်ကိုင်ထားတဲ့ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုတာ ရှိသလိုပဲ လက်နက်မကိုင်ထားတဲ့ ပြည်သူတွေရဲ့ 
အခန်းကဏ္ဍ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအတွင်းက သဟဇာတဖြစ်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဟာ နှစ်ဖက် အဖွဲ့အစည်းကြား 
စားပွဲဝိုင်းပေါ်မှာ စေ့စပ်ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းနဲ့ ဖြေရှင်းလို့ရနိုင်ပေမယ့် လူ့အဖွဲ့အစည်းအတွင်းက ပြဿနာတွေ ယုံကြည်နားလည်လက်ခံထားတဲ့အယူအဆတွေကတော့ ဖြေရှင်းဖို့ သိမ်မွေ့နက်နဲပါတယ်။

 နှစ်ပေါင်းများစွာ ရှည်ကြာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာခံစားခဲ့ရသူတွေရှိသလို တိုင်းရင်းသားတွေကြားထဲမှ လူမျိုးရေး ဘာသာရေး 
ယဉ်ကျေးမှု ဘာသစကး ဆိုင်ရာ မတူကွဲပြားမှုတွေပေါ်လိုက်ပြီး အပြန်အလှန်သဘောထားတွေဟာ သဟဇာတဖြစ်ဖို့ ခက်ခဲနေရဆဲပါပဲ။ စစ်အာဏာရှင်လက်ထက် ၀ါဒဖြန့်ချိမှုနဲ့ အခွင့်အရေးတွေ ခွဲခြားသက်မှတ်ခံခဲ့ရခြင်းတွေကလည်း မတူကွဲပြားမှုပေါင်းစုံတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွက်က သဟဇာတဖြစ်ရေး အကျိုးသက်ရောက်မှု များစွာရှိနေနိုင်ပါတယ်။ 

ဒီကနေ့ အချိန်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ခရီးမှာ လျောက်လှမ်းနေတဲ့ အချိန်ဖြစ်တာနဲ့ 
အညီ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေနဲ့အတူ နိုင်ငံတည်ဆောက်ရေးဆိုတဲ့ အရာတွေကို လုပ်ဆောင်နေရတဲ့ အချိန်တစ်ခုဖြစ်သလို အကျပ်အတည်းတွေ 
စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။

နိုင်ငံတည်ဆောက်ရေးလို့ ဆိုလိုက်တဲ့အခါ နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံသားအားလုံးရဲ့ ဘုံရည်မှန်းချက်တွေနဲ့ တူညီတဲ့ ခံယူမှု တန်းတူညီမျှတဲ့ အခွင့်အရေးရရှိမှုတွေကို 
စုစည်းနိုင်ဖို့ ညီညွတ်အောင် ဖန်တီးပုံဖေါ်နိုင်မှုက အရေးပါလာပါတယ်။ ဒီလို အခြေအနေမျိုးဖြစ်ပေါ်လာအောင် နိုင်ငံရေးအရ ဖန်တီးဖေါ်ဆောင်တာ၊ 
စီးပွားရေးအရ တည်ဆောက်တာတွေအပြင် စာပေ၊အနုပညာ၊ အရပ်ဘက်အဖွဲ့အစည်း ၊ 
အားကစား အဘက်ဘက်ကနေ ကဏ္ဍမျိုးစုံကနေ နိုင်ငံတည်ဆောက်ရေးသွားမှသာ
ဖြစ်နိုင်ချေရှိတဲ့ အခင်းအကျင်းတွေ ရရှိလာနိုင်မယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ 

အထူးသဖြင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုက်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေ
အားလုံးကြား တူညီတဲ့ ရည်မှန်းချက်နဲ့ တူညီတဲ့ ခံယူမှုတွေ ဖြစ်လာဖို့ဆိုတာ သိမ်မွေ့တဲ့ လုပ်ငန်းစဉ်တွေလိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ မတူကွဲပြားတဲ့ အမှတ်သရုပ်တွေ၊ 
ယဉ်ကျေးမှုတွေ ဘာသားစကားနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အသိအမှတ်ပြု 
တန်ဖိုးထားပြီး တို့အားလုံးမြန်မာဆိုတဲ့ စိတ်အတွင်းပိုင်း ခံယူချက်မျိုးဖြစ်တည်လာရေးပါပဲ။ 

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ပြန်ကောက်ရမယ်ဆိုရင်တော့ အားကစားနည်းတွေကလည်း နိုင်ငံရေးတည်ဆောက်ရေး(အထက်မှာဆိုခဲ့တဲ့ နိုင်ငံသားကြားထဲ စုစည်းညီညွတ်တဲ့ 
ဘုံရည်မှန်းချက်၊ ဘုံခံယူချက်တွေဖြစ်တည်လာရေး) အတွက် အသုံးပြုနိုင်တဲ့ အရာတစ်ခုပါပဲ။ 
အထူးသဖြင့် အားကစားနည်းတွေထဲကမှ မြန်မာနိုင်ငံက လူတွေ အားပေးမှုအများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းက ပိုပြီးတော့မှ ထိရောက်နိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။

ဘောလုံးအားကစားနည်းနဲ့ စုစည်းညီညွတ်မှုကို ရယူနိုင်ရေးဆိုတာက  
မြန်မာတစ်နိုင်ငံလုံးကိုကိုယ် စားပြုထားတဲ့ လက်ရွေးစင်အသင်းဟာ မတူကွဲပြားမှုပေါင်းစုံနေတဲ့ မြန်မာနိုင်ငံကို ဘယ်လောက်ထိ ပုံဖေါ်နိုင်သလဲ၊ ဘယ်လောက်ထိ အရောင်အသွေးစုံကို ကိုယ်စားပြုနေသလဲ ဆိုတာတွေက အရေးကြီးပါတယ်။ အဲ့ဒါအပြင် အရာရာမှာ 
နောက်ကျကျန်နေခဲ့တဲ့ နိုင်ငံတစ်ခုက ပြည်သူတွေအနေနဲ့ အနိုင်ရခြင်းဆိုတဲ့ ခံစားမှုကို                     လိုချင်ကြမှာ အမှန်ပါပဲ။ အဲ့ဒီပြည်သူတွေရဲ့ မျှော်လင့်ချက်ကို နိုင်ငံ့ခေါင်းဆောင်တွေက 
ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။

အားကစားနဲ့ တစ်နိုင်ငံလုံး စုစည်းညီညွတ်ရေးနဲ့ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံရဲ့ သမ္မတနယ်ဆင်မင်ဒဲလား လုပ်ဆောင်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ Invictus ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲ အကြောင်းအရာကို ဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးလိုပါတယ်။ ဒီဇာတ်ကားကတော့ တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင် နယ်ဆင်မင်ဒဲလား 
သမ္မတတာဝန် စတင်ထမ်းဆောင်လာတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ 

နယ်ဆင်မင်ဒဲလားဟာ ထောင်ထဲမှာ ၂၇ နှစ်လောက် အချုပ်အနှောင်ခံခဲ့ရပြီးတဲ့နောက် 
၁၉၉၀ ခုနှစ်မှာ လွတ်မြောက်လာခဲ့ပါတယ်။ သူလွတ်မြောက်ပြီး ၄ နှစ်အကြာမှာပဲ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။ နယ်ဆင်မင်ဒဲလား သမ္မတ တာဝန်ထမ်းဆောင်တဲ့ အချိန်ဟာ လူမျိုးရေး ပဋိပက္ခတွေ နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးနေတဲ့ အပြောင်းအလဲကာလတစ်ခုပါ။ အပြန်အလှန်ယုံကြည်မှုတွေ ပျောက်ဆုံးပြီး တစ်ဖက်နဲ့တစ်ဖက် စိုးရိမ်စိတ်တွေ သံသယတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ စုစည်းညီညွတ်ရေး 
လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သမ္မတ နယ်ဆင်မင်ဒဲလားက တောင်အာဖရိက နိုင်ငံက နိုင်ငံသားအားလုံး လူဖြူ လူမည်း မခွဲ တသားတည်းဖြစ်ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်ထည်ဖေါ်တာမှာ ရပ်ဘီဘောလုံးအားကစားနည်းကိုလည်း အသုံးပြုခဲ့ပါတယ်။

ရပ်ဘီအားကစားနည်းဆိုတာက တောင်အာဖရိကနိုင်ငံမှာ အပေါ်ယံလွှာက လူဖြူ 
လူတန်းစားတွေ အများဆုံး ကစားကြတဲ့ ကစားနည်းပါ။ ဒါ့ကြောင့် တောင်အာဖရိကနိုင်ငံ နိုင်ငံ့လက်ရွေးစင်ရပ်ဘီဘောလုံးအသင်းက လူဖြူတွေချည်းလိုလို ပါဝင်နေတဲ့ အသင်းဖြစ်နေပါတယ်။ ၁၉၉၅ ခုနှစ် ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာပဲ သမ္မတ နယ်ဆင်မင်ဒဲလားဟာ ရပ်ဘီဘောလုံးအသင်းကို အခြေခံပြီး 
လူဖြူ လူမည်းကြားက ကွဲပြားခြားနားမှုပျောက်ပြီး စုစည်းညီညွတ်မှုရအောင် ကြိုးပမ်းလာပါတယ်။
လူဖြူတွေပါနေတဲ့ တောင်အာဖရိက ရပ်ဘီလက်ရွေးစင်အသင်းကို တောင်အာဖရိကနိုင်ငံသားလူမည်းတွေက အားမပေးကြပါဘူး။ သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ ဘောလုံးအသင်းတစ်သင်းအဖြစ်သဘောထားရုံသာမကဘဲ အင်္ဂလန်နဲ့ တောင်အာဖရိက ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်ဘက်ကနေ အားပေးခဲ့ကြပါတယ်။ 

ဒီအခြေအနေကို သမ္မတနယ်ဆင်မင်ဒဲလားက ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ 
သူ့ကို သဘောမကျတဲ့ ရပ်ဘီအသင်းခေါင်းဆောင်ကို ခေါ်တွေ့တယ်၊ရပ်ဘီလက်ရွေးစင်အသင်းကို အခြေခံလူတန်းစားရပ်ကွက်တွေထဲကို လူမည်းကလေးငယ်တွေနဲ့ ထိတွေ့စေပြီး ရပ်ဘီအားကစားကို စိတ်ဝင်စားလာအောင် အတူတကွကစားစေတယ်။ ရပ်ဘီလက်ရွေးစင်အသင်းကို သူအကျဉ်းကျခဲ့တဲ့ Robben Island က အကျဉ်းထောင်ကို သွားရောက်လည်ပတ်စေတယ်။ သူကိုယ်တိုင်လည်း တောင်အာဖရိကလက်ရွေးစင် ရပ်ဘီဘောလုံးအသင်းကို နှစ်နှစ်ခြိုက်ခြိုက်အားပေး။ အရာရာမှာ ရှုံးနိမ့်နေရတဲ့ သူ့ပြည်သူတွေကို အောင်မြင်မှုအရသာခံစားစေချင်တယ်။ လူဖြူ လူမည်းမခွဲဘဲ နိုင်ငံချစ်စိတ်တွေ တူညီလာစေချင်တယ်ဆိုတဲ့ ဆန္ဒတွေကို အခြေခံခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ တောင်အာဖရိကနိုင်ငံက နယူးဇီလန်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တယ်။ အဲ့ဒီပွဲစဉ်ကို တောင်အာဖရိကနိုင်ငံက တစ်နိုင်ငံလုံး လူဖြူလူမည်းမခွဲဘဲ အားပေးခဲ့ကြသလို တစ်နိုင်ငံလုံးရဲ့ အောင်မြင်မှုအဖြစ် အောင်ပွဲခံခဲ့ကြတယ်။

ဒီဇာတ်လမ်းကို သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ နာမည်ကြီး နိုင်ငံရေးခေါင်းဆောင် သမ္မတ တစ်ယောက်က နိုင်ငံရဲ့ ရပ်ဘီဘောလုံးအသင်းကို အားပေးတာပါပဲ။ ဒါပေမယ့် အဲ့ဒီနောက်ကွယ်မှာ ရှိနေတဲ့ ရည်ရွယ်ချက်နဲ့ စိတ်စေတနာတွေဟာ သတိပြုစရာ စံပြုစရာပါ။ စကားလုံးတွေအားဖြင့် ကြီးကျယ်ခမ်းနားပြီး ခက်ခဲမယ်ထင်ရတဲ့ နိုင်ငံတည်ဆောက်ရေး(State Building) အမျိုးသားတည်ဆောက်ရေး(Nation Building ) ဆိုတာတွေကို ဖေါ်ဆောင်တဲ့အခါမှာ တချို့နည်းလမ်းတွေက သေးငယ်ကောင်းသေးငယ်နေမယ် ရိုးရှင်းကောင်းရိုးရှင်းနေမယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အရေးမကြီးလောက်ဘူးထင်တဲ့ နည်းလမ်းတွေက လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တတ်တာမျိုးကို သတိပြုစရာကောင်းပါတယ်။ 

ဒီနေရာမှာ စိတ်ကူးမျှော်မှန်းကြည့်တာကတော့ နိုင်ငံအတွင်းမှာ ရှိနေတဲ့ လူမျိုးရေး ဘာသာရေးအစွဲတွေ နိုင်ငံရေးအယူအဆအစွဲတွေကို ကျော်လွန်ပြီး အားလုံးတူညီတဲ့ ခံစားမှုတွေကို ရရှိစေနိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနေစတင်ကြည့်ရင် ဖြစ်နိုင်မလားဆိုတာပါ။ မတူကွဲပြားတွေနဲ့အတူရှိနေတဲ့ စုစည်းညီညွတ်မှု(Diversity within unity) ဆိုတာကို မြန်မာဘောလုံးအသင်းမှာ ပုံဖေါ်ပြပြီး တစ်နိုင်ငံလုံးရဲ့ညီညွတ်မှုကို ရှာဖွေမယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာ စိတ်ကူးမျှော်မှန်းမိပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အခုထက်ပိုပြီး အရောင်အသွေးစုံဖို့ လိုအပ်တာတော့ အမှန်ပါပဲ။အရောင်အသွေးစုံတဲ့ လက်ရွေးစင်ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်တဲ့နေရာမှာလည်း အောင်မြင်မှုတွေကိုတက်လှမ်းနိုင်မယ့် အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ ဖြည့်ဆည်းမှုတွေကိုပါ တပါတည်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ 

ထင်ထားသလောက် အောင်မြင်မှုမရတဲ့ နေရှင်နယ်လိဂ်တစ်ခုတည်းကို အမှီပြုမထားဘဲ 
တချိန်က ဒေသချစ်စိတ်နဲ့ အားပေးမှုများခဲ့တဲ့ ကျောင်းသားအဆင့်ကစလို့ အဆင့်ဆင့် တိုင်းနှင့်ပြည်နယ်ပွဲတွေကိုလည်း စိတ်ဝင်စားအသက်ဝင်လာအောင် ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ကစားသမားရွေးချယ်မှုတွေမှာလည်း လူမျိုး ဘာသာ၊ နေရာဒေသ ခွဲခြားမှု ဘက်လိုက်မှုတွေကို အခြေမခံဘဲ ရွေးချယ်ပြဖို့ လိုအပ်ပါတယ်။ လက်ရွေးစင်အသင်းမှာ ဘာလူမျိုး၊ ဘယ်ဘာသာ မပါသင့်ဘူးဆိုတဲ့ စဉ်းစားချက်မျိုး မထားဘဲ နိုင်ငံသားအခြေခံတန်ဖိုးနဲ့ ရွေးချယ်မှသာ နိုင်ငံသားအားလုံးရဲ့ကိုယ်စားပြုမှုကို ရရှိစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုလိုက်တဲ့အခါ တပ်မတော်နဲ့ အာဏာရဒီမိုကရေစီအင်အားစုတွေကြားက ရင်ကြားစေ့ရေးနဲ့ အခမ်းအနားပွဲတွေထဲက ငြိမ်းချမ်းရေးမှတင်ရပ်တန့်နေဖို့ မသင့်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိစေမယ့် တခြားသောနည်းလမ်းတွေနဲ့ ဆန်းသစ်တီထွင်မှုရှိနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေမှာ အားကစားနည်းတွေက နိုင်ငံတည်ဆောက်ရေး အမျိုးသားတည်ဆောက်ရေးအတွက် အခန်းကဏ္ဍတစ်ခုအနေနဲ့ ဖန်တီးဖေါ်ဆောင်ဖို့က သိမ်မွေ့တဲ့ နည်းလမ်းကောင်းတစ်ခုဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေ သတိပြုမိစေလိုပါတယ်။

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...